
စနေနေ့ ပရီးမီးယားလိဂ်အစောပိုင်းပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲမှာ
မန်စီးတီးအသင်းဟာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဂိုးသမားအီဒါဆင်ကလည်း
ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းဝင်စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပထမပိုင်း(၁၅)မိနစ်မှာ ဖိုဒန်ရဲ့ တစ်ကိုယ်တော်
စွမ်းရည်နဲ့သွင်းခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယဂိုးကိုတော့ (၆၇)
မိနစ်မှာ ဟာလန်း ပေးတာကနေ ဘာနာဒိုဆေးလ်ဗားက ကန်သွင်းခဲ့တာ
ဖြစ်ပါတယ်။
အီဒါဆင်ဟာ ပွဲချိန်အတွင်းမှာ နယူးကာဆယ်အသင်းရဲ့ ဂိုးသွင်းခွင့်တချို့ကို
လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အသင်းအတွက် Clean Sheet နိုင်ပွဲရယူ
ပေးခဲ့သလို ဒါက သူ့ရဲ့မန်စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ်
Clean Sheet ပွဲ(၁၀၀)ပြည့်လည်းဖြစ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ပေါင်(၃၅)သန်းနဲ့ မန်စီးတီးကို
ရောက်ရှိခဲ့သူ အီဒါဆင်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀၈)ပွဲကစားအပြီးမှာ
Clean Sheets ပွဲ(၁၀၀)ပြည့် မှတ်တမ်းပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီ
Clean Sheets အရေအတွက်ကို ပွဲအနည်းဆုံးနဲ့ ရယူနိုင်တဲ့ တတိယမြောက်
ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အီဒါဆင်မတိုင်ခင်က ပရီးမီးယားလိဂ်နာမည်ကျော်ဂိုးသမားဟောင်းတွေ
ဖြစ်တဲ့ ပီတာချက် (၁၈၀ပွဲ)၊ ရေနာ (၁၉၈ပွဲ)တို့ဟာ ပွဲအရေအတွက်အနည်းဆုံးနဲ့
Clean Sheets ပွဲ(၁၀၀)ပြည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါ့အပြင်
အီဒါဆင်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Clean Sheets ပွဲ(၁၀၀)
ပြည့်ရအောင် စွမ်းဆောင်ခဲ့တဲ့ ပထမဆုံးတောင်အမေရိကဂိုးသမားအဖြစ်
စံချိန်တင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဲဒီမှတ်တမ်းပိုင်ဆိုင်နိုင်တဲ့
(၁၇)ဦးမြောက် ဂိုးသမားလည်းဖြစ်ပါတယ်။
[Zawgyi]
စေနေန႔ ပရီးမီးယားလိဂ္အေစာပိုင္းပြဲအျဖစ္ နယူးကာဆယ္နဲ႔ပြဲမွာ
မန္စီးတီးအသင္းဟာ (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဂိုးသမားအီဒါဆင္ကလည္း
ဂုဏ္ယူစရာေကာင္းတဲ့ သမိုင္းဝင္စံခ်ိန္မွတ္တမ္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။
မန္စီးတီးအသင္းဟာ ပထမပိုင္း(၁၅)မိနစ္မွာ ဖိုဒန္ရဲ႕ တစ္ကိုယ္ေတာ္
စြမ္းရည္နဲ႔သြင္းခဲ့တဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ (၆၇)
မိနစ္မွာ ဟာလန္း ေပးတာကေန ဘာနာဒိုေဆးလ္ဗားက ကန္သြင္းခဲ့တာ
ျဖစ္ပါတယ္။
အီဒါဆင္ဟာ ပြဲခ်ိန္အတြင္းမွာ နယူးကာဆယ္အသင္းရဲ႕ ဂိုးသြင္းခြင့္တခ်ိဳ႕ကို
လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ၿပီး အသင္းအတြက္ Clean Sheet ႏိုင္ပြဲရယူ
ေပးခဲ့သလို ဒါက သူ႔ရဲ႕မန္စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ္
Clean Sheet ပြဲ(၁၀၀)ျပည့္လည္းျဖစ္ခဲ့ပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက ဘင္ဖီကာအသင္းကေန ေပါင္(၃၅)သန္းနဲ႔ မန္စီးတီးကို
ေရာက္ရွိခဲ့သူ အီဒါဆင္ဟာ ပရီးမီးယားလိဂ္ပြဲေပါင္း (၂၀၈)ပြဲကစားအၿပီးမွာ
Clean Sheets ပြဲ(၁၀၀)ျပည့္ မွတ္တမ္းပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အဲဒီ
Clean Sheets အေရအတြက္ကို ပြဲအနည္းဆုံးနဲ႔ ရယူႏိုင္တဲ့ တတိယေျမာက္
ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
အီဒါဆင္မတိုင္ခင္က ပရီးမီးယားလိဂ္နာမည္ေက်ာ္ဂိုးသမားေဟာင္းေတြ
ျဖစ္တဲ့ ပီတာခ်က္ (၁၈၀ပြဲ)၊ ေရနာ (၁၉၈ပြဲ)တို႔ဟာ ပြဲအေရအတြက္အနည္းဆုံးနဲ႔
Clean Sheets ပြဲ(၁၀၀)ျပည့္မွတ္တမ္း ပိုင္ဆိုင္ခဲ့ၾကပါတယ္။ ဒါ့အျပင္
အီဒါဆင္ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ Clean Sheets ပြဲ(၁၀၀)
ျပည့္ရေအာင္ စြမ္းေဆာင္ခဲ့တဲ့ ပထမဆုံးေတာင္အေမရိကဂိုးသမားအျဖစ္
စံခ်ိန္တင္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ အဲဒီမွတ္တမ္းပိုင္ဆိုင္ႏိုင္တဲ့
(၁၇)ဦးေျမာက္ ဂိုးသမားလည္းျဖစ္ပါတယ္။