” ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့ယှဉ်ပြိုင်နေရတာက El Clasico ပွဲကို အမှတ်ရစေတယ် ”  ဂွွါဒီယိုလာ

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက အခုနောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်

ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့အဓိကယှဉ်ပြိုင်နေရတာက El Clasico ပွဲကို

ပန်အမှတ်ရမိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့(၄)နှစ်အတွင်း မန်စီးတီးနဲ့

လီဗာပူးလ်အသင်းတို့က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူခဲ့ပြီး ဒီရာသီမှာလည်း

ချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးနေတာဆိုလို့ လီဗာပူးလ်တစ်သင်းတည်းသာ

ရှိပါတော့တယ်။ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ကြိမ်တိုင်ရယူခဲ့ပေမယ့်

ယာဂန်ကလော့ပ်ကတော့ ၂၀၁၉-၂၀ ရာသီက လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ်

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပြီး

ဒီနည်းပြနှစ်ယောက်ထိပ်တိုက်ဆုံတွေ့မှုမှာ ဂွါဒီယိုလာက ယာဂန်ကလော့ပ်ကို

အသာစီမယူနိုင်ခဲ့ပါဘူး။ ဂွါဒီယိုလာနဲ့ယာဂန်ကလော့ပ်တို့ဟာ ပြိုင်ပွဲစုံမှာ

စုစုပေါင်း(၂၂)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး တစ်ယောက်ကို (၉)ပွဲစီနိုင်၊ (၄)ပွဲသရေကျခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့သာ

အဓိကယှဉ်ပြိုင်ရတာနဲ့ပတ်သက်လို့ ဂွွါဒီယိုလာက ဘာစီလိုနာအသင်းကို,

ကိုင်တွယ်ခဲ့ချိန်မှာ လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်အသင်းနဲ့အကြိတ်အနယ်

တိုက်ပွဲဝင်ခဲ့ရတာကို ပြန်ပြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဘာစီလိုနာမှာတုန်းကလည်း ဒီလိုအခြေအနေမျိုးနဲ့ ကျွန်တော်

ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီအချိန်က လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်နဲ့

အမြဲတမ်းလိုလိုအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး တစ်ခါတလေကျရင်

အက်သလက်တီကိုအသင်းနဲ့အပြိုင်လုရပေမယ့် များသောအားဖြင့်

ရီးယဲလ်-ဘာစီလိုနာနှစ်သင်းသာ ချန်ပီယံဆုအတွက် အဓိကယှဉ်ပြိုင်ရတာပါ။

ပရီးမီးယားလိဂ်မှာက ချန်ပီယံလမ်းကြောင်းပေါ်မှာ (၅)သင်း၊ (၆)သင်းလောက်အထိ

ရှိပေမယ့် ပြီးခဲ့တဲ့(၅)နှစ်အတွင်းမှာ မန်စီးတီးနဲ့လီဗာပူးလ်ပဲ အပြိုင်ဖြစ်ခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

” ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးလ္နဲ႔ယွဥ္ၿပိဳင္ေနရတာက El Clasico ပြဲကို အမွတ္ရေစတယ္ ” ဂြြါဒီယိုလာ

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာက အခုေနာက္ပိုင္းႏွစ္ေတြမွာ ပရီးမီးယားလိဂ္

ခ်န္ပီယံဆုအတြက္ လီဗာပူးလ္နဲ႔အဓိကယွဥ္ၿပိဳင္ေနရတာက El Clasico ပြဲကို

ပန္အမွတ္ရမိတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့(၄)ႏွစ္အတြင္း မန္စီးတီးနဲ႔

လီဗာပူးလ္အသင္းတို႔က ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူခဲ့ၿပီး ဒီရာသီမွာလည္း

ခ်န္ပီယံဆုအတြက္ မန္စီးတီးကို ဖိအားေပးေနတာဆိုလို႔ လီဗာပူးလ္တစ္သင္းတည္းသာ

ရွိပါေတာ့တယ္။ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၃)ႀကိမ္တိုင္ရယူခဲ့ေပမယ့္

ယာဂန္ကေလာ့ပ္ကေတာ့ ၂၀၁၉-၂၀ ရာသီက လီဗာပူးလ္အသင္းရဲ႕ပရီးမီးယားလိဂ္

သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံဆုရယူႏိုင္ခဲ့တာျဖစ္ၿပီး

ဒီနည္းျပႏွစ္ေယာက္ထိပ္တိုက္ဆုံေတြ႕မႈမွာ ဂြါဒီယိုလာက ယာဂန္ကေလာ့ပ္ကို

အသာစီမယူႏိုင္ခဲ့ပါဘူး။ ဂြါဒီယိုလာနဲ႔ယာဂန္ကေလာ့ပ္တို႔ဟာ ၿပိဳင္ပြဲစုံမွာ

စုစုေပါင္း(၂၂)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး တစ္ေယာက္ကို (၉)ပြဲစီႏိုင္၊ (၄)ပြဲသေရက်ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးလ္နဲ႔သာ

အဓိကယွဥ္ၿပိဳင္ရတာနဲ႔ပတ္သက္လို႔ ဂြြါဒီယိုလာက ဘာစီလိုနာအသင္းကို,

ကိုင္တြယ္ခဲ့ခ်ိန္မွာ လာလီဂါခ်န္ပီယံဆုအတြက္ ရီးယဲလ္အသင္းနဲ႔အႀကိတ္အနယ္

တိုက္ပြဲဝင္ခဲ့ရတာကို ျပန္ေျပာင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက “ဘာစီလိုနာမွာတုန္းကလည္း ဒီလိုအေျခအေနမ်ိဳးနဲ႔ ကြၽန္ေတာ္

ႀကဳံေတြ႕ခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္က လာလီဂါခ်န္ပီယံဆုအတြက္ ရီးယဲလ္နဲ႔

အၿမဲတမ္းလိုလိုအႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရၿပီး တစ္ခါတေလက်ရင္

အက္သလက္တီကိုအသင္းနဲ႔အၿပိဳင္လုရေပမယ့္ မ်ားေသာအားျဖင့္

ရီးယဲလ္-ဘာစီလိုနာႏွစ္သင္းသာ ခ်န္ပီယံဆုအတြက္ အဓိကယွဥ္ၿပိဳင္ရတာပါ။

ပရီးမီးယားလိဂ္မွာက ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ (၅)သင္း၊ (၆)သင္းေလာက္အထိ

ရွိေပမယ့္ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္းမွာ မန္စီးတီးနဲ႔လီဗာပူးလ္ပဲ အၿပိဳင္ျဖစ္ခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*