ပါရီနိုက်ကလပ်တွေမှာ ပီအက်စ်ဂျီကစားသမားတွေကိုတွေ့ရင် အကြောင်းကြားပါလ့ို အားကစားဒါရိုက်တာ လက်တို့ထား

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်သစ် လူးဝစ္စကမ်ပို့စ်ဟာ သူ့ရဲ့ကစားသမားတွေကို ပြင်သစ်မြို့တော်အတွင်း ညဘက်အပြင်ထွက်ခွင့် ပိတ်ပင်တားမြစ်ထားပါတယ်။ မိုနာကိုနဲ့လိုင်လီမှာ

အားကစားဒါရိုက်တာရာထူးထမ်းဆောင်ခဲ့တဲ့ ကမ်ပို့စ်ဟာ ဒီနွေမှာ ပီအက်စ်ဂျီကိုရောက်လာခဲ့တာပါ။ သူ့ရဲ့အဓိကတာဝန်က လူသစ်စုဆောင်းရေးဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖလားရယူနိုင်ရေးအတွက်

စည်းကမ်းထိန်းသိမ်းရေးကဏ္ဍမှာလည်း ထဲထဲဝင်ဝင်လှုပ်ရှားနေပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ရဲ့အဆိုအရ ကမ်ပို့စ်ဟာ ပါရီမြို့တွင်းမှာရှိတဲ့ နိုက်ကလပ်အတော်များများကို

သူကိုယ်တိုင် သွားရောက်လေ့လာခဲ့သလို ပီအက်စ်ဂျီကစားသမားတွေကိုတွေ့ရင် အကြောင်းကြားပါလို့လည်း မှာထားကြောင်း သိရပါတယ်။ နည်းပြသစ် ဂယ်လ်တီယာကလည်း

ကွင်းပြင်ပပြဿနာတွေမပေါ်ဖို့ တင်းကျပ်လိုက်တဲ့ ဒီစည်းကမ်းကို ထောက်ခံထားပါတယ်။ လက်ရှိအချိန်ထိတော့ ဒီစည်းကမ်းနဲ့ပတ်သက်ပြီး ဘယ်ကစားသမားကမှ

စောဒကတက်တာမျိုး မရှိသေးပါဘူး။ ကမ်ပို့စ်ကလည်း သူ့ရဲ့အဓိပ္ပါယ်သိပ်မရှိတဲ့ တားမြစ်ချက်နဲ့ပတ်သက်ပြီး “ သဘောမတူတဲ့သူရှိရင် လွတ်လွတ်လပ်လပ် ထွက်သွားခွင့်ရှိတယ် ” လို့

စိန်ခေါ်ထားကြောင်း သိရပါတယ်။ ညဘက်အပြင်ထွက်လည်ခွင့် ပိတ်ပင်တာဟာ အသင်းအုပ်ချုပ်သူအသစ်တွေရဲ့ ပြင်းထန်တဲ့ တစ်ခုတည်းသောစည်းမျဉ်းတော့ မဟုတ်သေးပါဘူး။

ဂယ်လ်တီယာကိုယ်တိုင် နံနက်စာနဲ့နေ့လည်စာ စားချိန်မှာ ဖုန်းသုံးခွင့်ပိတ်ပင်တာ၊ ကစားသမားအားလုံး တစ်စုတဝေးတည်း စားသောက်ရမှာ၊ လေ့ကျင့်ကွင်းနောက်ကျရင် ဝင်ခွင့်မပေးတာ စတဲ့ သံမဏိစည်းမျဉ်းတွေ ချမှတ်ထားပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီအသင္း အားကစားဒါ႐ိုက္သစ္ လူးဝစၥကမ္ပို႔စ္ဟာ သူ႔ရဲ႕ကစားသမားေတြကို ျပင္သစ္ၿမိဳ႕ေတာ္အတြင္း ညဘက္အျပင္ထြက္ခြင့္ ပိတ္ပင္တားျမစ္ထားပါတယ္။ မိုနာကိုနဲ႔လိုင္လီမွာ

အားကစားဒါ႐ိုက္တာရာထူးထမ္းေဆာင္ခဲ့တဲ့ ကမ္ပို႔စ္ဟာ ဒီေႏြမွာ ပီအက္စ္ဂ်ီကိုေရာက္လာခဲ့တာပါ။ သူ႔ရဲ႕အဓိကတာဝန္က လူသစ္စုေဆာင္းေရးျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ေရးအတြက္

စည္းကမ္းထိန္းသိမ္းေရးက႑မွာလည္း ထဲထဲဝင္ဝင္လႈပ္ရွားေနပါတယ္။ ျပင္သစ္သတင္းစာ L’Equipe ရဲ႕အဆိုအရ ကမ္ပို႔စ္ဟာ ပါရီၿမိဳ႕တြင္းမွာရွိတဲ့ ႏိုက္ကလပ္အေတာ္မ်ားမ်ားကို သူကိုယ္တိုင္ သြားေရာက္ေလ့လာခဲ့သလို

ပီအက္စ္ဂ်ီကစားသမားေတြကိုေတြ႕ရင္ အေၾကာင္းၾကားပါလို႔လည္း မွာထားေၾကာင္း သိရပါတယ္။ နည္းျပသစ္ ဂယ္လ္တီယာကလည္း ကြင္းျပင္ပျပႆနာေတြမေပၚဖို႔ တင္းက်ပ္လိုက္တဲ့ ဒီစည္းကမ္းကို ေထာက္ခံထားပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ဒီစည္းကမ္းနဲ႔ပတ္သက္ၿပီး ဘယ္ကစားသမားကမွ ေစာဒကတက္တာမ်ိဳး မရွိေသးပါဘူး။ ကမ္ပို႔စ္ကလည္း သူ႔ရဲ႕အဓိပၸါယ္သိပ္မရွိတဲ့ တားျမစ္ခ်က္နဲ႔ပတ္သက္ၿပီး

“ သေဘာမတူတဲ့သူရွိရင္ လြတ္လြတ္လပ္လပ္ ထြက္သြားခြင့္ရွိတယ္ ” လို႔ စိန္ေခၚထားေၾကာင္း သိရပါတယ္။ ညဘက္အျပင္ထြက္လည္ခြင့္ ပိတ္ပင္တာဟာ အသင္းအုပ္ခ်ဳပ္သူအသစ္ေတြရဲ႕ ျပင္းထန္တဲ့ တစ္ခုတည္းေသာစည္းမ်ဥ္းေတာ့

မဟုတ္ေသးပါဘူး။ ဂယ္လ္တီယာကိုယ္တိုင္ နံနက္စာနဲ႔ေန႔လည္စာ စားခ်ိန္မွာ ဖုန္းသုံးခြင့္ပိတ္ပင္တာ၊ ကစားသမားအားလုံး တစ္စုတေဝးတည္း စားေသာက္ရမွာ၊ ေလ့က်င့္ကြင္းေနာက္က်ရင္ ဝင္ခြင့္မေပးတာ စတဲ့ သံမဏိစည္းမ်ဥ္းေတြ ခ်မွတ္ထားပါတယ္။