ပရိသတ်ပေးတဲ့ဦးထုပ်ကြောင့် လူရယ်စရာဖြစ်ခဲ့ရတဲ့ နာပိုလီနည်းပြစပယ်လက်တီ

အဖြစ်ကတော့ ငိုအားထက်ရယ်အားသန်စရာပါပဲ။ နာပိုလီအသင်းဟာ အီတလီနိုင်ငံ ဘရက်ဇိုဒေသမှာရှိတဲ့ ကက်စ်စတယ်ဒီဆန်ဂရိုမှာ လေ့ကျင့်ရေးဖွင့်ပွဲလုပ်ခဲ့ပါတယ်။

ပရိသတ်တွေဟာ သူတို့ရဲ့နည်းပြ၊ ကစားသမားတွေနဲ့ အမှတ်တရဓါတ်ပုံတွေရိုက်ကြ၊ လက်မှတ်တွေထိုးကြပေါ့။ ဒါပေမဲ့ သူတို့ရှေ့ကနေ နည်းပြစပယ်လက်တီ ဖြတ်လျှောက်သွားချိန်မှာတော့

မပြုံးဘဲနဲ့ ဝါးလုံးကွဲရယ်မောခဲ့ကြရပါတယ်။ အကြောင်းကတော့ နာပိုလီနည်းပြခေါင်းပေါ်က ဦးထုပ်မှာ ညစ်ညမ်းဝက်ဘ်ဆိုက် Pornhub လိုဂိုကြီးက အထင်းသားဖြစ်နေလို့ပါပဲ။

အသက် ၆၃ နှစ်အရွယ်နည်းပြကြီးဟာ သူ့ကိုတစ်ယောက်ယောက် နောက်လိုက်တာကို သိပုံမရဘဲ ခပ်တည်တည်နဲ့ ဓါတ်ပုံအရိုက်ခံနေခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပွဲကျနေကြတာပါ။ တကယ်တော့ စပယ်လက်တီဟာ စည်းကမ်းပိုင်းတင်းကြပ်ပြီး စိတ်တိုလွယ်သူဖြစ်ပါတယ်။

သိပ်မကြာခင်ကပဲ အင်တာမီလန်နဲ့ဇင်းနစ်နည်းပြဟောင်းဟာ ယူရို သန်း ၇၀ နဲ့ သူစံချိန်တင်ခေါ်ယူထားတဲ့ ဗစ်တာအိုဆင်ဟန်ကို လေ့ကျင့်ကွင်းကနေမောင်းထုတ်ခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားသားကလည်း သူ့ကိုအရေးမယူဖို့ အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ ဒီတော့ စပယ်လက်တီက “ မင်း စကားတွေ အရမ်းများနေတယ်။ သွား .. ရေသွားချိုးလိုက်ပါ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

(zawgyi)

အျဖစ္ကေတာ့ ငိုအားထက္ရယ္အားသန္စရာပါပဲ။ နာပိုလီအသင္းဟာ အီတလီႏိုင္ငံ ဘရက္ဇိုေဒသမွာရွိတဲ့ ကက္စ္စတယ္ဒီဆန္ဂ႐ိုမွာ ေလ့က်င့္ေရးဖြင့္ပြဲလုပ္ခဲ့ပါတယ္။

ပရိသတ္ေတြဟာ သူတို႔ရဲ႕နည္းျပ၊ ကစားသမားေတြနဲ႔ အမွတ္တရဓါတ္ပုံေတြ႐ိုက္ၾက၊ လက္မွတ္ေတြထိုးၾကေပါ့။ ဒါေပမဲ့ သူတို႔ေရွ႕ကေန နည္းျပစပယ္လက္တီ ျဖတ္ေလွ်ာက္သြားခ်ိန္မွာေတာ့

မၿပဳံးဘဲနဲ႔ ဝါးလုံးကြဲရယ္ေမာခဲ့ၾကရပါတယ္။ အေၾကာင္းကေတာ့ နာပိုလီနည္းျပေခါင္းေပၚက ဦးထုပ္မွာ ညစ္ညမ္းဝက္ဘ္ဆိုက္ Pornhub လိုဂိုႀကီးက အထင္းသားျဖစ္ေနလို႔ပါပဲ။

အသက္ ၆၃ ႏွစ္အ႐ြယ္နည္းျပႀကီးဟာ သူ႔ကိုတစ္ေယာက္ေယာက္ ေနာက္လိုက္တာကို သိပုံမရဘဲ ခပ္တည္တည္နဲ႔ ဓါတ္ပုံအ႐ိုက္ခံေနခဲ့ပါေသးတယ္။ ပရိသတ္ေတြကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး

ဆိုရွယ္မီဒီယာေပၚမွာ ပြဲက်ေနၾကတာပါ။ တကယ္ေတာ့ စပယ္လက္တီဟာ စည္းကမ္းပိုင္းတင္းၾကပ္ၿပီး စိတ္တိုလြယ္သူျဖစ္ပါတယ္။ သိပ္မၾကာခင္ကပဲ အင္တာမီလန္နဲ႔ဇင္းနစ္နည္းျပေဟာင္းဟာ

ယူ႐ို သန္း ၇၀ နဲ႔ သူစံခ်ိန္တင္ေခၚယူထားတဲ့ ဗစ္တာအိုဆင္ဟန္ကို ေလ့က်င့္ကြင္းကေနေမာင္းထုတ္ခဲ့ဖူးပါတယ္။ ႏိုင္ဂ်ီးရီးယားသားကလည္း သူ႔ကိုအေရးမယူဖို႔

အျပင္းအထန္ကန႔္ကြက္ခဲ့ပါတယ္။ ဒီေတာ့ စပယ္လက္တီက “ မင္း စကားေတြ အရမ္းမ်ားေနတယ္။ သြား .. ေရသြားခ်ိဳးလိုက္ပါ ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။