
မနေ့က ပိုလန်နဲ့ဆွီဒင် ပွဲမှာ လီဝန်ဒေါစကီး ၅၀ မိနစ်(ပင်နယ်တီ)၊
ဇီလင်စကီး ၇၂ မိနစ်တို့ရဲ့သွင်းဂိုးတွေကြောင့် ပိုလန်ဟာ ၂ ဂိုး ဂိုးမရှိနဲ့
ဆွီဒင်ကို ကျော်ဖြတ်ပြီး ကာတာကို ခြေချခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
တစ်ဖက်က ဆွီဒင်မှာလည်း ကစားသမားကောင်းတွေပါဝင်ခဲ့ပေမယ့်
ရှုံးပွဲကြုံသွားခဲ့တာကြောင့် နတ်ဘုရားကြီး ဇလာတန်တစ်ယောက်
ကမ္ဘာ့ဖလားကစားခွင့်ရရှိတော့မှာမဟုတ်ပါဘူး။
ဆွီဒင် အသင်း နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဖိုင်နယ်မှာ
ကန်သွင်း ရတဲ့ ပင်နယ်တီ ဟာ သူ့ဘဝ တစ်လျှောက် ဖိအား အများဆုံး
ပင်နယ်တီတွေထဲက တစ်ခု ဖြစ်ကြောင်း ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီး က
ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ပွဲအပြီးမှာ အကြီးအကျယ် အောင်ပွဲ ခံခဲ့တဲ့
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး က ” တကယ့်ကို ထူးခြားတဲ့ ပွဲတစ်ပွဲပါပဲ။
ကျွန်တော်တို့ အားလုံး ဘာအတွက် ကစားနေကြသလဲဆိုတာ သိကြပါတယ်၊
ကိုယ့်ကွင်းမှာ ကိုယ်ကစားရတာကလည်း ပိုလွယ်ကူစေခဲ့တယ်ဆိုရမှာပါ ”
” ကျွန်တော်တို့ သွင်းဂိုးရပြီးနောက်ပိုင်း ဆွီဒင် က အနိုင်ရလိုစိတ် အပြည့်နဲ့
ပြန်ကစား ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း
ကစားနိုင်ခဲ့ပြီး သွင်းဂိုး ရနိုင်တဲ့ အလားအလာ အခြေအနေ တချို့ကိုလည်း
ဖန်တီး နိုင်ခဲ့ပါတယ်။ ကျွန်တော့် ဘဝမှာ စိတ်ထဲ အလေးလံရဆုံး
ဖိအားအများဆုံး ပင်နယ်တီ တစ်ခုပါပဲ၊ ဖိအားတွေကို ကျွန်တော် သတိပြုမိခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော် ဂိုးဝင်အောင် ကန်သွင်းနိုင်ရေးကိုပဲ အာရုံစိုက်
လုပ်ဆောင် ခဲ့ပါတယ်” ” ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ဘယ်လောက်အထိ
အရေးပါသလဲ ဆိုတာ သိပါတယ်။ ပင်နယ်တီ ကန်သွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ
အတော်လေး ဝမ်းသာ ပီတိ ဖြစ်ရပါတယ်”လို့ ပြောပါတယ်။
zawgyi
” ပင္နယ္တီကန္သြင္းရတဲ့ ခံစားခ်က္က စိတ္ထဲအေလးလံဆုံးပါပဲ ” လီဝန္ေဒါစကီး
မေန႔က ပိုလန္နဲ႔ဆြီဒင္ ပြဲမွာ လီဝန္ေဒါစကီး ၅၀ မိနစ္(ပင္နယ္တီ)၊
ဇီလင္စကီး ၇၂ မိနစ္တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ပိုလန္ဟာ ၂ ဂိုး ဂိုးမရွိနဲ႔
ဆြီဒင္ကို ေက်ာ္ျဖတ္ၿပီး ကာတာကို ေျခခ်ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။
တစ္ဖက္က ဆြီဒင္မွာလည္း ကစားသမားေကာင္းေတြပါဝင္ခဲ့ေပမယ့္
ရႈံးပြဲႀကဳံသြားခဲ့တာေၾကာင့္ နတ္ဘုရားႀကီး ဇလာတန္တစ္ေယာက္
ကမာၻ႔ဖလားကစားခြင့္ရရွိေတာ့မွာမဟုတ္ပါဘူး။
ဆြီဒင္ အသင္း နဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ Play-off ဖိုင္နယ္မွာ
ကန္သြင္း ရတဲ့ ပင္နယ္တီ ဟာ သူ႔ဘဝ တစ္ေလွ်ာက္ ဖိအား အမ်ားဆုံး
ပင္နယ္တီေတြထဲက တစ္ခု ျဖစ္ေၾကာင္း ပိုလန္ တိုက္စစ္မႉး လီဝန္ေဒါစကီး က
ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္။ ပြဲအၿပီးမွာ အႀကီးအက်ယ္ ေအာင္ပြဲ ခံခဲ့တဲ့
ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါစကီး က ” တကယ့္ကို ထူးျခားတဲ့ ပြဲတစ္ပြဲပါပဲ။
ကြၽန္ေတာ္တို႔ အားလုံး ဘာအတြက္ ကစားေနၾကသလဲဆိုတာ သိၾကပါတယ္၊
ကိုယ့္ကြင္းမွာ ကိုယ္ကစားရတာကလည္း ပိုလြယ္ကူေစခဲ့တယ္ဆိုရမွာပါ ”
” ကြၽန္ေတာ္တို႔ သြင္းဂိုးရၿပီးေနာက္ပိုင္း ဆြီဒင္ က အႏိုင္ရလိုစိတ္ အျပည့္နဲ႔
ျပန္ကစား ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ခံစစ္ကို ေကာင္းေကာင္း
ကစားႏိုင္ခဲ့ၿပီး သြင္းဂိုး ရႏိုင္တဲ့ အလားအလာ အေျခအေန တခ်ိဳ႕ကိုလည္း
ဖန္တီး ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ့္ ဘဝမွာ စိတ္ထဲ အေလးလံရဆုံး
ဖိအားအမ်ားဆုံး ပင္နယ္တီ တစ္ခုပါပဲ၊ ဖိအားေတြကို ကြၽန္ေတာ္ သတိျပဳမိခဲ့ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္ ဂိုးဝင္ေအာင္ ကန္သြင္းႏိုင္ေရးကိုပဲ အာ႐ုံစိုက္
လုပ္ေဆာင္ ခဲ့ပါတယ္” ” ဒီေန႔ပြဲက ကြၽန္ေတာ္တို႔ အတြက္ ဘယ္ေလာက္အထိ
အေရးပါသလဲ ဆိုတာ သိပါတယ္။ ပင္နယ္တီ ကန္သြင္းႏိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာ
အေတာ္ေလး ဝမ္းသာ ပီတိ ျဖစ္ရပါတယ္”လို႔ ေျပာပါတယ္။
Leave a Reply