ပရီးမီးယားလိဂ် သြဂုတ်လဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့သလို ဂန္ထဝင်အဂွဲရိုးရဲ့သွင်းဂိုးမှတ်တမ်းကိုပါ ဟာလန်း ချိုးဖျက်

မန်စီးတီးဟာ တန်းတက်နော်တင်ဟမ်ကို ၆ ဂိုးပြတ်သွင်းပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာ လေလွင့်ခဲ့တဲ့ရမှတ်တွေကို ပြန်ယူနိုင်ခဲ့ပါတယ်။ အီတီဟတ်မှာ မိုးပြာရောင်တွေရဲ့ကစားအားကို နော်တင်ဟမ် ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ

ပထမပိုင်းမှာကတည်းက ၃ ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာပါ။ တနည်းအားဖြင့် တိုက်စစ်မှူးဟာလန်းရဲ့ဟက်ထရစ်ကြောင့် ဂွါဒီယိုလာရဲ့အသင်း ဖိအားကင်းကင်းနဲ့ ခြေစွမ်းပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေကြယ်ပွင့်ဟာ

ပွဲချိန် ၃၈ မိနစ်အတွင်းမှာတင် ၃ ဂိုး သွင်းနိုင်ခဲ့ပြီး သူဟာ ရပ်တန့်လို့မရနိုင်သူဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ခန္ဓာကိုယ်နဲ့မလိုက်အောင် လျင်မြန်လွန်းပြီး ခေါင်းတိုက်စွမ်းရည်နဲ့ ကြုံသလိုဂိုးသွင်းနိုင်စွမ်းရှိသူဆိုတာလည်း

တွေ့ခဲ့ရပါတယ်။ ဒါဟာ ဟာလန်းရဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ဟက်ထရစ်ဖြစ်ခဲ့သလို မန်စီးတီးအတွက် ၅ ပွဲမှာ ၉ ဂိုး သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သြဂုတ်လအတွင်း

ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ နော်ဝေသားအတွက် နောက်ထပ်ဂုဏ်ယူစရာတစ်ခုတော့ မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးအဂွဲရိုးရဲ့ ရာသီသစ်မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့တာပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ ၄ ပွဲလုံး

အာဂျင်တီးနားသားလိုပဲ သွင်းဂိုးရော ဂိုးမသွင်းနိုင်တဲ့ပွဲရော တူနေခဲ့တာဖြစ်ပြီး ပွဲစဉ် ၅ မှာတော့ ၂ ဂိုးသာသွင်းနိုင်ခဲ့တဲ့ အဂွဲရိုးထက်သာသွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးပရိသတ်တွေကလည်း သူတို့ရဲ့ ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးကို

ချီးကျူးဂုဏ်ပြုနေကြပြီး “ ဘွန်ဒက်စ်လီဂါမှာပဲ ဒါမျိုး သူလုပ်နိုင်တယ်လို့ ဘယ်သူပြောတာလဲ ” ၊ “ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ပါ ” စတဲ့မှတ်ချက်တွေ ပလူပျံနေပါတော့တယ်။

(zawgyi)

မန္စီးတီးဟာ တန္းတက္ေနာ္တင္ဟမ္ကို ၆ ဂိုးျပတ္သြင္းၿပီး စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ေလလြင့္ခဲ့တဲ့ရမွတ္ေတြကို ျပန္ယူႏိုင္ခဲ့ပါတယ္။ အီတီဟတ္မွာ မိုးျပာေရာင္ေတြရဲ႕ကစားအားကို ေနာ္တင္ဟမ္ ဘယ္လိုမွမယွဥ္ႏိုင္ခဲ့ဘဲ

ပထမပိုင္းမွာကတည္းက ၃ ဂိုးျပတ္ရႈံးနိမ့္ေနခဲ့တာပါ။ တနည္းအားျဖင့္ တိုက္စစ္မႉးဟာလန္းရဲ႕ဟက္ထရစ္ေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္း ဖိအားကင္းကင္းနဲ႔ ေျခစြမ္းျပသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝၾကယ္ပြင့္ဟာ ပြဲခ်ိန္ ၃၈ မိနစ္အတြင္းမွာတင္ ၃ ဂိုး သြင္းႏိုင္ခဲ့ၿပီး သူဟာ ရပ္တန႔္လို႔မရႏိုင္သူဆိုတာ သက္ေသျပခဲ့ပါတယ္။ ဒါ့အျပင္ ႀကီးမားတဲ့ခႏၶာကိုယ္နဲ႔မလိုက္ေအာင္ လ်င္ျမန္လြန္းၿပီး

ေခါင္းတိုက္စြမ္းရည္နဲ႔ ႀကဳံသလိုဂိုးသြင္းႏိုင္စြမ္းရွိသူဆိုတာလည္း ေတြ႕ခဲ့ရပါတယ္။ ဒါဟာ ဟာလန္းရဲ႕ ပရီးမီးယားလိဂ္ ၂ ပြဲဆက္ ဟက္ထရစ္ျဖစ္ခဲ့သလို မန္စီးတီးအတြက္ ၅ ပြဲမွာ ၉ ဂိုး သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ၾသဂုတ္လအတြင္း ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ေနာ္ေဝသားအတြက္ ေနာက္ထပ္ဂုဏ္ယူစရာတစ္ခုေတာ့ မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးအဂြဲ႐ိုးရဲ႕ ရာသီသစ္မွတ္တမ္းကို

ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။ ဟာလန္းဟာ ၿပီးခဲ့တဲ့ ၄ ပြဲလုံး အာဂ်င္တီးနားသားလိုပဲ သြင္းဂိုးေရာ ဂိုးမသြင္းႏိုင္တဲ့ပြဲေရာ တူေနခဲ့တာျဖစ္ၿပီး ပြဲစဥ္ ၅ မွာေတာ့ ၂ ဂိုးသာသြင္းႏိုင္ခဲ့တဲ့ အဂြဲ႐ိုးထက္သာသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးပရိသတ္ေတြကလည္း သူတို႔ရဲ႕ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးကို ခ်ီးက်ဴးဂုဏ္ျပဳေနၾကၿပီး “ ဘြန္ဒက္စ္လီဂါမွာပဲ ဒါမ်ိဳး သူလုပ္ႏိုင္တယ္လို႔ ဘယ္သူေျပာတာလဲ ” ၊ “ ကမာၻ႔အေကာင္းဆုံး နံပါတ္ ၉ ပါ ” စတဲ့မွတ္ခ်က္ေတြ ပလူပ်ံေနပါေတာ့တယ္။