ပရီးမီးယားလိဂ်အဝေးကွင်းမှာ စပါးအသင်းကို အနိုင်ယူပြီး မန်စီးတီးကို (၈)မှတ်ဖြတ်ခဲ့တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူဖို့ ရေပန်းအစားဆုံး

ဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ စပါးအသင်းကို (၂-ဝ)ဂိုးနဲ့
ထိုက်ထိုက်တန်တန်အနိုင်ယူပြီးတော့ အဆင့်(၂)နေရာက မန်စီးတီးကို
(၈)မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စပါးအသင်းကို ပရီးမီးယားလိဂ်အဝေးကွင်းမှာ
နောက်ဆုံးအနိုင်ရခဲ့တာက ၂၀၁၄ ခုနှစ်ကဖြစ်ပြီး အဲဒီအချိန်တုန်းက
လက်ရှိနည်းပြဖြစ်သူ အာတီတာဟာ အာဆင်နယ်ကစားသမားအဖြစ်
ပါဝင်ကစားခဲ့သလို အခု နည်းပြဘဝမှာလည်း (၈)နှစ်ကျော်အကြာမှာ

ပထမဆုံးနိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အိမ်ရှင်စပါးအသင်းဟာ အခုပွဲမှာ ဂိုးပေါက်ကန်သွင်းချက် (၁၇)ကြိမ်၊

ဂိုးပေါက်တည့်မှု (၇)ကြိမ်အထိရှိခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်
လက်စွမ်းပြနိုင်ခဲ့တဲ့အပြင် စပါးကစားသမားတွေ အခွင့်အရေးတွေကို
အသုံးမချနိုင်တာကြောင့် အခုလို ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို (၁၄)မိနစ်မှာ ဆာကာရဲ့ ကန်ချက်ကို
လိုရစ် ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးဝင်သွားခဲ့တာဖြစ်ပြီး ဒါက OG အဖြစ်
သတ်မှတ်ခဲ့တာကြောင့် လိုရစ်ဟာ ပရီးမီးယားလိဂ်ကစားသမားဘဝ
တစ်လျှောက် ပွဲပေါင်း(၃၅၄)ပွဲကစားအပြီးမှာ ပထမဆုံးအကြိမ် OG ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို အော်ဒီဂွါက ပယ်နယ်တီဧရိယာ
ထိပ်ကနေ ပြင်းထန်တိကျတဲ့ ကန်ချက်နဲ့သွင်းယူခဲ့ပြီး အော်ဒီဂွါဟာ ဒီရာသီ

ပြိုင်ပွဲစုံမှာ (၂၃)ပွဲကစား၊ (၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်နိုင်တာကြောင့်
ပြီးခဲ့တဲ့ရာသီက ပွဲပေါင်း(၄၀)မှာ (၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ခဲ့တာထက်
ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။

မနေ့က မန်စီးတီး ရှုံးပွဲတွေ့ခဲ့တာကို အာဆင်နယ်တို့ အကောင်းဆုံးအခွင့်အရေး
ယူနိုင်ခဲ့ပြီး အခုဆိုရင် ၂၀၀၄ နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်
ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက် ပိုအားကောင်းလာပါပြီ။

[Zawgyi]

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ရယူဖို႔ ေရပန္းအစားဆုံး
ျဖစ္ေနတဲ့ အာဆင္နယ္အသင္းဟာ စပါးအသင္းကို (၂-ဝ)ဂိုးနဲ႔
ထိုက္ထိုက္တန္တန္အႏိုင္ယူၿပီးေတာ့ အဆင့္(၂)ေနရာက မန္စီးတီးကို

(၈)မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ စပါးအသင္းကို ပရီးမီးယားလိဂ္အေဝးကြင္းမွာ

ေနာက္ဆုံးအႏိုင္ရခဲ့တာက ၂၀၁၄ ခုႏွစ္ကျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက
လက္ရွိနည္းျပျဖစ္သူ အာတီတာဟာ အာဆင္နယ္ကစားသမားအျဖစ္
ပါဝင္ကစားခဲ့သလို အခု နည္းျပဘဝမွာလည္း (၈)ႏွစ္ေက်ာ္အၾကာမွာ
ပထမဆုံးႏိုင္ပြဲရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အိမ္ရွင္စပါးအသင္းဟာ အခုပြဲမွာ ဂိုးေပါက္ကန္သြင္းခ်က္ (၁၇)ႀကိမ္၊
ဂိုးေပါက္တည့္မႈ (၇)ႀကိမ္အထိရွိခဲ့ေပမယ့္ အာဆင္နယ္ဂိုးသမား ရမ္စ္ေဒးလ္
လက္စြမ္းျပႏိုင္ခဲ့တဲ့အျပင္ စပါးကစားသမားေတြ အခြင့္အေရးေတြကို

အသုံးမခ်ႏိုင္တာေၾကာင့္ အခုလို ရႈံးပြဲႀကဳံေတြ႕ခဲ့တာပါ။

အာဆင္နယ္အသင္းအတြက္ အဖြင့္ဂိုးကို (၁၄)မိနစ္မွာ ဆာကာရဲ႕ ကန္ခ်က္ကို

လိုရစ္ ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးဝင္သြားခဲ့တာျဖစ္ၿပီး ဒါက OG အျဖစ္
သတ္မွတ္ခဲ့တာေၾကာင့္ လိုရစ္ဟာ ပရီးမီးယားလိဂ္ကစားသမားဘဝ
တစ္ေလွ်ာက္ ပြဲေပါင္း(၃၅၄)ပြဲကစားအၿပီးမွာ ပထမဆုံးအႀကိမ္ OG ျဖစ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းအတြက္ ဒုတိယဂိုးကို ေအာ္ဒီဂြါက ပယ္နယ္တီဧရိယာ
ထိပ္ကေန ျပင္းထန္တိက်တဲ့ ကန္ခ်က္နဲ႔သြင္းယူခဲ့ၿပီး ေအာ္ဒီဂြါဟာ ဒီရာသီ
ၿပိဳင္ပြဲစုံမွာ (၂၃)ပြဲကစား၊ (၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ႏိုင္တာေၾကာင့္
ၿပီးခဲ့တဲ့ရာသီက ပြဲေပါင္း(၄၀)မွာ (၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၅)ႀကိမ္ျပဳလုပ္ခဲ့တာထက္

ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ပါတယ္။

မေန႔က မန္စီးတီး ရႈံးပြဲေတြ႕ခဲ့တာကို အာဆင္နယ္တို႔ အေကာင္းဆုံးအခြင့္အေရး

ယူႏိုင္ခဲ့ၿပီး အခုဆိုရင္ ၂၀၀၄ ေနာက္ပိုင္းကတည္းက ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္
ခ်န္ပီယံဆု ကိုင္ေျမႇာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာပါၿပီ။