
မနေ့က အမျိုးသမီးချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် ဘာစီလိုနာနဲ့
ရီးယဲလ်အသင်းတို့ နူးကမ့်ကွင်းမှာအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး
အဲဒီပွဲကို ပရိသတ်(၉၁,၅၅၃)လာရောက်ကြည့်ရှုခဲ့လို့ အမျိုးသမီးဘောလုံးပွဲတွေထဲမှာ
ပရိသတ်အရေအတွက်အများဆုံးပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီအရေအတွက်ဟာ ၁၉၉၉ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲဖြစ်တဲ့
အမေရိကန်နဲ့တရုတ်အသင်းတို့ကစားခဲ့တဲ့ပွဲက စုစုပေါင်းပရိသတ်(၉၀,၁၉၅)ကို
ကျော်ဖြတ်ခဲ့သလို စပိန်အမျိုးသမီးဘောလုံးပွဲမှာ ပရိသတ်အများဆုံးအဖြစ်
စံချိန်တင်ထားတဲ့ အက်သလက်တီကို-ဘာစီလိုနာ(၂၀၁၉)ပွဲက
ပရိသတ်အရေအတွက်(၆၀,၇၃၉)ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဒီပွဲအတွက် စုစုပေါင်းလက်မှတ်စောင်ရေ
(၉၉,၃၅၄)အထိရောင်းချခဲ့ရပေမယ့် ပွဲကစားမယ့်ရက်မှာ တစ်နေ့လုံး
မိုးအသည်းအထန်ရွာသွန်းခဲ့တာကြောင့် ပွဲစတင်ကစားချိန်မှာ
နူးကမ့်ကွင်းထဲ ပရိသတ်တစ်ဝက်လောက်သာရှိပေမယ့် နောက်ပိုင်းမှာတော့
ပရိသတ်တွေတဖွဲဖွဲရောက်လာပြီး အခုလိုစံချိန်တင်တဲ့အထိဖြစ်ခဲ့တာပါ။
ဘာစီလိုနာအမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
ပထမအကျော့မှာကတည်းက ရီးယဲလ်အသင်းကို ဘာနေဗျူးမှာ(၃-၁)ဂိုးနဲ့
အနိုင်ရခဲ့တာကြောင့် အခုပွဲမှာ ဘာဖိအားမှမရှိဘူးလို့ထင်ခဲ့ရပေမယ့်
ရီးယဲလ်အသင်းရဲ့မထင်မှတ်တဲ့ရုန်းအားကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး
ရီးယဲလ်အသင်းက (၂-၁)ဂိုးနဲ့ဦးဆောင်နေချိန်မှာ ချေပဂိုး၊ ဦးဆောင်ဂိုးတွေ
ပြန်သွင်းနိုင်ခဲ့လို့ (၅-၂)ဂိုးနဲ့အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
zawgyi
ပရိသတ္အေရအတြက္စံခ်ိန္တင္ခဲ့တဲ့ပြဲမွာ ရီးယဲလ္ကို ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ ဘာစီလိုနာအမ်ိဳးသမီးအသင္း
မေန႔က အမ်ိဳးသမီးခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲအျဖစ္ ဘာစီလိုနာနဲ႔
ရီးယဲလ္အသင္းတို႔ ႏူးကမ့္ကြင္းမွာအႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး
အဲဒီပြဲကို ပရိသတ္(၉၁,၅၅၃)လာေရာက္ၾကည့္ရႈခဲ့လို႔ အမ်ိဳးသမီးေဘာလုံးပြဲေတြထဲမွာ
ပရိသတ္အေရအတြက္အမ်ားဆုံးပြဲအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။
ဒီအေရအတြက္ဟာ ၁၉၉၉ အမ်ိဳးသမီးကမာၻ႔ဖလားဗိုလ္လုပြဲျဖစ္တဲ့
အေမရိကန္နဲ႔တ႐ုတ္အသင္းတို႔ကစားခဲ့တဲ့ပြဲက စုစုေပါင္းပရိသတ္(၉၀,၁၉၅)ကို
ေက်ာ္ျဖတ္ခဲ့သလို စပိန္အမ်ိဳးသမီးေဘာလုံးပြဲမွာ ပရိသတ္အမ်ားဆုံးအျဖစ္
စံခ်ိန္တင္ထားတဲ့ အက္သလက္တီကို-ဘာစီလိုနာ(၂၀၁၉)ပြဲက
ပရိသတ္အေရအတြက္(၆၀,၇၃၉)ကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ဒီပြဲအတြက္ စုစုေပါင္းလက္မွတ္ေစာင္ေရ
(၉၉,၃၅၄)အထိေရာင္းခ်ခဲ့ရေပမယ့္ ပြဲကစားမယ့္ရက္မွာ တစ္ေန႔လုံး
မိုးအသည္းအထန္႐ြာသြန္းခဲ့တာေၾကာင့္ ပြဲစတင္ကစားခ်ိန္မွာ
ႏူးကမ့္ကြင္းထဲ ပရိသတ္တစ္ဝက္ေလာက္သာရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့
ပရိသတ္ေတြတဖြဲဖြဲေရာက္လာၿပီး အခုလိုစံခ်ိန္တင္တဲ့အထိျဖစ္ခဲ့တာပါ။
ဘာစီလိုနာအမ်ိဳးသမီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္
ပထမအေက်ာ့မွာကတည္းက ရီးယဲလ္အသင္းကို ဘာေနဗ်ဴးမွာ(၃-၁)ဂိုးနဲ႔
အႏိုင္ရခဲ့တာေၾကာင့္ အခုပြဲမွာ ဘာဖိအားမွမရွိဘူးလို႔ထင္ခဲ့ရေပမယ့္
ရီးယဲလ္အသင္းရဲ႕မထင္မွတ္တဲ့႐ုန္းအားေၾကာင့္ ခက္ခက္ခဲခဲကစားခဲ့ရၿပီး
ရီးယဲလ္အသင္းက (၂-၁)ဂိုးနဲ႔ဦးေဆာင္ေနခ်ိန္မွာ ေခ်ပဂိုး၊ ဦးေဆာင္ဂိုးေတြ
ျပန္သြင္းႏိုင္ခဲ့လို႔ (၅-၂)ဂိုးနဲ႔အႏိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္အဆင့္တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
Leave a Reply