ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီး အိုလီဗာ အိမ်ပြန်ပို့ခံရ

ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ဖီဖာက အိမ်ပြန်ပို့ခဲ့ပေမယ့်

နောက်ထပ် နာမည်ကျော်ဒိုင်လူကြီးဖြစ်သူ အန်သိုနီတေလာကတော့ လက်ကျန်
ကမ္ဘာ့ဖလားပွဲတွေမှာ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ အိုလီဗာဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုတွင်းပွဲတွေဖြစ်တဲ့
ဂျပန် – ကော်စတာရီကာ၊ ဆော်ဒီ – မက္ကဆီကို၊ ကွာတားဖိုင်နယ်ဖြစ်တဲ့
ခရိုအေးရှား – ဘရာဇီးလ်ပွဲတွေကို တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်၊ တတိယ
နေရာလုပွဲနဲ့ ဗိုလ်လုပွဲအတွက် ဒိုင်လူကြီးစာရင်းမှာတော့ အိုလီဗာ မပါဝင်တော့ဘဲ
အိမ်ပြန်သွားပြီဖြစ်ပြီး အန်သိုနီတေလာပဲ လက်ကျန်ပွဲတွေမှာ တာဝန်ယူသွားဖို့ရှိပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်သူ မန်ချက်စတာမြို့သား အန်သိုနီတေလာဟာ
ကမ္ဘာ့ဖလားအုပ်စုတွင်းပွဲတွေဖြစ်တဲ့ ဂါနာ – တောင်ကိုရီးယား၊ ဘယ်လ်ဂျီယံ – ခရိုအေးရှား

ပွဲတွေမှာ ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်ခဲ့ပြီး ဂါနာ – တောင်ကိုရီးယားပွဲတုန်းက
တောင်ကိုရီးယားအသင်းနည်းပြ(ဟောင်း) ပေါ်လိုဘင်တိုကို အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ကွာတားဖိုင်နယ်ပွဲအထိ အန်သိုနီတေလာ တစ်ပွဲမှ
မကိုင်တွယ်ခဲ့ရပေမယ့် ဗိုလ်လုပွဲကျရင် တာဝန်ပေးခံရဖို့ရှိပါတယ်။ တကယ်လို့ လာမယ့်
ဗိုလ်လုပွဲမှာ အန်သိုနီတေလာ ကိုင်တွယ်ခွင့်ရမယ်ဆိုရင် နာမည်ကျော်ဒိုင်လူကြီးဟောင်း
ဟောင်းဝပ်ဝက်ဘ် (၂၀၁၀)နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲတစ်ပွဲကို တာဝန်ယူခွင့်ရမယ့်
ဒုတိယမြောက် အင်္ဂလိပ်လူမျိုး ဒိုင်လူကြီးအဖြစ် သတ်မှတ်ခံရမှာပါ။

ဒါပေမဲ့လည်း ဗိုလ်လုပွဲအတွက် အန်သိုနီတေလာနဲ့အပြိုင်ဖြစ်နေတာက ဝီလ်တန်ဆမ်ပိုင်အို
ဖြစ်ပါတယ်။ ဝီလ်တန်ဆမ်ပိုင်အိုဟာ အင်္ဂလန်နဲ့ ပြင်သစ်တို့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ

ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ပြီး အငြင်းပွားစရာ ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့တာကြောင့်
ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္နာမည္ေက်ာ္ဒိုင္လူႀကီး မိုက္ကယ္အိုလီဗာကို ဖီဖာက အိမ္ျပန္ပို႔ခဲ့ေပမယ့္
ေနာက္ထပ္ နာမည္ေက်ာ္ဒိုင္လူႀကီးျဖစ္သူ အန္သိုနီေတလာကေတာ့ လက္က်န္
ကမာၻ႔ဖလားပြဲေတြမွာ ဆက္လက္တာဝန္ယူသြားမွာျဖစ္ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အိုလီဗာဟာ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုတြင္းပြဲေတြျဖစ္တဲ့
ဂ်ပန္ – ေကာ္စတာရီကာ၊ ေဆာ္ဒီ – မကၠဆီကို၊ ကြာတားဖိုင္နယ္ျဖစ္တဲ့
ခ႐ိုေအးရွား – ဘရာဇီးလ္ပြဲေတြကို တာဝန္ယူခဲ့ပါတယ္။ ဒါေပမဲ့ ဆီမီးဖိုင္နယ္၊ တတိယ
ေနရာလုပြဲနဲ႔ ဗိုလ္လုပြဲအတြက္ ဒိုင္လူႀကီးစာရင္းမွာေတာ့ အိုလီဗာ မပါဝင္ေတာ့ဘဲ

အိမ္ျပန္သြားၿပီျဖစ္ၿပီး အန္သိုနီေတလာပဲ လက္က်န္ပြဲေတြမွာ တာဝန္ယူသြားဖို႔ရွိပါတယ္။

အသက္(၄၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မန္ခ်က္စတာၿမိဳ႕သား အန္သိုနီေတလာဟာ

ကမာၻ႔ဖလားအုပ္စုတြင္းပြဲေတြျဖစ္တဲ့ ဂါနာ – ေတာင္ကိုရီးယား၊ ဘယ္လ္ဂ်ီယံ – ခ႐ိုေအးရွား
ပြဲေတြမွာ ကြင္းလယ္ဒိုင္အျဖစ္ ကိုင္တြယ္ခဲ့ၿပီး ဂါနာ – ေတာင္ကိုရီးယားပြဲတုန္းက
ေတာင္ကိုရီးယားအသင္းနည္းျပ(ေဟာင္း) ေပၚလိုဘင္တိုကို အနီကတ္နဲ႔ထုတ္ပယ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ကေန ကြာတားဖိုင္နယ္ပြဲအထိ အန္သိုနီေတလာ တစ္ပြဲမွ
မကိုင္တြယ္ခဲ့ရေပမယ့္ ဗိုလ္လုပြဲက်ရင္ တာဝန္ေပးခံရဖို႔ရွိပါတယ္။ တကယ္လို႔ လာမယ့္
ဗိုလ္လုပြဲမွာ အန္သိုနီေတလာ ကိုင္တြယ္ခြင့္ရမယ္ဆိုရင္ နာမည္ေက်ာ္ဒိုင္လူႀကီးေဟာင္း
ေဟာင္းဝပ္ဝက္ဘ္ (၂၀၁၀)ေနာက္ပိုင္း ကမာၻ႔ဖလားဗိုလ္လုပြဲတစ္ပြဲကို တာဝန္ယူခြင့္ရမယ့္

ဒုတိယေျမာက္ အဂၤလိပ္လူမ်ိဳး ဒိုင္လူႀကီးအျဖစ္ သတ္မွတ္ခံရမွာပါ။

ဒါေပမဲ့လည္း ဗိုလ္လုပြဲအတြက္ အန္သိုနီေတလာနဲ႔အၿပိဳင္ျဖစ္ေနတာက ဝီလ္တန္ဆမ္ပိုင္အို

ျဖစ္ပါတယ္။ ဝီလ္တန္ဆမ္ပိုင္အိုဟာ အဂၤလန္နဲ႔ ျပင္သစ္တို႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ
ဒိုင္လူႀကီးအျဖစ္ တာဝန္ယူခဲ့ၿပီး အျငင္းပြားစရာ ဆုံးျဖတ္ခ်က္တခ်ိဳ႕ ခ်မွတ္ခဲ့တာေၾကာင့္
ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။