ပရိသတ်တွေမြင်ချင်နေတဲ့ ရွှေဘဟာလန်း ဘိုင်ယန်နဲ့ပွဲမှာ ကစားပါလိမ့်မယ်လို့ ဂွါဒီယိုလာ အတည်ပြု

တိုက်စစ်မှူးသစ်ဟာလန်းရဲ့ မန်စီးတီးပွဲဦးထွက်ကို ဒီသီတင်းပတ် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မြင်တွေ့ကြရမှာပါလို့ နည်းပြဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ကလပ်အမေရိကကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ပါဝင်ကစားခြင်းမရှိခဲ့တဲ့ နော်ဝေကြယ်ပွင့်ဟာ လေ့ကျင့်ကွင်းကိုလည်း အသင်းဖော်တွေထက် နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။

ဒါကြောင့် ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးကို အရန်ခုံမှာ ဘာကြောင့်ထိုင်ခိုင်းခဲ့ရတာလဲ၊ ဒဏ်ရာရနေတာလား စတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာကတော့ Green Bay မှာ တနင်္ဂနွေနေ့ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲအတွက် ဟာလန်း အဆင်သင့်ဖြစ်နေပါပြီလို့ ပြောဆိုလိုက်တာပါ။

“ လာမယ့်ပွဲအတွက် ဟာလန်း အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ သူ့မှာ စိတ်ထင့်စရာတစ်ချို့နဲ့ ပြဿနာနည်းနည်း ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြင်ရမှာပါ။

သူက နှစ်ကြိမ်သာလေ့ကျင့်ရပါသေးတယ်။ ရာသီကရှည်လျားတာကြောင့် ကျွန်တော်တို့ မစွန့်စားချင်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာပြဿနာရှိခဲ့ပြီး

ဒါကိုဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ချင်ပါတယ်။ ကြံ့ခိုင်မှုရှိစေချင်ပါတယ် ” လို့ မန်စီးတီးနည်းပြက ဖွင့်ဟသွားခဲ့တာပါ။

ကလပ်အမေရိကနဲ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုးလုံးသွင်းပေးခဲ့တဲ့ ဒီဘရိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဒဏ်ရာကင်းကင်းနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကောင်းတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

(zawgyi)

တိုက္စစ္မႉးသစ္ဟာလန္းရဲ႕ မန္စီးတီးပြဲဦးထြက္ကို ဒီသီတင္းပတ္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ျမင္ေတြ႕ၾကရမွာပါလို႔ နည္းျပဂြါဒီယိုလာက ေျပာဆိုလိုက္ပါတယ္။ ကလပ္အေမရိကကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ

ပါဝင္ကစားျခင္းမရွိခဲ့တဲ့ ေနာ္ေဝၾကယ္ပြင့္ဟာ ေလ့က်င့္ကြင္းကိုလည္း အသင္းေဖာ္ေတြထက္ ေနာက္က်ၿပီးမွ ေရာက္လာခဲ့ပါတယ္။ ဒါေၾကာင့္ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးကို

အရန္ခုံမွာ ဘာေၾကာင့္ထိုင္ခိုင္းခဲ့ရတာလဲ၊ ဒဏ္ရာရေနတာလား စတဲ့ေမးခြန္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ ဂြါဒီယိုလာကေတာ့ Green Bay မွာ တနဂၤေႏြေန႔ကစားမယ့္

ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲအတြက္ ဟာလန္း အဆင္သင့္ျဖစ္ေနပါၿပီလို႔ ေျပာဆိုလိုက္တာပါ။ “ လာမယ့္ပြဲအတြက္ ဟာလန္း အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။ သူ႔မွာ စိတ္ထင့္စရာတစ္ခ်ိဳ႕နဲ႔

ျပႆနာနည္းနည္း ရွိေနပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ျမင္ရမွာပါ။ သူက ႏွစ္ႀကိမ္သာေလ့က်င့္ရပါေသးတယ္။ ရာသီကရွည္လ်ားတာေၾကာင့္ ကြၽန္ေတာ္တို႔ မစြန႔္စားခ်င္ပါဘူး။

ၿပီးခဲ့တဲ့ရာသီမွာလည္း ဒဏ္ရာျပႆနာရွိခဲ့ၿပီး ဒါကိုေျဖရွင္းဖို႔ႀကိဳးစားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ဂ႐ုစိုက္ခ်င္ပါတယ္။ ႀကံ့ခိုင္မႈရွိေစခ်င္ပါတယ္ ” လို႔ မန္စီးတီးနည္းျပက ဖြင့္ဟသြားခဲ့တာပါ။

ကလပ္အေမရိကနဲ႔ပြဲမွာ အႏိုင္ဂိုး ၂ ဂိုးလုံးသြင္းေပးခဲ့တဲ့ ဒီဘ႐ိုင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း ဒဏ္ရာကင္းကင္းနဲ႔ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တာေကာင္းတယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။