ပင်နယ်တီသူရဲကောင်းဖြစ်ခဲ့တဲ့ ဟန်ဒါဆန်ကို ပြန်ခေါ်ပေးပါလို့ မန်ယူပရိသတ်တွေ တောင်းဆိုနေကြ

မန်ယူပရိသတ်တွေကတော့ တစ်သံတည်းထွက်လာကြပါပြီ။ နော်တင်ဟမ်ဖောရက်စ်ရောက်သွားတဲ့ ဂိုးသမားလေး ဒန်းဟန်ဒါဆန်ကို ပြန်ခေါ်ပေးပါဆိုတာပါပဲ။ ဒီဂီယာက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ

အမှားကြီးလုပ်ခဲ့တဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ညကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဟန်ဒါဆန်က လက်စွမ်းပြသွားခဲ့ပါတယ်။ အထူးသဖြင့် ၆၅ မိနစ်မှာ ဒီကလန်ရစ်ရဲ့ပင်နယ်တီကို ကာကွယ်ပြီး

နော်တင်ဟမ်အတွက် အနိုင်ရလဒ်ကိုထိန်းပေးသွားခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့လကမှ တန်းတက်နော်တင်ဟမ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရသူဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာရတဲ့နောက် အင်တာဗျူးတစ်ခုမှာ ဟန်ဒါဆန်ပေါက်ကွဲခဲ့သေးပေမယ့် လက်ရှိအချိန်မှာတော့ မန်ယူပရိသတ်အများစုက သူ့ကိုပြန်လိုချင်နေကြပါပြီ။

“ ဟန်ဒါဆန်က ပင်နယ်တီတစ်လုံး ကာကွယ်ခဲ့တယ်။ စွမ်းဆောင်မှုကလည်း ပြည့်စုံတယ်။ ဒီဂီယာကြောင့် ၂ ဂိုးပေးလိုက်ရပြီ။ ဆိုးရွားလွန်းပါတယ် ” လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ

ရေးသားထားပါတယ်။ နောက်တစ်ယောက်ကလည်း “ မန်ယူကထွက်တော့မှပဲ ဟန်ဒါဆန်ရဲ့တန်ဖိုးကို ပိုသိလာရတယ် ” လို့ ဆိုသလို

“ ဟန်ဒါဆန်ကို ပြန်ခေါ်ပေးပါ ” ဆိုတဲ့ မှတ်ချက်တွေလည်း ရှိနေပါတယ်။ နည်းပြဟောင်းဆိုးလ်ရှားရှိတုန်းက သူ့ကို နံပါတ်တစ်ဂိုးသမားနေရာပေးမယ်လို့ ကတိပေးထားကြောင်း ဟန်ဒါဆန် ဖွင့်ဟခဲ့ဖူးပါတယ်။

(zawgyi)

မန္ယူပရိသတ္ေတြကေတာ့ တစ္သံတည္းထြက္လာၾကပါၿပီ။ ေနာ္တင္ဟမ္ေဖာရက္စ္ေရာက္သြားတဲ့ ဂိုးသမားေလး ဒန္းဟန္ဒါဆန္ကို ျပန္ေခၚေပးပါဆိုတာပါပဲ။ ဒီဂီယာက ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ

အမွားႀကီးလုပ္ခဲ့တဲ့ေနာက္ တိုက္တိုက္ဆိုင္ဆိုင္ပဲ မေန႔ညကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဟန္ဒါဆန္က လက္စြမ္းျပသြားခဲ့ပါတယ္။ အထူးသျဖင့္ ၆၅ မိနစ္မွာ ဒီကလန္ရစ္ရဲ႕ပင္နယ္တီကို ကာကြယ္ၿပီး

ေနာ္တင္ဟမ္အတြက္ အႏိုင္ရလဒ္ကိုထိန္းေပးသြားခဲ့တာပါ။ အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ ၿပီးခဲ့တဲ့လကမွ တန္းတက္ေနာ္တင္ဟမ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ရသူျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကေနထြက္ခြာရတဲ့ေနာက္ အင္တာဗ်ဴးတစ္ခုမွာ ဟန္ဒါဆန္ေပါက္ကြဲခဲ့ေသးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ မန္ယူပရိသတ္အမ်ားစုက သူ႔ကိုျပန္လိုခ်င္ေနၾကပါၿပီ။

“ ဟန္ဒါဆန္က ပင္နယ္တီတစ္လုံး ကာကြယ္ခဲ့တယ္။ စြမ္းေဆာင္မႈကလည္း ျပည့္စုံတယ္။ ဒီဂီယာေၾကာင့္ ၂ ဂိုးေပးလိုက္ရၿပီ။ ဆိုး႐ြားလြန္းပါတယ္ ” လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ

ေရးသားထားပါတယ္။ ေနာက္တစ္ေယာက္ကလည္း “ မန္ယူကထြက္ေတာ့မွပဲ ဟန္ဒါဆန္ရဲ႕တန္ဖိုးကို ပိုသိလာရတယ္ ” လို႔ ဆိုသလို “ ဟန္ဒါဆန္ကို ျပန္ေခၚေပးပါ ” ဆိုတဲ့

မွတ္ခ်က္ေတြလည္း ရွိေနပါတယ္။ နည္းျပေဟာင္းဆိုးလ္ရွားရွိတုန္းက သူ႔ကို နံပါတ္တစ္ဂိုးသမားေနရာေပးမယ္လို႔ ကတိေပးထားေၾကာင္း ဟန္ဒါဆန္ ဖြင့္ဟခဲ့ဖူးပါတယ္။