ပရိသတ်ရဲ့ ဖုန်းကို ရော်နယ်ဒို တကယ် ပေါက်ခွဲခဲ့တာလား?

မနေ့က ပွဲကတော့ ယူနိုက်တက် တော်တော်ဆိုးတာပါ။

ရော်နယ်ဒိုကတော့ တွတ်ပီ ကံမကောင်းတဲ့ နေ့ပါပဲ။

ပွဲကစားချိန် (၂၆) မိနစ်မှာ အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဂေါ်ဒွန်ရဲ့ကန်ချက်က မက်ဂွိုင်းယားနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့်

ဒီဂီယာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ်

အပိုင်ကန်ချက်ကလည်း ပစ်ဖို့ဒ်နဲ့ထိထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့

အဝေးကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးပွဲကြုံခဲ့ရပါတယ်။

ရော်နယ်ဒို တစ်ယောက် ခြေထောက်မှာ ဒဏ်ရာရခဲ့တဲ့ အပြင် တခြား အပြစ်နဲ့ပါ

ရင်ဆိုင်နေရပါတယ်။ အဝတ်လဲခန်းဆီ သွားရာလမ်းမှာ ဒိုလေးတစ်ယောက်

စိတ် အစာမကြေဖြစ်ပြီး၊ ဖန်တစ်ယောက်ရဲ့ ဖုန်းကို ပေါက်ခွဲခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ ဗီဒီယိုသက်သေတစ်ခု

လူမှုမီဒီယာမှာထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို စောင့်ကြည့်နေတယ်လို့

သတင်းတွေကဖော်ပြခဲ့ပါတယ်။ အင်စတာဂရမ်မှာ တက်လာတဲ့ ဗီဒီယိုအတိုအစမှာတော့

ရော်နယ်ဒိုဟာ ပွဲအပြီး ဥမင်လှိုင်ခေါင်းသွားရာလမ်းမှာ ပရိသတ်တစ်ဦးရဲ့ ဖုန်းကို

လက်နဲ့ပုတ်ချလိုက်တာကိုတွေ့ရပါတယ်။ ပရိသတ်ကို လေးစားတတ်တဲ့

အသက် ၃၇ နှစ်အရွယ် စံပြကစားသမားတစ်ဦးအတွက်တော့ အဲဒါဟာ

အကျည်းတန်တဲ့အပြုအမူဖြစ်တယ်လို့ ဝေဖန်တဲ့ သူတွေရှိပါတယ်။

zawgyi

ပရိသတ္ရဲ႕ ဖုန္းကို ေရာ္နယ္ဒို တကယ္ ေပါက္ခြဲခဲ့တာလား?

မေန႔က ပြဲကေတာ့ ယူႏိုက္တက္ ေတာ္ေတာ္ဆိုးတာပါ။

ေရာ္နယ္ဒိုကေတာ့ တြတ္ပီ ကံမေကာင္းတဲ့ ေန႔ပါပဲ။

ပြဲကစားခ်ိန္ (၂၆) မိနစ္မွာ အဲဗာတန္တို႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

ေဂၚဒြန္ရဲ႕ကန္ခ်က္က မက္ဂြိဳင္းယားနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္

ဒီဂီယာလည္း ဘာမွမတတ္ႏိုင္ခဲ့ပါဘူး။ ေရာ္နယ္ဒိုရဲ႕ ေနာက္ဆုံးမိနစ္

အပိုင္ကန္ခ်က္ကလည္း ပစ္ဖို႔ဒ္နဲ႔ထိထြက္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔

အေဝးကြင္းမွာ တစ္လုံးတည္းေသာဂိုးနဲ႔ ရႈံးပြဲႀကဳံခဲ့ရပါတယ္။

ေရာ္နယ္ဒို တစ္ေယာက္ ေျခေထာက္မွာ ဒဏ္ရာရခဲ့တဲ့ အျပင္ တျခား အျပစ္နဲ႔ပါ

ရင္ဆိုင္ေနရပါတယ္။ အဝတ္လဲခန္းဆီ သြားရာလမ္းမွာ ဒိုေလးတစ္ေယာက္

စိတ္ အစာမေၾကျဖစ္ၿပီး၊ ဖန္တစ္ေယာက္ရဲ႕ ဖုန္းကို ေပါက္ခြဲခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ ေရာ္နယ္ဒိုရဲ႕ အျပဳအမူနဲ႔ပတ္သက္တဲ့ ဗီဒီယိုသက္ေသတစ္ခု

လူမႈမီဒီယာမွာထြက္ေပၚလာတာနဲ႔ပတ္သက္ၿပီး အေသးစိတ္ကို ေစာင့္ၾကည့္ေနတယ္လို႔

သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ အင္စတာဂရမ္မွာ တက္လာတဲ့ ဗီဒီယိုအတိုအစမွာေတာ့

ေရာ္နယ္ဒိုဟာ ပြဲအၿပီး ဥမင္လႈိင္ေခါင္းသြားရာလမ္းမွာ ပရိသတ္တစ္ဦးရဲ႕ ဖုန္းကို

လက္နဲ႔ပုတ္ခ်လိုက္တာကိုေတြ႕ရပါတယ္။ ပရိသတ္ကို ေလးစားတတ္တဲ့

အသက္ ၃၇ ႏွစ္အ႐ြယ္ စံျပကစားသမားတစ္ဦးအတြက္ေတာ့ အဲဒါဟာ

အက်ည္းတန္တဲ့အျပဳအမူျဖစ္တယ္လို႔ ေဝဖန္တဲ့ သူေတြရွိပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*