ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက တန်းဟတ်ဆိုတဲ့ စွန့်စားမှုတွေ အစောကြီးငွေပေါ်ပြီ

အင်္ဂလန်ရဲ့နာမည်ကြီး ဘွတ်ကီဒိုင်တစ်ခုဖြစ်တဲ့ Paddy Power က ပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် မန်ယူနည်းပြတန်းဟတ်ကို ခန့်မှန်းထားမှုတွေအတွက် ကြိုလျော်လိုက်ပြီလို့သိရပါတယ်။

တကယ်တမ်း ထုတ်ပယ်မခံရသေးပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲ ပထမပိုင်းပြီးကတည်းက ဒီခန့်မှန်းမှုတွေကို ကြိုလျော်လိုက်တာဖြစ်ကြောင်း Paddy Power ကကြေညာပါတယ်။ ဒါဟာ နယ်သာလန်သားနည်းပြအတွက်

စိတ်ပျက်စရာသတင်းဆိုးဖြစ်သလို မန်ယူအတွက်လည်း အချက်ပေးခေါင်းလောင်းသံလို့ ဆိုနိုင်ပါတယ်။ သရဲနီတွေဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကိုရှုံးခဲ့သလို အခုလည်း ဘရန့်ဖို့ဒ်ကို

အရှက်တကွဲရှုံးနိမ့်တာကြောင့် အမှတ်ပေးဇယားကြမ်းခင်း ရောက်နေပါတယ်။ တန်းဟတ်လည်း မန်ယူနည်းပြသစ်သမိုင်းမှာ မှတ်တမ်းဆိုးတွေပိုင်ဆိုင်ခဲ့ရပါတယ်။ အဲဒီပွဲအပြီး ကွင်းထဲကထွက်လာတဲ့

ရော်နယ်ဒိုရဲ့ပုံစံကိုကြည့်ပြီးတော့လည်း မန်ယူကနေ အမြန်ဆုံးထွက်ခွာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေထွက်နေပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေပုံရပြီး

လက်ထောက်နည်းပြမက္ကလာရင်က မန်ယူပရိသတ်တွေကိုနှုတ်ဆက်ဖို့ပြောတာတောင် လျစ်လျူရှုခဲ့သလို နည်းပြတန်းဟတ်ကိုလည်း အရေးမလုပ်ဘဲ ဥမင်ထဲဝင်သွားခဲ့တာပါ။

(zawgyi)

အဂၤလန္ရဲ႕နာမည္ႀကီး ဘြတ္ကီဒိုင္တစ္ခုျဖစ္တဲ့ Paddy Power က ပရီးမီးယားလိဂ္မွာ ပထမဆုံးထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ မန္ယူနည္းျပတန္းဟတ္ကို ခန႔္မွန္းထားမႈေတြအတြက္ ႀကိဳေလ်ာ္လိုက္ၿပီလို႔သိရပါတယ္။

တကယ္တမ္း ထုတ္ပယ္မခံရေသးေပမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ပြဲ ပထမပိုင္းၿပီးကတည္းက ဒီခန႔္မွန္းမႈေတြကို ႀကိဳေလ်ာ္လိုက္တာျဖစ္ေၾကာင္း Paddy Power ကေၾကညာပါတယ္။

ဒါဟာ နယ္သာလန္သားနည္းျပအတြက္ စိတ္ပ်က္စရာသတင္းဆိုးျဖစ္သလို မန္ယူအတြက္လည္း အခ်က္ေပးေခါင္းေလာင္းသံလို႔ ဆိုႏိုင္ပါတယ္။ သရဲနီေတြဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ဘ႐ိုက္တန္ကိုရႈံးခဲ့သလို

အခုလည္း ဘရန႔္ဖို႔ဒ္ကို အရွက္တကြဲရႈံးနိမ့္တာေၾကာင့္ အမွတ္ေပးဇယားၾကမ္းခင္း ေရာက္ေနပါတယ္။ တန္းဟတ္လည္း မန္ယူနည္းျပသစ္သမိုင္းမွာ မွတ္တမ္းဆိုးေတြပိုင္ဆိုင္ခဲ့ရပါတယ္။

အဲဒီပြဲအၿပီး ကြင္းထဲကထြက္လာတဲ့ ေရာ္နယ္ဒိုရဲ႕ပုံစံကိုၾကည့္ၿပီးေတာ့လည္း မန္ယူကေန အျမန္ဆုံးထြက္ခြာလိမ့္မယ္ဆိုတဲ့ ခန႔္မွန္းမႈေတြထြက္ေနပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ အေတာ္ေလးစိတ္ပ်က္လက္ပ်က္ျဖစ္ေနပုံရၿပီး

လက္ေထာက္နည္းျပမကၠလာရင္က မန္ယူပရိသတ္ေတြကိုႏႈတ္ဆက္ဖို႔ေျပာတာေတာင္ လ်စ္လ်ဴရႈခဲ့သလို နည္းျပတန္းဟတ္ကိုလည္း အေရးမလုပ္ဘဲ ဥမင္ထဲဝင္သြားခဲ့တာပါ။