
ပင်နယ်တီကန်သွင်းမှု စိတ်ဓာတ်စစ်ဆင်ရေးတွေဟာ ကန်သွင်းသူတွေကို
ရှုပ်ထွေးသွားစေဖို့ သံသယတွေများလာစေဖို့ ရည်ရွယ်ပါတယ်။
( ၂၀၂၁/၂၂ ) မှာ ဒါတွေကို ပိုမိုမြင်တွေ့လာရပါတယ်။
ဒါကြောင့် စိတ်ဓာတ်စစ်ဆင်းရေးပုံစံ ( ၁၀ ) ခုကို တင်ပြပေးလိုက်ပါတယ်။
( ၁ ) ပင်နယ်တီစပေါ့ကို ဖျက်ဆီးခြင်း
ပင်နယ်တီစပေါ့ကို ဖျက်ဆီးခြင်းက ဘောလုံးတည်ဖို့ နေရာကို ပျက်စီးစေရုံသာမက
“ ဒါက ငါ့နေရာ ၊နောက်ဆုတ်လိုက်။”ဆိုတဲ့ ပုံစံပါ သက်ရောက်မှုရှိပါတယ်။
တောင်အမေရိကအကြိုက်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း မကြာခဏ တွေ့ရတတ်ပါတယ်။
( ၂ ) ပင်နယ်တီစပေါ့မှာ နှောင့်ယှက်ခြင်း
ပင်နယ်တီကန်သွင်းသူကို အဲ့ဒီနေရာမှာသွားတွေ့တာကလည်း
နောက်ထပ်စိတ်ဓာတ်စစ်ဆေးရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆာလာဟာ အဆိုပါ လုပ်ရပ်တွေကြောင့် ဒီရာသီအတွင်း ပင်နယ်တီ ( ၂ ) ကြိမ် လွဲချော်ခဲ့ပါတယ်။
( ၃ ) နေရာ လွမ်းမိုးခြင်း
နော်ဝှစ်ချ် ဂိုးသမား Tim Krul ပြုလုပ်လေ့ရှိတဲ့ ပုံစံဖြစ်ပြီး ပင်နယ်တီဧရိယာဝန်းကျင်က
နေရာတွေကို လျှောက်သွားပြီး Spatial domination လုပ်ခြင်းဖြစ်ပါတယ်။
( ၄ ) ဂိုးစည်းပေါ်မှ နှောင့်ယှက်ခြင်း
ဂိုးသမားတွေဟာ နှောင့်ယှက်မှုတွေ ပြုလုပ်ဖို့ ကြိုးစားပြီးနောက် ( ၁၀ ) ရာခိုင်နှုန်း
ပိုမိုကာကွယ်နိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ကာရာဘောင် ဆီမီးဖိုင်နယ်မှာ ကယ်ပါဟာလည်း ဗန်ဒိုက် မကန်သွင်းမီ
ဂိုးရဲ့ တစ်ဖက်ခြမ်းကို ဦးစားပေးနေရာယူခဲ့ပါတယ်။
ဗန်ဒိုက်က ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် နေမာကတော့ အလားတူ
အခြေအနေကြောင့် လွဲချော်ခဲ့ဖူးပါတယ်။
( ၅ ) ဟန်ဆောင်ကာကွယ်မှုများ
ဂိုးသမားတွေရဲ့ လုပ်ရပ်အပေါ် မူတည်ပြီး ကန်သွင်းလေ့ရှိတဲ့ ဂျော်ဂျင်ဟိုနဲ့
ရင်ဆိုင်တွေ့ချိန်မှာ Sommer က ဘယ်ဘက်ကို အနည်းငယ်အားယူပြီး
ညာဘက်ကို လှဲချကာ ကာကွယ်နိုင်ခဲ့ပါတယ်။
( ၆ ) ဘာသာရေး အလေ့အကျင့်များ
ဘရာဇီးလ်လိဂ်မှာ ဒီလိုအရာတွေ အတွေ့ရများပါတယ်။
အက်သလက်တီကို မင်နဲရိုးဂိုးသမား Everson ပင်နယ်တီတွေ မဖမ်းခင်
ကန်သွင်းမယ့်သူကို ကျောပေးပြီး ဘာသာရေးအလေ့အထတစ်ခု ပြုလုပ်လေ့ရှိပါတယ်။
( ၇ ) အသင်းလိုက် ချဉ်းကပ်ခြင်း
မင်နဲရိုးအသင်းက ပင်နယ်တီပေးရတဲ့အခါတိုင်း သူတို့ဟာ ကန်သွင်းမယ့်သူရဲ့ အနားကိုသွားပြီး
မကန်သွင်းခင် အဲ့ဒီကစားသမား နောက်ဆုံးကြားရမယ့်အရာဟာ
