ပရီးမီးယားလိဂ်ကြီး(၆)ကြီးအသင်းတွေကို အိမ်ကွင်းမှာပဲ အနိုင်ယူခဲ့လို့ ‘အိမ်ကျယ်’နည်းပြမဖြစ်အောင် စွမ်းဆောင်ပြရမယ့် အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်း

အဖြစ် အခါးသီးဆုံးပြိုင်ဘက်တစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ အန်ဖီးလ်
ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

နည်းပြအဲရစ်တန်ဟက်လက်ထက် ပထမဆုံးဆုဖလားအောင်မြင်မှု
အဖြစ် လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံမှာ
ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း အတက်ဘက်ရောက်နေပြီး ပရီးမီးယားလိဂ်
ချန်ပီယံဆုပြေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲဆိုပေမယ့် လာမယ့်
ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ပဲ အဓိကအာရုံစိုက်ရမယ့်အနေအထား

ပါပဲ။

လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ဟာ မြို့ခံပြိုင်ဘက်တွေ မဟုတ်ပေမယ့်

ဒီနှစ်သင်းကြား သမိုင်းကြောင်းအစဉ်အလာအရ ပြိုင်ဆိုင်မှုပြင်းထန်
ခဲ့တာကြောင့် ‘ အင်္ဂလန်အနောက်မြောက်ဒါဘီ’ပွဲအဖြစ် တင်စားခံထား
ရပါတယ်။

ရလဒ်တွေ ပြန်ကောင်းလာတဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်
ရဖို့အတွက် အဆင့်(၄)နေရာက စပါးအသင်းနဲ့ အမှတ်ကွာဟချက်ကို
လျှော့နိုင်အောင် အခုပွဲမှာ မဖြစ်မနေအနိုင်ယူဖို့ လိုအပ်နေပါတယ်။ အန်ဖီးလ်မှာ
လီဗာပူးလ်ကို ယူနိုက်တက်အသင်း နိုင်ပွဲမရတာ (၇)နှစ်နီးပါးအထိရှိနေပြီး

ဒတ်ချ်နာမည်ကျော်နည်းပြဟောင်း ဗန်ဟားလ်နောက်ပိုင်းကတည်းက
အနိုင်မရတော့ပါဘူး။

အဲရစ်တန်ဟက်ဟာ အေဂျက်စ်နဲ့ ယူနိုက်တက်နည်းပြဘဝမှာ လီဗာပူးလ်နဲ့
(၃)ကြိမ်ဆုံတွေ့ခဲ့ပြီး အေဂျက်စ်နည်းပြဘဝ၊ ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်
အုပ်စုအဆင့်တုန်းက လီဗာပူးလ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး
(၁-ဝ)ဂိုးရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဘဝ၊ ပရီးမီးယားလိဂ်ပထမအကျော့မှာတော့
အဲရစ်တန်ဟက်က လီဗာပူးလ်ကို အိုးလ်ထရက်ဖို့ဒ်မှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့
ပါတယ်။ အဲရစ်တန်ဟက်လက်ထက်မှာ ယူနိုက်တက်အသင်း ရလဒ်ပိုင်း

တိုးတက်လာမှုရှိတယ်ဆိုပေမယ့် ပရီးမီးယားလိဂ် ကြီး(၆)ကြီးစာရင်းဝင်
အသင်းတွေနဲ့ အဝေးကွင်းဆုံတွေ့မှုမှာ အရမ်းကြီးအားရစရာမရှိသေးပါဘူး။

အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ လီဗာပူးလ်တို့ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့်
အာဆင်နယ်ကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့ရှုံး၊ မန်စီးတီးကို (၆-၃)ဂိုးနဲ့ရှုံးပြီး
ချယ်လ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၁-၁)ဂိုးစီသရေကျခဲ့တဲ့အတွက် Big Six
အသင်းတွေနဲ့ အဝေးကွင်း(၃)ပွဲကစားအပြီးမှာ (၁)မှတ်သာရရှိခဲ့ပါတယ်။

အဲဒါကြောင့် အဲရစ်တန်ဟက်ရဲ့ အရည်အချင်းကို အန်ဖီးလ်ကွင်းမှာ အစမ်းသပ်
ခံရမှာဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်
အသင်းတစ်သင်းကို အဝေးကွင်းမှာ ပထမဆုံးနိုင်ပွဲရယူပြနိုင်မလားဆိုတာ

စောင့်ကြည့်ရမှာပါ . . .

