ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် အွန်နရီ ရွေးချယ်ခံရ

အင်္ဂလန်ပထမတန်းပြိုင်ပွဲကနေ ပရီးမီးယားလိဂ်အဖြစ် စတင်အမည်ပြောင်းလဲကျင်းပခဲ့တဲ့နောက် အကောင်းဆုံးကစားသမားအဖြစ် အွန်နရီရွေးချယ်ခံရတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက

ဖေါ်ပြပါတယ်။ ဘွတ်ကီကုမ္ပဏီ Betfair နဲ့ အချက်အလက်အဖွဲ့အစည်း YouGov တို့ပူးပေါင်းပြီး စစ်တမ်းကောက်ယူခဲ့တာပါ။ ပရိသတ် ၁၀၀၀ ကျော်ကို ဆန္ဒမဲကောက်ခံခဲ့ရာမှာတော့

အာဆင်နယ်ဂန္ထဝင် အွန်နရီက မဲအရေအတွက်ရဲ့ ၁၅ ရာခိုင်းနှုန်းရခဲ့ပြီး အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟောင်းနောက်မှာ မန်ယူတိုက်စစ်မှူးရော်နယ်ဒိုက

ဒုတိယအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်နဲ့နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး

အလန်ရှီးယားကတော့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။ အကောင်းဆုံးစာရင်းရဲ့ထိပ်ဆုံး ၅ ဦးထဲမှာ သရဲနီဂန္ထဝင်ကန်တိုနာနဲ့ လီဗာပူးလ်ဂန္ထဝင်ဂျရတ်တို့လည်း

ပါဝင်နိုင်ခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းမှာ ၁၉၉၉ ကနေ ၂၀၀၇ အထိ ကစားခဲ့သလို ၂၀၁၂ မှာလည်း တကျော့ပြန်ရောက်လာခဲ့ပါတယ်။ ဂန်းနားတွေအတွက် ပရီးမီးယားလိဂ် ၂၅၈ ပွဲမှာ ၁၇၅ ဂိုး သွင်းပေးနိုင်ခဲ့ပြီး

ပရီးမီးယားလိဂ်ဖလား ၂ လုံးနဲ့ အက်ဖ်အေဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ ၂၀၀၃-၀၄ ရာသီတုန်း ရှုံးပွဲမရှိစံချိန်နဲ့ဗိုလ်စွဲခဲ့တဲ့ အာဆင်နယ်ရဲ့မမေ့နိုင်တဲ့အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးဖြစ်ပါတယ်။

(zawgyi)

အဂၤလန္ပထမတန္းၿပိဳင္ပြဲကေန ပရီးမီးယားလိဂ္အျဖစ္ စတင္အမည္ေျပာင္းလဲက်င္းပခဲ့တဲ့ေနာက္ အေကာင္းဆုံးကစားသမားအျဖစ္ အြန္နရီေ႐ြးခ်ယ္ခံရတယ္လို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ ဘြတ္ကီကုမၸဏီ Betfair နဲ႔ အခ်က္အလက္အဖြဲ႕အစည္း YouGov တို႔ပူးေပါင္းၿပီး စစ္တမ္းေကာက္ယူခဲ့တာပါ။ ပရိသတ္ ၁၀၀၀ ေက်ာ္ကို ဆႏၵမဲေကာက္ခံခဲ့ရာမွာေတာ့ အာဆင္နယ္ဂႏၴဝင္ အြန္နရီက မဲအေရအတြက္ရဲ႕ ၁၅ ရာခိုင္းႏႈန္းရခဲ့ၿပီး အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ ျပင္သစ္တိုက္စစ္မႉးေဟာင္းေနာက္မွာ မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုက ဒုတိယအေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္တင္ထားတဲ့ အဂၤလန္နဲ႔နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉး အလန္ရွီးယားကေတာ့ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာပါ။ အေကာင္းဆုံးစာရင္းရဲ႕ထိပ္ဆုံး ၅ ဦးထဲမွာ သရဲနီဂႏၴဝင္ကန္တိုနာနဲ႔ လီဗာပူးလ္ဂႏၴဝင္ဂ်ရတ္တို႔လည္း ပါဝင္ႏိုင္ခဲ့ပါတယ္။ အြန္နရီဟာ အာဆင္နယ္အသင္းမွာ ၁၉၉၉ ကေန ၂၀၀၇ အထိ ကစားခဲ့သလို ၂၀၁၂ မွာလည္း တေက်ာ့ျပန္ေရာက္လာခဲ့ပါတယ္။ ဂန္းနားေတြအတြက္ ပရီးမီးယားလိဂ္ ၂၅၈ ပြဲမွာ ၁၇၅ ဂိုး သြင္းေပးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ၂ လုံးနဲ႔ အက္ဖ္ေအဖလား ၂ လုံး ဆြတ္ခူးႏိုင္ခဲ့သူပါ။ ၂၀၀၃-၀၄ ရာသီတုန္း ရႈံးပြဲမရွိစံခ်ိန္နဲ႔ဗိုလ္စြဲခဲ့တဲ့ အာဆင္နယ္ရဲ႕မေမ့ႏိုင္တဲ့ေအာင္ျမင္မႈမွာ အဓိကက်ခဲ့တဲ့ ဂႏၴဝင္တိုက္စစ္မႉးျဖစ္ပါတယ္။