သူတို့စကားပဲဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှောင့်ယှက်ပြောဆိုမှုတွေ ပြုလုပ်လေ့ရှိပါတယ်။
( ၈ ) လူမှုရေးဆိုင်ရာ လှည့်စားခြင်း
အီမီ မာတီးနက်က ဒီနေရာမှာတော်တော် ကျွမ်းပါတယ်။
ယူနိုက်တက်နဲ့ပွဲမှာ ကန်သွင်းမယ့်သူ ဖာနန်ဒက်စ်ကိုမဟုတ်ပဲ ရော်နယ်ဒိုကို
လက်ညိုးညွှန်ပြီး “ သူ ပင်နယ်တီ ကန်သင့်တယ်။”လို့ ဆိုခဲ့ပါတယ်။
အဲ့ဒီကာလက ယူနိုက်တက်မှာ ဘယ်သူပယ်နယ်တီကန်သင့်လဲဆိုတဲ့
မေးခွန်းတွေ ထွက်ပေါ်နေချိန်ဖြစ်ပါတယ်။
( ၉ ) လေးစားမှုမရှိခြင်း
မာတီးနက်စ်က ပင်နယ်တီ ကန်သွင်းမယ့် ဂျော်ဂျင်ဟိုကို လက်ဆွဲနှုတ်ဆက်ပြီးနောက်
ပင်နယ်တီစပေါ့ကို ခြေထောက်နဲ့ ဖျက်ဆီးကာ မလေးမစားပြုမူခဲ့ပါတယ်။
( ၁၀ ) အငြင်းပွားဖွယ် စော်ကားမှုများ
တချို့က အစောပိုင်းမှာ နွေးထွေးပုံပေါ်ပေမယ့် နောက်ဆုံးမှာ ရင်ထဲ ထိခိုက်သွားစေတတ်ပါတယ်။
ယူရိုပြိုင်ပွဲမှာ ချီလီနီက စပိန်အသင်းခေါင်းဆောင်ကို ပွေ့ဖက်နှုတ်ဆက်ပြီး
မေးကို တစ်ချက်ပုတ်ကာ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။
အရံဒိုင်ကတောင် အယ်လ်ဘာကို လက်ညိုးထိုးပြီး ရယ်မိသွားခဲ့ပါတယ်။
zawgyi
ပင္နယ္တီကန္သြင္းမယ့္သူကို ၿပိဳင္ဘက္အသင္းသားေတြ ျပဳလုပ္ေလ့ရွိတဲ့ စိတ္ဓာတ္စစ္ဆင္ေရး (၁၀)ခု
ပင္နယ္တီကန္သြင္းမႈ စိတ္ဓာတ္စစ္ဆင္ေရးေတြဟာ ကန္သြင္းသူေတြကို
ရႈပ္ေထြးသြားေစဖို႔ သံသယေတြမ်ားလာေစဖို႔ ရည္႐ြယ္ပါတယ္။
( ၂၀၂၁/၂၂ ) မွာ ဒါေတြကို ပိုမိုျမင္ေတြ႕လာရပါတယ္။
ဒါေၾကာင့္ စိတ္ဓာတ္စစ္ဆင္းေရးပုံစံ ( ၁၀ ) ခုကို တင္ျပေပးလိုက္ပါတယ္။
( ၁ ) ပင္နယ္တီစေပါ့ကို ဖ်က္ဆီးျခင္း
ပင္နယ္တီစေပါ့ကို ဖ်က္ဆီးျခင္းက ေဘာလုံးတည္ဖို႔ ေနရာကို ပ်က္စီးေစ႐ုံသာမက
“ ဒါက ငါ့ေနရာ ၊ေနာက္ဆုတ္လိုက္။”ဆိုတဲ့ ပုံစံပါ သက္ေရာက္မႈရွိပါတယ္။
ေတာင္အေမရိကအႀကိဳက္ျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း မၾကာခဏ ေတြ႕ရတတ္ပါတယ္။
( ၂ ) ပင္နယ္တီစေပါ့မွာ ေႏွာင့္ယွက္ျခင္း
ပင္နယ္တီကန္သြင္းသူကို အဲ့ဒီေနရာမွာသြားေတြ႕တာကလည္း
ေနာက္ထပ္စိတ္ဓာတ္စစ္ေဆးေရးနည္းလမ္းတစ္ခုျဖစ္ပါတယ္။
ဆာလာဟာ အဆိုပါ လုပ္ရပ္ေတြေၾကာင့္ ဒီရာသီအတြင္း ပင္နယ္တီ ( ၂ ) ႀကိမ္ လြဲေခ်ာ္ခဲ့ပါတယ္။
( ၃ ) ေနရာ လြမ္းမိုးျခင္း
ေနာ္ဝွစ္ခ်္ ဂိုးသမား Tim Krul ျပဳလုပ္ေလ့ရွိတဲ့ ပုံစံျဖစ္ၿပီး ပင္နယ္တီဧရိယာဝန္းက်င္က
ေနရာေတြကို ေလွ်ာက္သြားၿပီး Spatial domination လုပ္ျခင္းျဖစ္ပါတယ္။
( ၄ ) ဂိုးစည္းေပၚမွ ေႏွာင့္ယွက္ျခင္း
