ပရိသတ်တစ်ဦးရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ရော်ဘတ်ဆင် ဒဏ်ရာရသွားတဲ့အတွက် ယာဂန်ကလော့ပ် ဒေါသပေါက်ကွဲ

လီဗာပူးလ်နည်းပြယာဂန်ကလော့ပ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ

ကွင်းထဲ ကျူးကျော်ဝင်လာပြီး နောက်ခံလူ ရော်ဘတ်ဆင်ကို ထိခိုက်အောင်
မဆင်မခြင်လုပ်ခဲ့တဲ့ အသင်းပရိသတ်တစ်ဦးကို ဒေါသတကြီး အော်ဟစ်
ပြစ်တင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အဓိကပြိုင်ဘက် ယူနိုက်တက်ကို အန်ဖီးလ်
ကွင်းမှာ (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒါက ပရီးမီးယားလိဂ်မှာသာမက
အင်္ဂလန်အဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် လီဗာပူးလ်
အတွက် ကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ပွဲချိန်(၈၈)မိနစ်မှာ လီဗာပူးလ်ရဲ့ သတ္တမမြောက်ဂိုးကို ဖေမီက သွင်းယူ
ပြီးတဲ့နောက် လီဗာပူးလ်ကစားသမားတွေ ကွင်းဘေးနားမှာ အောင်ပွဲခံနေတုန်း

လီဗာပူးလ်ပရိသတ်တစ်ဦးဟာ ကစားသမားတွေဆီ ပြေးလာပြီး အနားရောက်မှ
ချော်လဲခဲ့တာကြောင့် ရော်ဘတ်ဆင်ကို ခြေစုံပစ်ဝင်သလိုဖြစ်သွားတဲ့အတွက်
ရော်ဘတ်ဆင်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ကွင်းလုံခြုံရေးတွေက အဲဒီပရိသတ်ကို ဆွဲခေါ်သွားချိန်မှာ
ယာဂန်ကလော့ပ်ဟာ ကွင်းဘေးနားကနေ ဒေါသတကြီးနဲ့ အော်ဟစ်ပြစ်တင်
ခဲ့ပါတယ်။ ရော်ဘတ်ဆင်ဟာ ပွဲပြီးတဲ့အထိ ဆက်ကစားနိုင်ခဲ့ပေမယ့် ဒီပရိသတ်ရဲ့
လုပ်ရပ်က မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အဲဒါကြောင့် ယာဂန်ကလော့ပ်က မဆင်မခြင်လုပ်ခဲ့တဲ့ လီဗာပူးလ်ပရိသတ်ကို
ဒေါသပေါက်ကွဲပြီး အော်ဟစ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ

ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲဆက်တိုက်

ရှုံးပွဲမရှိဘဲ အခုဆိုရင် အဆင့်(၄)နေရာက စပါးအသင်းနဲ့ (၃)မှတ်သာ

ကွာဟတော့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မျှော်လင့်ချက် ပိုအားကောင်းလာ
ပါပြီ။

[Zawgyi]

လီဗာပူးလ္နည္းျပယာဂန္ကေလာ့ပ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ
ကြင္းထဲ က်ဴးေက်ာ္ဝင္လာၿပီး ေနာက္ခံလူ ေရာ္ဘတ္ဆင္ကို ထိခိုက္ေအာင္
မဆင္မျခင္လုပ္ခဲ့တဲ့ အသင္းပရိသတ္တစ္ဦးကို ေဒါသတႀကီး ေအာ္ဟစ္
ျပစ္တင္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕ အဓိကၿပိဳင္ဘက္ ယူႏိုက္တက္ကို အန္ဖီးလ္
ကြင္းမွာ (၇-ဝ)ဂိုးျပတ္ရလဒ္နဲ႔ အႏိုင္ရခဲ့ၿပီး ဒါက ပရီးမီးယားလိဂ္မွာသာမက
အဂၤလန္အဆင့္ျမင့္တန္းအမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ လီဗာပူးလ္

အတြက္ ႀကီးမားတဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္(၈၈)မိနစ္မွာ လီဗာပူးလ္ရဲ႕ သတၱမေျမာက္ဂိုးကို ေဖမီက သြင္းယူ

ၿပီးတဲ့ေနာက္ လီဗာပူးလ္ကစားသမားေတြ ကြင္းေဘးနားမွာ ေအာင္ပြဲခံေနတုန္း
လီဗာပူးလ္ပရိသတ္တစ္ဦးဟာ ကစားသမားေတြဆီ ေျပးလာၿပီး အနားေရာက္မွ
ေခ်ာ္လဲခဲ့တာေၾကာင့္ ေရာ္ဘတ္ဆင္ကို ေျခစုံပစ္ဝင္သလိုျဖစ္သြားတဲ့အတြက္
ေရာ္ဘတ္ဆင္တစ္ေယာက္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

အဲဒီေနာက္ ကြင္းလုံၿခဳံေရးေတြက အဲဒီပရိသတ္ကို ဆြဲေခၚသြားခ်ိန္မွာ
ယာဂန္ကေလာ့ပ္ဟာ ကြင္းေဘးနားကေန ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ျပစ္တင္
ခဲ့ပါတယ္။ ေရာ္ဘတ္ဆင္ဟာ ပြဲၿပီးတဲ့အထိ ဆက္ကစားႏိုင္ခဲ့ေပမယ့္ ဒီပရိသတ္ရဲ႕

လုပ္ရပ္က မထင္မွတ္ဘဲ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရသြားတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

အဲဒါေၾကာင့္ ယာဂန္ကေလာ့ပ္က မဆင္မျခင္လုပ္ခဲ့တဲ့ လီဗာပူးလ္ပရိသတ္ကို

ေဒါသေပါက္ကြဲၿပီး ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ
ယူႏိုက္တက္ကို အႏိုင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ေနာက္ဆုံး(၅)ပြဲဆက္တိုက္

ရႈံးပြဲမရွိဘဲ အခုဆိုရင္ အဆင့္(၄)ေနရာက စပါးအသင္းနဲ႔ (၃)မွတ္သာ
ကြာဟေတာ့တဲ့အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္ ပိုအားေကာင္းလာ
ပါၿပီ။