ပင်နယ်တီ လုကန်နေကြတဲ့ နေမာနဲ့အမ်ဘာပီ မျက်နှာချင်းဆိုင် ရှင်းကြရတော့မယ်

နေမာနဲ့အမ်ဘာပီတို့ဇာတ်လမ်းကတော့ တဖြည်းဖြည်းနဲ့ပိုဆိုးလာပါပြီ။ သူတို့နှစ်ယောက် နောက်ဆုံးပြဿနာတက်ခဲ့တာက မောင့်ပယ်လီယာကို ၅-၂ ဂိုးနဲ့အနိုင်ရတဲ့ လီဂူး-၁ ပွဲစဉ်မှာပါ။ ပထမပိုင်း ၂၂ မိနစ်မှာရတဲ့ ပထမဆုံးပင်နယ်တီကို

အမ်ဘာပီကန်ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ ပီအက်စ်ဂျီဟာ ၄၃ မိနစ်မှာ ပင်နယ်တီထပ်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ နေမာနဲ့အမ်ဘာပီ သူကန်မယ်၊ ငါကန်မယ်ဖြစ်ကုန်ကြတာပါ။ နောက်ဆုံးမှာ နေမာကန်ပြီး ဂိုးဝင်ခဲ့ပါတယ်။

ပြဿနာက ဒီမှာတင်မပြီးဘဲ ပီအက်စ်ဂျီမှာ အခွင့်အရေးတွေ သူမတူအောင်ရနေတဲ့ အမ်ဘာပီကို အသင်းပိုင်ရှင်လို့လှောင်ထားတဲ့ တွစ်တာပို့စ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ နေမာက အဲဒီပို့စ်မှာ Like သွားပေးခဲ့တာကြောင့်

အသင်းတာဝန်ရှိသူတွေ ကြားဝင်ရမယ့်အခြေအနေ ဖြစ်လာခဲ့ရတာပါ။ နှစ်ယောက်လုံးဟာ ပီအက်စ်ဂျီအသင်း အကြံပေးပုဂ္ဂိုလ် လူးဝစ္စကမ်ပို့စ်နဲ့တွေ့ဆုံပြီး ဘယ်သူက ပင်နယ်တီရရင် ဦးစားပေးကန်သင့်တယ်ဆိုတာ

ဆွေးနွေးအဖြေရှာရတော့မယ်လို့ သိရပါတယ်။ တကယ်တော့ ဒါဟာ နည်းပြတာဝန်ဖြစ်ပြီး ဂယ်လ်တီယာရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့်လို့ တစ်ချို့က ဝေဖန်ကြပါတယ်။ မောင့်ပယ်လီယာနဲ့ပွဲကဖြစ်ရပ်အပေါ် သုံးသပ်ချိန်မှာလည်း

ပီအက်စ်ဂျီနည်းပြသစ်က ပင်နယ်တီကန်ဖို့ ဦးစားပေးသတ်မှတ်ထားတာ မရှိဘူးဆိုတာ ဝန်ခံသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘရာဇီးလ်တိုက်စစ်မှူးနဲ့ ပြင်သစ်တိုက်စစ်မှူးကြားက အဖုအထစ်တွေ ပိုဆိုးလာမှာကိုလည်း

ပီအက်စ်ဂျီပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ အမ်ဘာပီကို ပါရီကလပ်က အထူးအခွင့်အရေးတွေနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့နောက် နေမာကို အသင်းကနေ ရောင်းထုတ်ဖို့အထိ ပြင်သစ်သား ကြံစည်နေတယ်ဆိုတဲ့သတင်း ထွက်ခဲ့ဖူးသလို

ကွင်းထဲမှာလည်း ဘောလုံးပေးတာကအစ အမြင်မကြည်ဖြစ်နေကြတာပါ။ အထူးသဖြင့် အောက်တိုဘာလတုန်းက အခုလိုပဲ မောင့်ပယ်လီယာနဲ့ပွဲမှာ နေမာနဲ့ လူစားလဲခံရတော့ မကျေနပ်တဲ့အမ်ဘာပီက ဘရာဇီးလ်သားကို ကလေကချေလို့ ပြောခဲ့ဖူးတာပါပဲ။

(zawgyi)

