ပင်နယ်တီ ဘာကြောင့်ပေးလိုက်ရတာလဲဆိုတာ နားမလည်နိုင်တာထက် မခံစားနိုင်အောင်ဖြစ်နေရတဲ့ မန်ယူပရိသတ်တွေ

ယူနိုက်တက်ဟာ ယူရိုပါလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လာလီဂါကလပ်ဆိုစီဒက်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဧည့်သည်တွေအတွက် ၅၉ မိနစ်မှာ ကွင်းလယ်လူမန်ဒက်စ်က ပင်နယ်တီကနေ အနိုင်ဂိုးသွင်းခဲ့တာပါ။

ဒါပေမဲ့ ဘာကြောင့် ဒီပင်နယ်တီပေးလိုက်ရတာလဲဆိုတာတော့ အခုထိ အငြင်းပွားနေကြဆဲပါပဲ။ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဟောင်း ဒေးဗစ်ဆေးလ်ဗားရဲ့ကန်ချက် မန်ယူနောက်ခံလူမာတီနက်ဇ် ခြေထောက်ကိုမှန်ပြီး ခုန်ထွက်လာရာမှာ

လက်ကိုထိသွားခဲ့ပါတယ်။ ဒါကိုကွင်းလယ်ဒိုင် မာကိုဒီဘယ်လိုက ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့တာပါ။ ဘောလုံးဂုရုကြီးတွေ၊ ပွဲစီစဉ်တင်ဆက်သူတွေနဲ့ ပရိသတ်တွေကတော့ VAR က ဒီဆုံးဖြတ်ချက်ကို ပယ်ချပေးလိမ့်မယ်လို့

မျှော်လင့်ခဲ့ကြပါတယ်။ အကြောင်းက လျှောထိုးကာကွယ်တဲ့ မာတီနက်ဇ်ရဲ့လက်ကို ဘောလုံးမှန်သွားပုံက သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သလို ရည်ရွယ်ချက်မပါလို့ပါပဲ။ ဒါ့အပြင် ဘောလုံးဟာ လက်မောင်းကို အတိအကျမှန်တာမျိုးမဟုတ်ဘဲ

တံတောင်ဆစ်လောက်ကို ထိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက VAR ဟာ ပင်နယ်တီဆုံးဖြတ်ချက်ကို အတည်ပြုပေးလိုက်တာပါ။ ပရိသတ်တွေကလည်း “ ဘယ်လိုပင်နယ်တီမျိုးလဲကွာ။

မာတီနက်ဇ်က ခြေထောက်နဲ့တားတာလေ။ ဘောလုံးကခုန်ပြီး လက်ကိုလာမှန်ခဲ့တာ။ ဒိုင်တွေက လုံးဝကိုေ-ာက်သုံးမကျဘူး ” ၊ “ စည်းမျဉ်းအားလုံးက ဒါပင်နယ်တီမဟုတ်ဘူးလို့ ပြောနေတယ်။ VAR ကတော့ ပင်နယ်တီတဲ့။

ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ တစ်ယောက်ယောက်များ သိကြလား ” စတဲ့ မှတ်ချက်တွေပေးပြီး ဝေဖန်နေကြပါတယ်။ စပိန်အခြေစိုက် Marca သတင်းစာနဲ့ ဘာစီလိုနာပရိသတ်တွေကတောင် ပင်နယ်တီမပေးသင့်ဘူးလို့ မှတ်ချက်ပေးနေကြတာပါ။

(zawgyi)

ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္အုပ္စုအဆင့္ အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လာလီဂါကလပ္ဆိုစီဒက္ကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။ ဧည့္သည္ေတြအတြက္ ၅၉ မိနစ္မွာ ကြင္းလယ္လူမန္ဒက္စ္က ပင္နယ္တီကေန အႏိုင္ဂိုးသြင္းခဲ့တာပါ။

ဒါေပမဲ့ ဘာေၾကာင့္ ဒီပင္နယ္တီေပးလိုက္ရတာလဲဆိုတာေတာ့ အခုထိ အျငင္းပြားေနၾကဆဲပါပဲ။ မန္စီးတီးကြင္းလယ္ၾကယ္ပြင့္ေဟာင္း ေဒးဗစ္ေဆးလ္ဗားရဲ႕ကန္ခ်က္ မန္ယူေနာက္ခံလူမာတီနက္ဇ္ ေျခေထာက္ကိုမွန္ၿပီး ခုန္ထြက္လာရာမွာ

လက္ကိုထိသြားခဲ့ပါတယ္။ ဒါကိုကြင္းလယ္ဒိုင္ မာကိုဒီဘယ္လိုက ပင္နယ္တီအျဖစ္ သတ္မွတ္ခဲ့တာပါ။ ေဘာလုံးဂု႐ုႀကီးေတြ၊ ပြဲစီစဥ္တင္ဆက္သူေတြနဲ႔ ပရိသတ္ေတြကေတာ့ VAR က ဒီဆုံးျဖတ္ခ်က္ကို ပယ္ခ်ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

အေၾကာင္းက ေလွ်ာထိုးကာကြယ္တဲ့ မာတီနက္ဇ္ရဲ႕လက္ကို ေဘာလုံးမွန္သြားပုံက သာမန္ျဖစ္ရပ္တစ္ခုသာျဖစ္သလို ရည္႐ြယ္ခ်က္မပါလို႔ပါပဲ။ ဒါ့အျပင္ ေဘာလုံးဟာ လက္ေမာင္းကို အတိအက်မွန္တာမ်ိဳးမဟုတ္ဘဲ တံေတာင္ဆစ္ေလာက္ကို

ထိသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အံ့အားသင့္စရာေကာင္းတာက VAR ဟာ ပင္နယ္တီဆုံးျဖတ္ခ်က္ကို အတည္ျပဳေပးလိုက္တာပါ။ ပရိသတ္ေတြကလည္း “ ဘယ္လိုပင္နယ္တီမ်ိဳးလဲကြာ။ မာတီနက္ဇ္က ေျခေထာက္နဲ႔တားတာေလ။

ေဘာလုံးကခုန္ၿပီး လက္ကိုလာမွန္ခဲ့တာ။ ဒိုင္ေတြက လုံးဝကိုေ-ာက္သုံးမက်ဘူး ” ၊ “ စည္းမ်ဥ္းအားလုံးက ဒါပင္နယ္တီမဟုတ္ဘူးလို႔ ေျပာေနတယ္။ VAR ကေတာ့ ပင္နယ္တီတဲ့။ ဘာေတြဆက္ျဖစ္ဦးမလဲဆိုတာ

တစ္ေယာက္ေယာက္မ်ား သိၾကလား ” စတဲ့ မွတ္ခ်က္ေတြေပးၿပီး ေဝဖန္ေနၾကပါတယ္။ စပိန္အေျခစိုက္ Marca သတင္းစာနဲ႔ ဘာစီလိုနာပရိသတ္ေတြကေတာင္ ပင္နယ္တီမေပးသင့္ဘူးလို႔ မွတ္ခ်က္ေပးေနၾကတာပါ။