ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို အာတီတာနဲ့ အော်ဒီဂွါတို့ သိမ်းကျုံးရယူ

နိုဝင်ဘာနဲ့ ဒီဇင်ဘာ (၂)လပေါင်းပြီး ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာ

အကောင်းဆုံးဆုတွေကို အာဆင်နယ်နည်းပြအာတီတာနဲ့ ကွင်းလယ်လူ
အော်ဒီဂွါတို့ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့
ပရီးမီးယားလိဂ်(၂)ပွဲမှာ ချယ်လ်ဆီး၊ ဝုလ်ဗ်တို့ကို အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား
ပြိုင်ပွဲအပြီး ပြန်စတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ဝက်စ်ဟမ်း၊ ဘရိုက်တန်တို့ကို
ဆက်တိုက် အနိုင်ယူခဲ့ပါတယ်။

ဒီဆုအတွက် အာတီတာ၊ အက်ဒီဟောင်း၊ ယာဂန်ကလော့ပ်၊ သောမတ်စ်ဖရန့်ခ်တို့
အပြိုင်ဖြစ်ခဲ့ပြီး အာတီတာက တခြားပြိုင်ဘက်နည်းပြတွေကို ကျော်ဖြတ်ပြီးတော့
ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ဒီရာသီအစပိုင်းကလည်း အာဆင်နယ်အသင်းကို (၅)ပွဲဆက်
အနိုင်ရအောင် စွမ်းဆောင်ခဲ့တာကြောင့် သြဂုတ်လရဲ့ ပရီးမီးယားလိဂ်

အကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့သလို အခု တစ်ရာသီအတွင်း ဒုတိယ
အကြိမ်မြောက် ပိုင်ဆိုင်ခဲ့ပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာ (၂)လပေါင်းအတွက် ပရီးမီးယားလိဂ်တစ်လတာ
အကောင်းဆုံးကစားသမားဆုကိုတော့ အာဆင်နယ်ကွင်းလယ်လူ အော်ဒီဂွါက
ဆွတ်ခူးခဲ့ပါတယ်။ အော်ဒီဂွါဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းကစားခဲ့တဲ့
ပရီးမီးယားလိဂ်ပွဲတွေမှာ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ရှိခဲ့ပြီး အဲဒီလတွေ
အတွင်း သူ့လောက် သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးစွမ်းဆောင်နိုင်တာ

တစ်ဦးမှ မရှိခဲ့ပါဘူး။

အော်ဒီဂွါဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ပထမဆုံး

အကြိမ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးဟာလန်း (သြဂုတ်လ)ပြီးရင်
ဒီဆုကို ရရှိခဲ့တဲ့ ဒုတိယမြောက် နော်ဝေကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

[Zawgyi]

ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာ (၂)လေပါင္းၿပီး ခ်ီးျမႇင့္တဲ့ ပရီးမီးယားလိဂ္တစ္လတာ
အေကာင္းဆုံးဆုေတြကို အာဆင္နယ္နည္းျပအာတီတာနဲ႔ ကြင္းလယ္လူ
ေအာ္ဒီဂြါတို႔ ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္ ကစားခဲ့တဲ့
ပရီးမီးယားလိဂ္(၂)ပြဲမွာ ခ်ယ္လ္ဆီး၊ ဝုလ္ဗ္တို႔ကို အႏိုင္ရခဲ့သလို ကမာၻ႔ဖလား
ၿပိဳင္ပြဲအၿပီး ျပန္စတဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္တို႔ကို
ဆက္တိုက္ အႏိုင္ယူခဲ့ပါတယ္။

ဒီဆုအတြက္ အာတီတာ၊ အက္ဒီေဟာင္း၊ ယာဂန္ကေလာ့ပ္၊ ေသာမတ္စ္ဖရန႔္ခ္တို႔
အၿပိဳင္ျဖစ္ခဲ့ၿပီး အာတီတာက တျခားၿပိဳင္ဘက္နည္းျပေတြကို ေက်ာ္ျဖတ္ၿပီးေတာ့

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ဒီရာသီအစပိုင္းကလည္း အာဆင္နယ္အသင္းကို (၅)ပြဲဆက္

အႏိုင္ရေအာင္ စြမ္းေဆာင္ခဲ့တာေၾကာင့္ ၾသဂုတ္လရဲ႕ ပရီးမီးယားလိဂ္
အေကာင္းဆုံးနည္းျပဆု ဆြတ္ခူးႏိုင္ခဲ့သလို အခု တစ္ရာသီအတြင္း ဒုတိယ
အႀကိမ္ေျမာက္ ပိုင္ဆိုင္ခဲ့ပါတယ္။

ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာ (၂)လေပါင္းအတြက္ ပရီးမီးယားလိဂ္တစ္လတာ
အေကာင္းဆုံးကစားသမားဆုကိုေတာ့ အာဆင္နယ္ကြင္းလယ္လူ ေအာ္ဒီဂြါက
ဆြတ္ခူးခဲ့ပါတယ္။ ေအာ္ဒီဂြါဟာ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလအတြင္းကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲေတြမွာ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ရွိခဲ့ၿပီး အဲဒီလေတြ

အတြင္း သူ႔ေလာက္ သြင္းဂိုးပါဝင္ပတ္သက္မႈ အမ်ားဆုံးစြမ္းေဆာင္ႏိုင္တာ
တစ္ဦးမွ မရွိခဲ့ပါဘူး။

ေအာ္ဒီဂြါဟာ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုကို ပထမဆုံး
အႀကိမ္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး မန္စီးတီးတိုက္စစ္မႉးဟာလန္း (ၾသဂုတ္လ)ၿပီးရင္
ဒီဆုကို ရရွိခဲ့တဲ့ ဒုတိယေျမာက္ ေနာ္ေဝကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။