ရာမို့စ်ကိုပင်နယ်တီပေးကန်ပြီး အမုန်းတွေသင်ပုန်းချေလိုက်တဲ့ မက်ဆီ

တစ်ယောက်ကဖြုတ်လိုက်လို့ တစ်ယောက်ကလဲကျ၊ မကျေနပ်လို့ လက်စားချေတော့ သူလိုလူမျိုးက ဒီလိုမညစ်သင့်ဘူး၊ စကားလုံးတိုက်ပွဲတွေကလည်း မရိုးနိုင်အောင်ကြားခဲ့ရ။

တစ်ချိန်က ဘာစီလိုနာနဲ့ရီးရဲလ်မှာ မက်ဆီနဲ့ရာမို့စ် ကျင်လည်ခဲ့စဉ်ကပုံရိပ်တွေဟာ အမှတ်ထင်ထင်ရှိနေဆဲပါ။ ဒါပေမဲ့ အချိန်က အရာအားလုံးကိုမပြောင်းလဲနိုင်ရင်တောင်

သူတို့နှစ်ဦးကြားဆက်ဆံရေးကို ပြောင်းလဲစေခဲ့ပါပြီ။ မနေ့ညက ပီအက်စ်ဂျီဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် လီဂူး-၂ ကလပ်လေး ကွီဗီလီနဲ့ကစားခဲ့တယ်။ နည်းပြသစ်ဂယ်လ်တီယာရဲ့ပွဲဦးထွက်မှာ

မက်ဆီရော ရာမို့စ်ပါ ပထမအသင်းသားတွေဖြစ်ခဲ့ကြတယ်။ လီဂူး-၁ ချန်ပီယံဟာ မက်ဆီကြောင့် ပင်နယ်တီရခဲ့တယ်။ ဘာစီလိုနာမှာ အသင်းခေါင်းဆောင်ဘဝနဲ့ ပင်နယ်တီတွေ တဒိုင်းဒိုင်းကန်ခဲ့တဲ့

အာဂျင်တီးနားတိုက်စစ်မှူးက သူကိုယ်တိုင်မကန်ဘူး။ ရာမို့စ်ကို ပေးကန်ခဲ့တယ်။ ရီးရဲလ်အသင်းခေါင်းဆောင်ဟောင်းကလည်း တည်တည်ငြိမ်ငြိမ်ပဲ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြတယ်။ ဒီမြင်ကွင်းဟာ ပီအက်စ်ဂျီပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

တစ်ချို့က မက်ဆီရဲ့စိတ်ထားကိုချီးကျူးကြတယ်။ တစ်ချို့ကလည်း ရာမို့စ်ရဲ့ခံယူပုံကို ထောပနာပြုကြတယ်။ အများစုကတော့ ရန်သူတော်နှစ်ဦး ငြိမ်းချမ်းရေးရသွားပုံကို ဖရဏာပီတိဂွမ်းဆီထိခဲ့ကြတာပါ။

(zawgyi)

တစ္ေယာက္ကျဖဳတ္လိုက္လို႔ တစ္ေယာက္ကလဲက်၊ မေက်နပ္လို႔ လက္စားေခ်ေတာ့ သူလိုလူမ်ိဳးက ဒီလိုမညစ္သင့္ဘူး၊ စကားလုံးတိုက္ပြဲေတြကလည္း မ႐ိုးႏိုင္ေအာင္ၾကားခဲ့ရ။

တစ္ခ်ိန္က ဘာစီလိုနာနဲ႔ရီးရဲလ္မွာ မက္ဆီနဲ႔ရာမို႔စ္ က်င္လည္ခဲ့စဥ္ကပုံရိပ္ေတြဟာ အမွတ္ထင္ထင္ရွိေနဆဲပါ။ ဒါေပမဲ့ အခ်ိန္က အရာအားလုံးကိုမေျပာင္းလဲႏိုင္ရင္ေတာင္

သူတို႔ႏွစ္ဦးၾကားဆက္ဆံေရးကို ေျပာင္းလဲေစခဲ့ပါၿပီ။ မေန႔ညက ပီအက္စ္ဂ်ီဟာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ လီဂူး-၂ ကလပ္ေလး ကြီဗီလီနဲ႔ကစားခဲ့တယ္။ နည္းျပသစ္ဂယ္လ္တီယာရဲ႕ပြဲဦးထြက္မွာ

မက္ဆီေရာ ရာမို႔စ္ပါ ပထမအသင္းသားေတြျဖစ္ခဲ့ၾကတယ္။ လီဂူး-၁ ခ်န္ပီယံဟာ မက္ဆီေၾကာင့္ ပင္နယ္တီရခဲ့တယ္။ ဘာစီလိုနာမွာ အသင္းေခါင္းေဆာင္ဘဝနဲ႔ ပင္နယ္တီေတြ တဒိုင္းဒိုင္းကန္ခဲ့တဲ့

အာဂ်င္တီးနားတိုက္စစ္မႉးက သူကိုယ္တိုင္မကန္ဘူး။ ရာမို႔စ္ကို ေပးကန္ခဲ့တယ္။ ရီးရဲလ္အသင္းေခါင္းေဆာင္ေဟာင္းကလည္း တည္တည္ၿငိမ္ၿငိမ္ပဲ ဂိုးအျဖစ္ေျပာင္းလဲေပးခဲ့တယ္။

အဲဒီေနာက္ သူတို႔ႏွစ္ေယာက္ဟာ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ၾကတယ္။ ဒီျမင္ကြင္းဟာ ပီအက္စ္ဂ်ီပရိသတ္ေတြအတြက္ ေက်နပ္စရာျဖစ္ခဲ့ပါတယ္။ တစ္ခ်ိဳ႕က မက္ဆီရဲ႕စိတ္ထားကိုခ်ီးက်ဴးၾကတယ္။

တစ္ခ်ိဳ႕ကလည္း ရာမို႔စ္ရဲ႕ခံယူပုံကို ေထာပနာျပဳၾကတယ္။ အမ်ားစုကေတာ့ ရန္သူေတာ္ႏွစ္ဦး ၿငိမ္းခ်မ္းေရးရသြားပုံကို ဖရဏာပီတိဂြမ္းဆီထိခဲ့ၾကတာပါ။