ဂိုးသမားေတြဟာ ေႏွာင့္ယွက္မႈေတြ ျပဳလုပ္ဖို႔ ႀကိဳးစားၿပီးေနာက္ ( ၁၀ ) ရာခိုင္ႏႈန္း
ပိုမိုကာကြယ္ႏိုင္တယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္။
ကာရာေဘာင္ ဆီမီးဖိုင္နယ္မွာ ကယ္ပါဟာလည္း ဗန္ဒိုက္ မကန္သြင္းမီ
ဂိုးရဲ႕ တစ္ဖက္ျခမ္းကို ဦးစားေပးေနရာယူခဲ့ပါတယ္။
ဗန္ဒိုက္က ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ေပမယ့္ ေနမာကေတာ့ အလားတူ
အေျခအေနေၾကာင့္ လြဲေခ်ာ္ခဲ့ဖူးပါတယ္။
( ၅ ) ဟန္ေဆာင္ကာကြယ္မႈမ်ား
ဂိုးသမားေတြရဲ႕ လုပ္ရပ္အေပၚ မူတည္ၿပီး ကန္သြင္းေလ့ရွိတဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔
ရင္ဆိုင္ေတြ႕ခ်ိန္မွာ Sommer က ဘယ္ဘက္ကို အနည္းငယ္အားယူၿပီး
ညာဘက္ကို လွဲခ်ကာ ကာကြယ္ႏိုင္ခဲ့ပါတယ္။
( ၆ ) ဘာသာေရး အေလ့အက်င့္မ်ား
ဘရာဇီးလ္လိဂ္မွာ ဒီလိုအရာေတြ အေတြ႕ရမ်ားပါတယ္။
အက္သလက္တီကို မင္နဲ႐ိုးဂိုးသမား Everson ပင္နယ္တီေတြ မဖမ္းခင္
ကန္သြင္းမယ့္သူကို ေက်ာေပးၿပီး ဘာသာေရးအေလ့အထတစ္ခု ျပဳလုပ္ေလ့ရွိပါတယ္။
( ၇ ) အသင္းလိုက္ ခ်ဥ္းကပ္ျခင္း
မင္နဲ႐ိုးအသင္းက ပင္နယ္တီေပးရတဲ့အခါတိုင္း သူတို႔ဟာ ကန္သြင္းမယ့္သူရဲ႕ အနားကိုသြားၿပီး
မကန္သြင္းခင္ အဲ့ဒီကစားသမား ေနာက္ဆုံးၾကားရမယ့္အရာဟာ
သူတို႔စကားပဲျဖစ္ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေႏွာင့္ယွက္ေျပာဆိုမႈေတြ ျပဳလုပ္ေလ့ရွိပါတယ္။
( ၈ ) လူမႈေရးဆိုင္ရာ လွည့္စားျခင္း
အီမီ မာတီးနက္က ဒီေနရာမွာေတာ္ေတာ္ ကြၽမ္းပါတယ္။
ယူႏိုက္တက္နဲ႔ပြဲမွာ ကန္သြင္းမယ့္သူ ဖာနန္ဒက္စ္ကိုမဟုတ္ပဲ ေရာ္နယ္ဒိုကို
လက္ညိဳးၫႊန္ၿပီး “ သူ ပင္နယ္တီ ကန္သင့္တယ္။”လို႔ ဆိုခဲ့ပါတယ္။
အဲ့ဒီကာလက ယူႏိုက္တက္မွာ ဘယ္သူပယ္နယ္တီကန္သင့္လဲဆိုတဲ့
ေမးခြန္းေတြ ထြက္ေပၚေနခ်ိန္ျဖစ္ပါတယ္။
( ၉ ) ေလးစားမႈမရွိျခင္း
မာတီးနက္စ္က ပင္နယ္တီ ကန္သြင္းမယ့္ ေဂ်ာ္ဂ်င္ဟိုကို လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္
ပင္နယ္တီစေပါ့ကို ေျခေထာက္နဲ႔ ဖ်က္ဆီးကာ မေလးမစားျပဳမူခဲ့ပါတယ္။
( ၁၀ ) အျငင္းပြားဖြယ္ ေစာ္ကားမႈမ်ား
တခ်ိဳ႕က အေစာပိုင္းမွာ ေႏြးေထြးပုံေပၚေပမယ့္ ေနာက္ဆုံးမွာ ရင္ထဲ ထိခိုက္သြားေစတတ္ပါတယ္။
ယူ႐ိုၿပိဳင္ပြဲမွာ ခ်ီလီနီက စပိန္အသင္းေခါင္းေဆာင္ကို ေပြ႕ဖက္ႏႈတ္ဆက္ၿပီး
ေမးကို တစ္ခ်က္ပုတ္ကာ စိတ္ဓာတ္စစ္ဆင္ေရးျပဳလုပ္ခဲ့ပါတယ္။
အရံဒိုင္ကေတာင္ အယ္လ္ဘာကို လက္ညိဳးထိုးၿပီး ရယ္မိသြားခဲ့ပါတယ္။
Leave a Reply