ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းမှာ မက်ဆီအတွက် နေရာမရှိဘူး

ဒီစကားကိုပြောလိုက်သူက အင်္ဂလန်နောက်ခံလူဟောင်း ဒန်နီမေးလ်ပါ။ talkSPORT ဆွေးနွေးခန်းမှာ “ မက်ဆီဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဘောလုံးသမားပါပဲ။

ရော်နယ်ဒိုရဲ့ကိန်းဂဏန်းတွေက နည်းနည်းပိုကောင်းပြီး သူက ပိုကြီးတဲ့ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်အနေနဲ့ပြောရရင်

မက်ဆီက အကြီးကျယ်ဆုံးပါပဲ။ ဒါပေမဲ့ အခု ခင်ဗျားရဲ့အသင်းဆီ မက်ဆီကိုခေါ်မှာလား။ မဖြစ်နိုင်ပါဘူး။ ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းထဲက ဘယ်အသင်းမှ သူ့ကိုခေါ်မယ်လို့ ကျွန်တော်မထင်ပါဘူး။

လီဗာပူးလ်လား။ နိုးပါ။ မန်စီးတီးလည်း နိုးပါပဲ။ စပါးလည်း ခေါ်မှာမဟုတ်ပါဘူး။ သူတို့ခေါ်မယ်လို့ ကျွန်တော်မထင်ပါဘူး ” လို့ မန်စီးတီးနောက်ခံလူဟောင်းက ပြောခဲ့တာပါ။

ဆွေးနွေးဖက်ဖြစ်တဲ့ အဘွန်လဟော်ကတော့ ဒန်နီမေးလ်ရဲ့စကားကို လုံးဝသဘောမတူပါဘူး။ “ အဲဒီအသင်းတွေအားလုံးမှာ သူကစားနိုင်စွမ်းရှိပါတယ်။

သူ့မှာ အဲဒီလိုလုပ်ဖို့ အရည်အသွေးရှိပါတယ် ” လို့ ဗီလာတိုက်စစ်မှူးဟောင်းက တုံ့ပြန်ခဲ့တာပါ။ ဒန်နီမေးလ်ရဲ့စကားဟာ မက်ဆီပရိသတ်တွေအတွက်

အမျက်ဖြစ်စရာရှိနေပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားကြယ်ပွင့်ကလည်း လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကို မျက်စောင်းတောင်မထိုးသေးပါဘူး။

ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြပိုချက်တီနိုနေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ နည်းပြခရစ္စတိုဖာဂဲလ်တီယာရဲ့အစီအစဉ်မှာ သူဟာ အရေးအကြီးဆုံးကစားသမားတစ်ယောက် ဖြစ်နေလို့ပါပဲ။

(zawgyi)

ဒီစကားကိုေျပာလိုက္သူက အဂၤလန္ေနာက္ခံလူေဟာင္း ဒန္နီေမးလ္ပါ။ talkSPORT ေဆြးေႏြးခန္းမွာ “ မက္ဆီဟာ ကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးေဘာလုံးသမားပါပဲ။

ေရာ္နယ္ဒိုရဲ႕ကိန္းဂဏန္းေတြက နည္းနည္းပိုေကာင္းၿပီး သူက ပိုႀကီးတဲ့ကစားသမားတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ ေဘာလုံးသမားတစ္ေယာက္အေနနဲ႔ေျပာရရင္

မက္ဆီက အႀကီးက်ယ္ဆုံးပါပဲ။ ဒါေပမဲ့ အခု ခင္ဗ်ားရဲ႕အသင္းဆီ မက္ဆီကိုေခၚမွာလား။ မျဖစ္ႏိုင္ပါဘူး။ ပရီးမီးယားလိဂ္ထိပ္သီး ၆ သင္းထဲက ဘယ္အသင္းမွ သူ႔ကိုေခၚမယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။

လီဗာပူးလ္လား။ ႏိုးပါ။ မန္စီးတီးလည္း ႏိုးပါပဲ။ စပါးလည္း ေခၚမွာမဟုတ္ပါဘူး။ သူတို႔ေခၚမယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး ” လို႔ မန္စီးတီးေနာက္ခံလူေဟာင္းက ေျပာခဲ့တာပါ။

ေဆြးေႏြးဖက္ျဖစ္တဲ့ အဘြန္လေဟာ္ကေတာ့ ဒန္နီေမးလ္ရဲ႕စကားကို လုံးဝသေဘာမတူပါဘူး။ “ အဲဒီအသင္းေတြအားလုံးမွာ သူကစားႏိုင္စြမ္းရွိပါတယ္။ သူ႔မွာ အဲဒီလိုလုပ္ဖို႔ အရည္အေသြးရွိပါတယ္ ” လို႔

ဗီလာတိုက္စစ္မႉးေဟာင္းက တုံ႔ျပန္ခဲ့တာပါ။ ဒန္နီေမးလ္ရဲ႕စကားဟာ မက္ဆီပရိသတ္ေတြအတြက္ အမ်က္ျဖစ္စရာရွိေနပါတယ္။ ဒါေပမဲ့ အာဂ်င္တီးနားၾကယ္ပြင့္ကလည္း လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ကို မ်က္ေစာင္းေတာင္မထိုးေသးပါဘူး။

ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပပိုခ်က္တီႏိုေနရာမွာ အစားထိုးခန႔္အပ္ခံရတဲ့ နည္းျပခရစၥတိုဖာဂဲလ္တီယာရဲ႕အစီအစဥ္မွာ သူဟာ အေရးအႀကီးဆုံးကစားသမားတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။