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္း

အျဖစ္ အခါးသီးဆုံးၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ လီဗာပူးလ္နဲ႔ အန္ဖီးလ္
ကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

နည္းျပအဲရစ္တန္ဟက္လက္ထက္ ပထမဆုံးဆုဖလားေအာင္ျမင္မႈ
အျဖစ္ လိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံမွာ
ေျခစြမ္းပိုင္း၊ ရလဒ္ပိုင္း အတက္ဘက္ေရာက္ေနၿပီး ပရီးမီးယားလိဂ္
ခ်န္ပီယံဆုေျပးလမ္းေၾကာင္းေပၚမွာ ဆက္ရွိေနဆဲဆိုေပမယ့္ လာမယ့္
ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ပဲ အဓိကအာ႐ုံစိုက္ရမယ့္အေနအထား

ပါပဲ။

လီဗာပူးလ္နဲ႔ ယူႏိုက္တက္တို႔ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြ မဟုတ္ေပမယ့္

ဒီႏွစ္သင္းၾကား သမိုင္းေၾကာင္းအစဥ္အလာအရ ၿပိဳင္ဆိုင္မႈျပင္းထန္
ခဲ့တာေၾကာင့္ ‘ အဂၤလန္အေနာက္ေျမာက္ဒါဘီ’ပြဲအျဖစ္ တင္စားခံထား
ရပါတယ္။

ရလဒ္ေတြ ျပန္ေကာင္းလာတဲ့ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္
ရဖို႔အတြက္ အဆင့္(၄)ေနရာက စပါးအသင္းနဲ႔ အမွတ္ကြာဟခ်က္ကို
ေလွ်ာ့ႏိုင္ေအာင္ အခုပြဲမွာ မျဖစ္မေနအႏိုင္ယူဖို႔ လိုအပ္ေနပါတယ္။ အန္ဖီးလ္မွာ
လီဗာပူးလ္ကို ယူႏိုက္တက္အသင္း ႏိုင္ပြဲမရတာ (၇)ႏွစ္နီးပါးအထိရွိေနၿပီး

ဒတ္ခ်္နာမည္ေက်ာ္နည္းျပေဟာင္း ဗန္ဟားလ္ေနာက္ပိုင္းကတည္းက
အႏိုင္မရေတာ့ပါဘူး။

အဲရစ္တန္ဟက္ဟာ ေအဂ်က္စ္နဲ႔ ယူႏိုက္တက္နည္းျပဘဝမွာ လီဗာပူးလ္နဲ႔
(၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး ေအဂ်က္စ္နည္းျပဘဝ၊ ၂၀၂၀-၂၁ ရာသီ ခ်န္ပီယံလိဂ္
အုပ္စုအဆင့္တုန္းက လီဗာပူးလ္ကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့စလုံး
(၁-ဝ)ဂိုးရလဒ္ေတြနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပဘဝ၊ ပရီးမီးယားလိဂ္ပထမအေက်ာ့မွာေတာ့
အဲရစ္တန္ဟက္က လီဗာပူးလ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့
ပါတယ္။ အဲရစ္တန္ဟက္လက္ထက္မွာ ယူႏိုက္တက္အသင္း ရလဒ္ပိုင္း

တိုးတက္လာမႈရွိတယ္ဆိုေပမယ့္ ပရီးမီးယားလိဂ္ ႀကီး(၆)ႀကီးစာရင္းဝင္
အသင္းေတြနဲ႔ အေဝးကြင္းဆုံေတြ႕မႈမွာ အရမ္းႀကီးအားရစရာမရွိေသးပါဘူး။

အာဆင္နယ္၊ မန္စီးတီး၊ စပါး၊ လီဗာပူးလ္တို႔ကို အိမ္ကြင္းမွာ အႏိုင္ရခဲ့ေပမယ့္
အာဆင္နယ္ကို အေဝးကြင္းမွာ (၃-၂)ဂိုးနဲ႔ရႈံး၊ မန္စီးတီးကို (၆-၃)ဂိုးနဲ႔ရႈံးၿပီး
ခ်ယ္လ္ဆီးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ (၁-၁)ဂိုးစီသေရက်ခဲ့တဲ့အတြက္ Big Six
အသင္းေတြနဲ႔ အေဝးကြင္း(၃)ပြဲကစားအၿပီးမွာ (၁)မွတ္သာရရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ အဲရစ္တန္ဟက္ရဲ႕ အရည္အခ်င္းကို အန္ဖီးလ္ကြင္းမွာ အစမ္းသပ္
ခံရမွာျဖစ္ၿပီး အဲရစ္တန္ဟက္အေနနဲ႔ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးစာရင္းဝင္
အသင္းတစ္သင္းကို အေဝးကြင္းမွာ ပထမဆုံးႏိုင္ပြဲရယူျပႏိုင္မလားဆိုတာ

ေစာင့္ၾကည့္ရမွာပါ . . .