ပရီးမီးယားလိဂ်(၁၉)ပွဲကစားအပြီး အာဆင်နယ်အသင်း အမှတ်ရရှိမှုဟာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ (၃)ရာသီထက် ပိုများနေ

ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်အသင်းဟာ

(၁၉)ပွဲကစားအပြီး အမှတ်ရရှိမှုက သူတို့အသင်း ပရီးမီးယားလိဂ်
ချန်ပီယံဖြစ်ခဲ့တဲ့ ရာသီတွေထက်က ပိုများနေပါတယ်။

တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်
အသင်းဟာ တိုက်စစ်မှူးအန်ကီတီယာရဲ့ နောက်ကျအနိုင်ဂိုးကြောင့်
(၃-၂)ဂိုးနဲ့အနိုင်ရပြီး ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်ကွင်းက ရှုံးကြွေးကို
ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ ရှုံးခဲ့တာက ယူနိုက်တက်
တစ်သင်းသာရှိသေးပြီး စက်တင်ဘာလတုန်းက (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာ
ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပွဲနောက်ပိုင်းကတည်းက အာဆင်နယ်တို့ လုံးဝ

ရှုံးပွဲမရှိတော့ဘဲ ပရီးမီးယားလိဂ်နောက်ဆုံး(၁၃)ပွဲမှာ (၂)ပွဲသာ သရေကျခဲ့သလို
(၁၁)ပွဲအထိ အနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်(၁၉)ပွဲကစားအပြီး အာဆင်နယ်အသင်းဟာ (၁၆)ပွဲနိုင်၊
(၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၅၀)အထိ ပိုင်ဆိုင်ခဲ့တာကြောင့် ဒါက
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၇-၉၈၊ ၂၀၀၁-၀၂ နဲ့ ရှုံးပွဲမရှိစံချိန်နဲ့
ရွှေဖလားပိုင်ဆိုင်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီတွေကထက်တောင် အမှတ်ရရှိမှု
ပိုများနေပါတယ်။

ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါလက်ထက် ပထမဆုံးပရီးမီးယားလိဂ်
ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ၁၉၉၇-၉၈ ရာသီမှာ အာဆင်နယ်အသင်း (၁၉)ပွဲ

ကစားအပြီး (၃၃)မှတ်သာရရှိခဲ့သလို ၂၀၀၁-၀၂ ရာသီမှာ (၃၆)မှတ်၊
၂၀၀၃-၀၄ ရာသီမှာ (၄၅)မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ(၃)ရာသီစလုံးမှာ အာဆင်နယ်တို့ ချန်ပီယံဖြစ်ခဲ့တာကြောင့်
အဲဒီရာသီတွေထက် စွမ်းဆောင်ရည် ပိုကောင်းနေတဲ့ ၂၀၂၂-၂၃ ရာသီမှာတော့
အာဆင်နယ်အသင်း ဆယ်စုနှစ်(၂)ခုနီးပါး ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်
ချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်ဖို့ မျှော်လင့်ချက် ပိုအားကောင်းလာပါပြီ။

[Zawgyi]

ဒီရာသီ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပေနတဲ့ အာဆင္နယ္အသင္းဟာ
(၁၉)ပြဲကစားအၿပီး အမွတ္ရရွိမႈက သူတို႔အသင္း ပရီးမီးယားလိဂ္
ခ်န္ပီယံျဖစ္ခဲ့တဲ့ ရာသီေတြထက္က ပိုမ်ားေနပါတယ္။

တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ အာဆင္နယ္
အသင္းဟာ တိုက္စစ္မႉးအန္ကီတီယာရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္

(၃-၂)ဂိုးနဲ႔အႏိုင္ရၿပီး ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းက ရႈံးေႂကြးကို
ျပန္ဆပ္ႏိုင္ခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ အာဆင္နယ္တို႔ ရႈံးခဲ့တာက ယူႏိုက္တက္
တစ္သင္းသာရွိေသးၿပီး စက္တင္ဘာလတုန္းက (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာ
ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီပြဲေနာက္ပိုင္းကတည္းက အာဆင္နယ္တို႔ လုံးဝ
ရႈံးပြဲမရွိေတာ့ဘဲ ပရီးမီးယားလိဂ္ေနာက္ဆုံး(၁၃)ပြဲမွာ (၂)ပြဲသာ သေရက်ခဲ့သလို
(၁၁)ပြဲအထိ အႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္(၁၉)ပြဲကစားအၿပီး အာဆင္နယ္အသင္းဟာ (၁၆)ပြဲႏိုင္၊
(၂)ပြဲသေရ၊ (၁)ပြဲရႈံး၊ ရမွတ္(၅၀)အထိ ပိုင္ဆိုင္ခဲ့တာေၾကာင့္ ဒါက

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၇-၉၈၊ ၂၀၀၁-၀၂ နဲ႔ ရႈံးပြဲမရွိစံခ်ိန္နဲ႔
ေ႐ႊဖလားပိုင္ဆိုင္ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီေတြကထက္ေတာင္ အမွတ္ရရွိမႈ
ပိုမ်ားေနပါတယ္။

ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါလက္ထက္ ပထမဆုံးပရီးမီးယားလိဂ္
ခ်န္ပီယံဆု ဆြတ္ခူးခဲ့တဲ့ ၁၉၉၇-၉၈ ရာသီမွာ အာဆင္နယ္အသင္း (၁၉)ပြဲ
ကစားအၿပီး (၃၃)မွတ္သာရရွိခဲ့သလို ၂၀၀၁-၀၂ ရာသီမွာ (၃၆)မွတ္၊
၂၀၀၃-၀၄ ရာသီမွာ (၄၅)မွတ္ရရွိခဲ့တာျဖစ္ပါတယ္။

အဲဒီ(၃)ရာသီစလုံးမွာ အာဆင္နယ္တို႔ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္
အဲဒီရာသီေတြထက္ စြမ္းေဆာင္ရည္ ပိုေကာင္းေနတဲ့ ၂၀၂၂-၂၃ ရာသီမွာေတာ့

အာဆင္နယ္အသင္း ဆယ္စုႏွစ္(၂)ခုနီးပါး ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္
ခ်န္ပီယံဆုကို ျပန္လည္ပိုင္ဆိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာပါၿပီ။