ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ရှိသင့်နေတာက အာဆင်နယ် မဟုတ်ဘူး .. မန်ယူပါဟ

မဟာပြိုင်ဘက် အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ချနင်းပြီး ပရီးမီးယား လိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ရောက်လာခဲ့ပေမယ့် မန်ယူ နည်းပြ အဲရစ်တန်ဟက်တစ်ယောက် မကျေနပ်နိုင်သေးပါဘူး။ နောက်ပြီး သူ့ အသင်းအပေါ်မှာလည်း

ဒီနယ်သာလန်သားက ယုံကြည်မှု အပြည့်ရှိနေပုံ ပေါ်ပါတယ်။ ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆိုစီဒက်ကို တစ် လုံးတည်းသော ပင်နယ်တီဂိုးနဲ့ ရှုံးခဲ့ရပေမယ့် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် အနိုင်ယူပြခဲ့တဲ့ တန်ဟက်ရဲ့ ယူနိုက်တက်ဟာ

လီဗာပူး၊ အာဆင်နယ်တို့လို အသင်းကြီးတွေကို ဒူးထောက်နိုင်စေခဲ့တဲ့ အသင်းပါ။ ဒါကြောင့် တန်ဟက် ကြီးတစ်ယောက် ယုံကြည်မှု လွန်ကဲနေပုံကို ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Sun သတင်းစာက အခုလို ဖွင့်ချလိုက်ပါတယ်။

‘’နည်းပြက ရက်ရှ်ဖို့ဒ်ကို နံပါတ်တစ်ဦးစားပေး ပွဲထွက်ကစားသမားအဖြစ် အသုံးပြု လိုနေပြီး တိုက်စစ်ကို ဦးဆောင်စေလိုနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အ ကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာကိုလည်း သူ က ယုံကြည်နေပုံပဲ။

နောက်ပြီး ပွဲအတွင်းမှာလည်း ဒီအင်္ဂလန်သားလေးကို သက်သေပြစေချင်နေတယ်။ အခွင့်အရေးရတဲ့အခါတိုင်း သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အဟုန်ကို ပြဖို့အတွက် အမြဲတမ်း ပြောတာပဲ။ ဒီရာသီမှာ သွင်းဂိုး ၂၀ လောက် ကတော့ အသာလေးရလိမ့်မယ်လို့ သူက

ရက်ရှ်ဖို့ဒ်ကို ပြောခဲ့တာပါ။ သူတို့ မှာ အရမ်းကောင်းတဲ့ဆက်ဆံရေးမျိုးရှိပြီး ရက်ရှ်ဖို့ဒ်ကလည်း တကယ်ကို ပျော်နေတာပါ’’ လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာဆင်နယ် ကို နိုင်ပြီးတဲ့နောက်မှာ တကယ့်ယူနိုက်တက်အစစ်ကို

တွေ့ခဲ့ရပြီလို့လည်း တန်ဟက်က ပြောဆိုခဲ့ပါသေးတယ်။ ‘’ဒါမှ တကယ့် ယူနိုက်တက်အစစ်ကွ။ ငါတို့က ထိပ်ဆုံးမှာ ရှိနေရမှာ။ အာဆင်နယ်မဟုတ်ဘူး။ ချန်ပီယံဆုကို စိန် ခေါ်နိုင်တာက မန်စီးတီး တစ်သင်းတည်းပါ။ သူတို့ ခြေချော်ပြီဆိုတာနဲ့ ငါတို့ အမြတ်ထုတ်နိုင်ပြီပေါ့’’ လို့ တန်ဟက်က

ပြောဆိုခဲ့တဲ့အကြောင်း The Sun က ဖွင့်ချခဲ့ပါတယ်။ နောက်ပြီး စီရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်ခိုင်းထားသမျှ ကာ လပတ်လုံး ကစားသမားတိုင်းဟာ ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်မှာ ဖြစ်တယ်လို့ ယူဆနေပုံရကြတယ်လို့လည်း ရင်းနှီးတဲ့ သတင်းရင်းမြစ်က The Sun ကို ပြောဆိုသွားခဲ့ပါသေးတယ်။

(zawgyi)

မဟာၿပိဳင္ဘက္ အာဆင္နယ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ခ်နင္းၿပီး ပရီးမီးယား လိဂ္အမွတ္ေပးဇယား အဆင့္ ၅ ေနရာအထိ ေရာက္လာခဲ့ေပမယ့္ မန္ယူ နည္းျပ အဲရစ္တန္ဟက္တစ္ေယာက္ မေက်နပ္ႏိုင္ေသးပါဘူး။ ေနာက္ၿပီး သူ႔ အသင္းအေပၚမွာလည္း ဒီနယ္သာလန္သားက

ယုံၾကည္မႈ အျပည့္ရွိေနပုံ ေပၚပါတယ္။ ၾကားရက္က ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ဆိုစီဒက္ကို တစ္ လုံးတည္းေသာ ပင္နယ္တီဂိုးနဲ႔ ရႈံးခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ ၄ ပြဲဆက္တိုက္ အႏိုင္ယူျပခဲ့တဲ့ တန္ဟက္ရဲ႕ ယူႏိုက္တက္ဟာ လီဗာပူး၊ အာဆင္နယ္တို႔လို အသင္းႀကီးေတြကို

ဒူးေထာက္ႏိုင္ေစခဲ့တဲ့ အသင္းပါ။ ဒါေၾကာင့္ တန္ဟက္ ႀကီးတစ္ေယာက္ ယုံၾကည္မႈ လြန္ကဲေနပုံကို ရင္းႏွီးတဲ့ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး The Sun သတင္းစာက အခုလို ဖြင့္ခ်လိုက္ပါတယ္။ ‘’နည္းျပက ရက္ရွ္ဖို႔ဒ္ကို နံပါတ္တစ္ဦးစားေပး ပြဲထြက္ကစားသမားအျဖစ္

အသုံးျပဳ လိုေနၿပီး တိုက္စစ္ကို ဦးေဆာင္ေစလိုေနပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႔အ ေကာင္းဆုံး တိုက္စစ္မႉးတစ္ေယာက္ ျဖစ္လာေတာ့မယ္ဆိုတာကိုလည္း သူ က ယုံၾကည္ေနပုံပဲ။ ေနာက္ၿပီး ပြဲအတြင္းမွာလည္း ဒီအဂၤလန္သားေလးကို သက္ေသျပေစခ်င္ေနတယ္။

အခြင့္အေရးရတဲ့အခါတိုင္း သူ႔ရဲ႕ ကြၽမ္းက်င္မႈနဲ႔ အဟုန္ကို ျပဖို႔အတြက္ အၿမဲတမ္း ေျပာတာပဲ။ ဒီရာသီမွာ သြင္းဂိုး ၂၀ ေလာက္ ကေတာ့ အသာေလးရလိမ့္မယ္လို႔ သူက ရက္ရွ္ဖို႔ဒ္ကို ေျပာခဲ့တာပါ။ သူတို႔ မွာ အရမ္းေကာင္းတဲ့ဆက္ဆံေရးမ်ိဳးရွိၿပီး

ရက္ရွ္ဖို႔ဒ္ကလည္း တကယ္ကို ေပ်ာ္ေနတာပါ’’ လို႔ The Sun ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ အာဆင္နယ္ ကို ႏိုင္ၿပီးတဲ့ေနာက္မွာ တကယ့္ယူႏိုက္တက္အစစ္ကို ေတြ႕ခဲ့ရၿပီလို႔လည္း တန္ဟက္က ေျပာဆိုခဲ့ပါေသးတယ္။ ‘’ဒါမွ တကယ့္ ယူႏိုက္တက္အစစ္ကြ။

ငါတို႔က ထိပ္ဆုံးမွာ ရွိေနရမွာ။ အာဆင္နယ္မဟုတ္ဘူး။ ခ်န္ပီယံဆုကို စိန္ ေခၚႏိုင္တာက မန္စီးတီး တစ္သင္းတည္းပါ။ သူတို႔ ေျခေခ်ာ္ၿပီဆိုတာနဲ႔ ငါတို႔ အျမတ္ထုတ္ႏိုင္ၿပီေပါ့’’ လို႔ တန္ဟက္က ေျပာဆိုခဲ့တဲ့အေၾကာင္း The Sun က ဖြင့္ခ်ခဲ့ပါတယ္။

ေနာက္ၿပီး စီေရာ္နယ္ဒိုကို အရန္ခုံမွာ ထိုင္ခိုင္းထားသမွ် ကာ လပတ္လုံး ကစားသမားတိုင္းဟာ ယုံၾကည္မႈအျပည့္နဲ႔ ကစားႏိုင္မွာ ျဖစ္တယ္လို႔ ယူဆေနပုံရၾကတယ္လို႔လည္း ရင္းႏွီးတဲ့ သတင္းရင္းျမစ္က The Sun ကို ေျပာဆိုသြားခဲ့ပါေသးတယ္။