ပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံရတဲ့နည်းပြ ဖြစ်သွားခဲ့ရတဲ့ စကော့ပါကား

ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ အပြီးမှာတင် သူတို့နည်းပြစကော့ပါကားကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းကို ဘုန်းမောက်က သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ အတည်ပြုလိုက်တာဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း

ဂယ်ရီအိုနေးလ်က ယာယီတာဝန်ယူသွားမယ်လို့ ကြေညာထားပါတယ်။ တနည်းအားဖြင့် စကော့ပါကားဟာ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံရတဲ့နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။ ဘုန်းမောက်ဟာ

လိဂ် နောက်ဆုံး ၃ ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ အထူးသဖြင့် နောက်ဆုံးပွဲစဉ်မှာ လီဗာပူးလ်ကို ၉-၀ ဂိုးနဲ့ သမိုင်းဝင်ရှုံးနိမ့်မှုဟာ စကော့ပါကားအတွက် အနောက်ဖက်တံခါးပွင့်သွားစေခဲ့တာပါ။

အင်္ဂလန်ကစားသမားဟောင်းဟာ ရာသီအဖွင့် ဗီလာနဲ့တစ်ပွဲသာ ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့ပြီး ကာရာဘောင်းဖလား ဒုတိယအဆင့်မှာတော့ နောဝှစ်ချ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ရောက်အောင်

ဦးဆောင်ပေးခဲ့တဲ့ ဖူလ်ဟမ်အသင်းခေါင်းဆောင်ဟောင်းနဲ့ပတ်သက်ပြီး ဘုန်းမောက်ရဲ့ကြေညာမှာ “ နည်းပြစကော့ပါကားနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်း ကြေညာပါတယ်။ အတူရှိနေချိန်မှာ ကြိုးစားအားထုတ်ပေးမှုတွေအတွက် စကော့နဲ့ သူ့အဖွဲ့ကို

ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားမှာပါ။ သူ့ရဲ့ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကိုတက်လှမ်းခွင့်ရခဲ့တာဟာ အသင်းသမိုင်းမှာ အောင်မြင်မှုအရှိဆုံးရာသီအဖြစ် အမြဲတမ်း အမှတ်ရနေမှာပါ။

ဒါပေမဲ့ အသင်းရပ်တည်မှုနဲ့ တိုးတက်မှုအတွက် နည်းဗျူဟာကိုတော့ ခြွင်းချက်မရှိလိုက်လျောရပါလိမ့်မယ်။ နည်းပြသစ်တစ်ဦး အမြန်ဆုံးရှာမှာဖြစ်ပြီး ယာယီနည်းပြအိုနေးလ်ကို ရှောင်ကော့ပါးနဲ့တွမ်မီအီလ်ဖစ်တို့က ကူညီပါလိမ့်မယ် ” လို့ ဖေါ်ပြထားပါတယ်။

(zawgyi)

ဘုန္းေမာက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ပြဲ အၿပီးမွာတင္ သူတို႔နည္းျပစေကာ့ပါကားကို ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ ဒီသတင္းကို ဘုန္းေမာက္က သူတို႔ရဲ႕တရားဝင္ဝက္ဘ္ဆိုက္မွာ အတည္ျပဳလိုက္တာျဖစ္ၿပီး ကြင္းလယ္ကစားသမားေဟာင္း

ဂယ္ရီအိုေနးလ္က ယာယီတာဝန္ယူသြားမယ္လို႔ ေၾကညာထားပါတယ္။ တနည္းအားျဖင့္ စေကာ့ပါကားဟာ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံးထုတ္ပယ္ခံရတဲ့နည္းျပအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာပါ။ ဘုန္းေမာက္ဟာ လိဂ္ ေနာက္ဆုံး ၃ ပြဲဆက္ရႈံးၿပီး

တန္းဆင္းဇုန္အထက္ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနပါတယ္။ အထူးသျဖင့္ ေနာက္ဆုံးပြဲစဥ္မွာ လီဗာပူးလ္ကို ၉-၀ ဂိုးနဲ႔ သမိုင္းဝင္ရႈံးနိမ့္မႈဟာ စေကာ့ပါကားအတြက္ အေနာက္ဖက္တံခါးပြင့္သြားေစခဲ့တာပါ။ အဂၤလန္ကစားသမားေဟာင္းဟာ

ရာသီအဖြင့္ ဗီလာနဲ႔တစ္ပြဲသာ ပရီးမီးယားလိဂ္ႏိုင္ပြဲရခဲ့ၿပီး ကာရာေဘာင္းဖလား ဒုတိယအဆင့္မွာေတာ့ ေနာဝွစ္ခ်္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။ ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ေရာက္ေအာင္ ဦးေဆာင္ေပးခဲ့တဲ့

ဖူလ္ဟမ္အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ပတ္သက္ၿပီး ဘုန္းေမာက္ရဲ႕ေၾကညာမွာ “ နည္းျပစေကာ့ပါကားနဲ႔ လမ္းခြဲလိုက္ၿပီဆိုတဲ့အေၾကာင္း ေၾကညာပါတယ္။ အတူရွိေနခ်ိန္မွာ ႀကိဳးစားအားထုတ္ေပးမႈေတြအတြက္ စေကာ့နဲ႔

သူ႔အဖြဲ႕ကို ေက်းဇူးတင္ေၾကာင္း မွတ္တမ္းတင္ထားမွာပါ။ သူ႔ရဲ႕ဦးေဆာင္မႈနဲ႔အတူ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ကိုတက္လွမ္းခြင့္ရခဲ့တာဟာ အသင္းသမိုင္းမွာ ေအာင္ျမင္မႈအရွိဆုံးရာသီအျဖစ္ အၿမဲတမ္း အမွတ္ရေနမွာပါ။

ဒါေပမဲ့ အသင္းရပ္တည္မႈနဲ႔ တိုးတက္မႈအတြက္ နည္းဗ်ဴဟာကိုေတာ့ ႁခြင္းခ်က္မရွိလိုက္ေလ်ာရပါလိမ့္မယ္။ နည္းျပသစ္တစ္ဦး အျမန္ဆုံးရွာမွာျဖစ္ၿပီး ယာယီနည္းျပအိုေနးလ္ကို ေရွာင္ေကာ့ပါးနဲ႔တြမ္မီအီလ္ဖစ္တို႔က ကူညီပါလိမ့္မယ္ ” လို႔ ေဖၚျပထားပါတယ္။