ေနမာနဲ႔အမ္ဘာပီတို႔ဇာတ္လမ္းကေတာ့ တျဖည္းျဖည္းနဲ႔ပိုဆိုးလာပါၿပီ။ သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးျပႆနာတက္ခဲ့တာက ေမာင့္ပယ္လီယာကို ၅-၂ ဂိုးနဲ႔အႏိုင္ရတဲ့ လီဂူး-၁ ပြဲစဥ္မွာပါ။ ပထမပိုင္း ၂၂ မိနစ္မွာရတဲ့ ပထမဆုံးပင္နယ္တီကို

အမ္ဘာပီကန္ေပမယ့္ ဂိုးမဝင္ခဲ့ပါဘူး။ ပီအက္စ္ဂ်ီဟာ ၄၃ မိနစ္မွာ ပင္နယ္တီထပ္ရပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေနမာနဲ႔အမ္ဘာပီ သူကန္မယ္၊ ငါကန္မယ္ျဖစ္ကုန္ၾကတာပါ။ ေနာက္ဆုံးမွာ ေနမာကန္ၿပီး ဂိုးဝင္ခဲ့ပါတယ္။ ျပႆနာက ဒီမွာတင္မၿပီးဘဲ ပီအက္စ္ဂ်ီမွာ

အခြင့္အေရးေတြ သူမတူေအာင္ရေနတဲ့ အမ္ဘာပီကို အသင္းပိုင္ရွင္လို႔ေလွာင္ထားတဲ့ တြစ္တာပို႔စ္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။ ေနမာက အဲဒီပို႔စ္မွာ Like သြားေပးခဲ့တာေၾကာင့္ အသင္းတာဝန္ရွိသူေတြ ၾကားဝင္ရမယ့္အေျခအေန ျဖစ္လာခဲ့ရတာပါ။

ႏွစ္ေယာက္လုံးဟာ ပီအက္စ္ဂ်ီအသင္း အႀကံေပးပုဂၢိဳလ္ လူးဝစၥကမ္ပို႔စ္နဲ႔ေတြ႕ဆုံၿပီး ဘယ္သူက ပင္နယ္တီရရင္ ဦးစားေပးကန္သင့္တယ္ဆိုတာ ေဆြးေႏြးအေျဖရွာရေတာ့မယ္လို႔ သိရပါတယ္။ တကယ္ေတာ့ ဒါဟာ နည္းျပတာဝန္ျဖစ္ၿပီး

ဂယ္လ္တီယာရဲ႕စီမံခန႔္ခြဲမႈညံ့ဖ်င္းတာေၾကာင့္လို႔ တစ္ခ်ိဳ႕က ေဝဖန္ၾကပါတယ္။ ေမာင့္ပယ္လီယာနဲ႔ပြဲကျဖစ္ရပ္အေပၚ သုံးသပ္ခ်ိန္မွာလည္း ပီအက္စ္ဂ်ီနည္းျပသစ္က ပင္နယ္တီကန္ဖို႔ ဦးစားေပးသတ္မွတ္ထားတာ မရွိဘူးဆိုတာ ဝန္ခံသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ဘရာဇီးလ္တိုက္စစ္မႉးနဲ႔ ျပင္သစ္တိုက္စစ္မႉးၾကားက အဖုအထစ္ေတြ ပိုဆိုးလာမွာကိုလည္း ပီအက္စ္ဂ်ီပရိသတ္ေတြက စိုးရိမ္ေနၾကပါတယ္။ အမ္ဘာပီကို ပါရီကလပ္က အထူးအခြင့္အေရးေတြနဲ႔

စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ေနာက္ ေနမာကို အသင္းကေန ေရာင္းထုတ္ဖို႔အထိ ျပင္သစ္သား ႀကံစည္ေနတယ္ဆိုတဲ့သတင္း ထြက္ခဲ့ဖူးသလို ကြင္းထဲမွာလည္း ေဘာလုံးေပးတာကအစ အျမင္မၾကည္ျဖစ္ေနၾကတာပါ။

အထူးသျဖင့္ ေအာက္တိုဘာလတုန္းက အခုလိုပဲ ေမာင့္ပယ္လီယာနဲ႔ပြဲမွာ ေနမာနဲ႔ လူစားလဲခံရေတာ့ မေက်နပ္တဲ့အမ္ဘာပီက ဘရာဇီးလ္သားကို ကေလကေခ်လို႔ ေျပာခဲ့ဖူးတာပါပဲ။