ပရီးမီးယားလိဂ်ဂန္ထဝင်တွေရဲ့စံချိန်ကို ဖူလ်ဟမ်နဲ့ပွဲမှာလိုက်မီခဲ့တဲ့ ဆာလက်

လီဗာပူးလ်တိုက်စစ်မှူးဆာလက်ဟာ ဖူလ်ဟမ်နဲ့သရေကျတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နောင်တော်ဂန္ထဝင်တွေရဲ့ စံချိန်တစ်ခုကိုလိုက်မီသွားခဲ့ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ မိနစ် ၈၀ မှာ ကြိုးကြာနီတွေအတွက် တစ်မှတ်ရစေမယ့် အဖိုးတန်ချေပဂိုးကို သွင်းနိုင်ခဲ့တာပါ။ ဒါဟာ သူ့အတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲတွေမှာ

သွင်းယူနိုင်တဲ့ ၈ ဂိုးမြောက်ဖြစ်လာခဲ့ပါတယ်။ ဆာလက်အရင် ဒီလိုစွမ်းဆောင်နိုင်တဲ့ကစားသမားတွေကတော့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယား၊

မန်ယူတိုက်စစ်မှူးဟောင်း ရွန်နေးနဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်ဖြစ်ပါတယ်။ အခုတော့ ဆာလက်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ သူတို့လိုပဲ

သွင်းဂိုး ၈ ဂိုးပြည့်တဲ့ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် အီဂျစ်သားဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့် ၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲက

သွင်းဂိုးဟာ သူ့အတွက် နောက်ထပ်မှတ်တမ်းကောင်း တစ်ခုကိုလည်း ရရှိစေခဲ့ပါတယ်။ ကြိုးကြာနီတွေအတွက် သွင်းဂိုး စုစုပေါင်း ၁၅၈ ဂိုးရှိသွားပြီဖြစ်တာကြောင့်

ဂန္ထဝင်တိုက်စစ်မှူးမိုက်ကယ်အိုဝင်ရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့တာပါ။ တနည်းအားဖြင့် လီဗာပူးလ်အတွက် ထာဝရဂိုးအများဆုံးသွင်းသူစာရင်းမှာ အဆင့် ၆ နေရာရောက်လာခဲ့တာဖြစ်ပါတယ်။

(zawgyi)

လီဗာပူးလ္တိုက္စစ္မႉးဆာလက္ဟာ ဖူလ္ဟမ္နဲ႔သေရက်တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ေနာင္ေတာ္ဂႏၴဝင္ေတြရဲ႕ စံခ်ိန္တစ္ခုကိုလိုက္မီသြားခဲ့ပါတယ္။ အီဂ်စ္တိုက္စစ္မႉးဟာ

မိနစ္ ၈၀ မွာ ႀကိဳးၾကာနီေတြအတြက္ တစ္မွတ္ရေစမယ့္ အဖိုးတန္ေခ်ပဂိုးကို သြင္းႏိုင္ခဲ့တာပါ။ ဒါဟာ သူ႔အတြက္ ပရီးမီးယားလိဂ္အဖြင့္ပြဲေတြမွာ သြင္းယူႏိုင္တဲ့ ၈ ဂိုးေျမာက္ျဖစ္လာခဲ့ပါတယ္။

ဆာလက္အရင္ ဒီလိုစြမ္းေဆာင္ႏိုင္တဲ့ကစားသမားေတြကေတာ့ နယူးကာဆယ္တိုက္စစ္မႉးေဟာင္း အလန္ရွီးယား၊ မန္ယူတိုက္စစ္မႉးေဟာင္း ႐ြန္ေနးနဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္း

လမ္းပတ္ျဖစ္ပါတယ္။ အခုေတာ့ ဆာလက္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ေတြမွာ သူတို႔လိုပဲ သြင္းဂိုး ၈ ဂိုးျပည့္တဲ့ကစားသမား ျဖစ္လာခဲ့ပါၿပီ။ ဒါ့အျပင္ အီဂ်စ္သားဟာ

ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ ၆ ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္နဲ႔ပြဲကသြင္းဂိုးဟာ သူ႔အတြက္ ေနာက္ထပ္မွတ္တမ္းေကာင္း တစ္ခုကိုလည္း ရရွိေစခဲ့ပါတယ္။

ႀကိဳးၾကာနီေတြအတြက္ သြင္းဂိုး စုစုေပါင္း ၁၅၈ ဂိုးရွိသြားၿပီျဖစ္တာေၾကာင့္ ဂႏၴဝင္တိုက္စစ္မႉးမိုက္ကယ္အိုဝင္ရဲ႕ သြင္းဂိုးအေရအတြက္ကို လိုက္မီခဲ့တာပါ။

တနည္းအားျဖင့္ လီဗာပူးလ္အတြက္ ထာဝရဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ အဆင့္ ၆ ေနရာေရာက္လာခဲ့တာျဖစ္ပါတယ္။