ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မေတ္တာတော်အစူးရှဆုံးက ရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားဖြစ်နေ

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးုရော်နယ်ဒိုနဲ့ နောက်ခံလူမက်ဂွိုင်းယားတို့ဟာ ပြီးခဲ့တဲ့ရာသီ တွစ်တာမှာ ပရိသတ်အဆဲခံရဆုံးနှစ်ယောက်လို့

စစ်တမ်းသစ်တစ်ရပ်က ဖေါ်ပြလာပါတယ်။ ၂၀၂၁-၂၂ ရာသီ ပထမရာသီဝက်အချိန်တုန်းက တွစ်တာမှာတင်ခဲ့ကြတဲ့ တွစ်ပေါင်း ၂.၃ သန်းကို ဗြိတိန်အမျိုးသားသိပ္ပံအချက်အလက်ဆိုင်ရာအဖွဲ့၊

Ofcom နဲ့ the Alan Turing Institute အဖွဲ့တို့ပူးပေါင်းပြီး AI နည်းပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့ကြတာပါ။ ဒီတော့ ပထမ ၅ လအတွင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေကို

ရိုင်းပျစွာဆဲဆိုတဲ့ပို့စ်ပေါင်း ၆၀၀၀၀ နီးပါးတွေ့ခဲ့ကြရပါတယ်။ ဒီပို့စ်တွေဟာ ထိပ်တန်းကစားသမား ၁၀ ဦးမှာ ၇ ဦးကို ထိခိုက်စေခဲ့ပြီး တစ်ဝက်လောက်ကတော့

ကစားသမား ၁၂ ဦးကို တိုက်ရိုက်စော်ကားခဲ့ကြတာပါ။ အဲဒီ ၁၂ ဦးမှာ မန်ယူကစားသမား ၈ ဦးအထိ ပါဝင်ခဲ့ပါတယ်။ သြဂုတ်လ ၁၃ ရက်ကနေ ဇန်နဝါရီလ ၂၄ ရက်အထိ

မှတ်တမ်းအရ ရော်နယ်ဒိုဟာ အဆဲခံရဆုံးကစားသမားဖြစ်ခဲ့ပြီး တွစ်ပေါင်း ၁၂၅၂၀ ရှိခဲ့တာပါ။ သူ့နောက်မှာတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ၈၉၅၄ နဲ့

ရပ်တည်နေခဲ့ပါတယ်။ အဆဲအခံရဆုံးကစားသမား ၁၀ ယောက်စာရင်းဝင်ခဲ့တဲ့ နောက်ထပ်မန်ယူကစားသမားတွေက ရက်ရှ်ဖို့ဒ်(၂၅၅၇)၊ ဘရူနိုဖာနန်ဒက်စ်(၂၄၆၄)၊

ဖရက်ဒ်(၁၉၂၄)၊ လင်ဂတ်(၁၆၀၅)၊ ပေါ့ဘာ(၁၄၄၆)နဲ့ ဒီဂီယာ(၁၃၉၄)တို့ပဲဖြစ်ပါတယ်။ ဟယ်ရီကိန်း(၂၁၂၇)နဲ့ ဂရီလစ်ရှ်(၁၅၃၈)တို့လည်း ထိပ်ဆုံး ၁၀ ယောက်စာရင်း ဝင်ခဲ့ကြပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြျဖစ္ၾကတဲ့ တိုက္စစ္မႉးုေရာ္နယ္ဒိုနဲ႔ ေနာက္ခံလူမက္ဂြိဳင္းယားတို႔ဟာ ၿပီးခဲ့တဲ့ရာသီ တြစ္တာမွာ ပရိသတ္အဆဲခံရဆုံးႏွစ္ေယာက္လို႔

စစ္တမ္းသစ္တစ္ရပ္က ေဖၚျပလာပါတယ္။ ၂၀၂၁-၂၂ ရာသီ ပထမရာသီဝက္အခ်ိန္တုန္းက တြစ္တာမွာတင္ခဲ့ၾကတဲ့ တြစ္ေပါင္း ၂.၃ သန္းကို ၿဗိတိန္အမ်ိဳးသားသိပၸံအခ်က္အလက္ဆိုင္ရာအဖြဲ႕၊

Ofcom နဲ႔ the Alan Turing Institute အဖြဲ႕တို႔ပူးေပါင္းၿပီး AI နည္းပညာနဲ႔ ခြဲျခမ္းစိတ္ျဖာခဲ့ၾကတာပါ။ ဒီေတာ့ ပထမ ၅ လအတြင္းမွာ ပရီးမီးယားလိဂ္ကစားသမားေတြကို

႐ိုင္းပ်စြာဆဲဆိုတဲ့ပို႔စ္ေပါင္း ၆၀၀၀၀ နီးပါးေတြ႕ခဲ့ၾကရပါတယ္။ ဒီပို႔စ္ေတြဟာ ထိပ္တန္းကစားသမား ၁၀ ဦးမွာ ၇ ဦးကို ထိခိုက္ေစခဲ့ၿပီး တစ္ဝက္ေလာက္ကေတာ့ ကစားသမား ၁၂ ဦးကို

တိုက္႐ိုက္ေစာ္ကားခဲ့ၾကတာပါ။ အဲဒီ ၁၂ ဦးမွာ မန္ယူကစားသမား ၈ ဦးအထိ ပါဝင္ခဲ့ပါတယ္။ ၾသဂုတ္လ ၁၃ ရက္ကေန ဇန္နဝါရီလ ၂၄ ရက္အထိ မွတ္တမ္းအရ ေရာ္နယ္ဒိုဟာ

အဆဲခံရဆုံးကစားသမားျဖစ္ခဲ့ၿပီး တြစ္ေပါင္း ၁၂၅၂၀ ရွိခဲ့တာပါ။ သူ႔ေနာက္မွာေတာ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက ၈၉၅၄ နဲ႔ ရပ္တည္ေနခဲ့ပါတယ္။

အဆဲအခံရဆုံးကစားသမား ၁၀ ေယာက္စာရင္းဝင္ခဲ့တဲ့ ေနာက္ထပ္မန္ယူကစားသမားေတြက ရက္ရွ္ဖို႔ဒ္(၂၅၅၇)၊ ဘ႐ူႏိုဖာနန္ဒက္စ္(၂၄၆၄)၊ ဖရက္ဒ္(၁၉၂၄)၊ လင္ဂတ္(၁၆၀၅)၊

ေပါ့ဘာ(၁၄၄၆)နဲ႔ ဒီဂီယာ(၁၃၉၄)တို႔ပဲျဖစ္ပါတယ္။ ဟယ္ရီကိန္း(၂၁၂၇)နဲ႔ ဂရီလစ္ရွ္(၁၅၃၈)တို႔လည္း ထိပ္ဆုံး ၁၀ ေယာက္စာရင္း ဝင္ခဲ့ၾကပါတယ္။