နှုတ်ဆက်မျက်ရည်တွေနဲ့အတူ ဘယ်လ်ဂျီယံအသင်းနည်းပြရာထူးကနေ မာတီနက်ဇ် နုတ်ထွက်

ဘယ်လ်ဂျီယံအသင်းနည်းပြရော်ဘတ်တိုမာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် နည်းပြရာထူးကနေ နုတ်ထွက်သွားပြီ
ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားအသင်းကို အနိုင်မကစားနိုင်ဘဲ
ဂိုးမရှိသရေကျခဲ့တာကြောင့် ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား
အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာလည်းဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ပွဲအပြီး အင်တာဗျူးမှာ
မာတီနက်ဇ်က ဝမ်းနည်းမျက်ရည်တွေနဲ့အတူ “ဒီပွဲဟာ ကျွန်တော့်ရဲ့ ဘယ်လ်ဂျီယံ
အသင်းနည်းပြဘ၀ နောက်ဆုံးပွဲဖြစ်ပါတယ်”ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

ဝီဂန်နဲ့ အဲဗာတန်နည်းပြဟောင်း မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယံအသင်းကို ၂၀၁၆
ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်းနား၊

ဗာတွန်ဂန်တို့လို ရွှေရောင်မျိုးဆက်သစ်ကစားသမားတွေ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့(၄)နှစ်တာကာလအတွင်း ဘယ်လ်ဂျီယံအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်

သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို နှစ်အတော်ကြာ သိမ်းပိုက်ခဲ့ပြီး
အခုလောလောဆယ်မှာလည်း ဘရာဇီးလ်ရဲ့နောက် အဆင့်(၂)အဖြစ် ရပ်တည်နေတာ
ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့်ကစားသမားကောင်းတွေ အများကြီးရှိပေမယ့်
နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဆုဖလားအောင်မြင်မှု မယူနိုင်ဘဲ ၂၀၁၈ ကမ္ဘာ့ဖလားမှာ
တတိယ၊ ယူရို-၂၀၁၆၊ ၂၀၂၀ ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်သာ အမြင့်ဆုံး
ရောက်ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ရွှေရောင်မျိုးဆက်ကစားသမားတွေရဲ့

အသက်အရွယ်ကြောင့် ကျဆင်းလာမှုနဲ့အတူ ဘယ်လ်ဂျီယံတို့ ကမ္ဘာ့ဖလားအုပ်စုကနေ
လက်ပြနှုတ်ဆက်လိုက်ရပါပြီ။

[Zawgyi]

ဘယ္လ္ဂ်ီယံအသင္းနည္းျပေရာ္ဘတ္တိုမာတီနက္ဇ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ
အုပ္စုအဆင့္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ နည္းျပရာထူးကေန ႏုတ္ထြက္သြားၿပီ
ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ခ႐ိုေအးရွားအသင္းကို အႏိုင္မကစားႏိုင္ဘဲ
ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ၁၉၉၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလား
အုပ္စုအဆင့္ကေန ထြက္ခဲ့ရတာလည္းျဖစ္ပါတယ္။ ခ႐ိုေအးရွားနဲ႔ပြဲအၿပီး အင္တာဗ်ဴးမွာ
မာတီနက္ဇ္က ဝမ္းနည္းမ်က္ရည္ေတြနဲ႔အတူ “ဒီပြဲဟာ ကြၽန္ေတာ့္ရဲ႕ ဘယ္လ္ဂ်ီယံ

အသင္းနည္းျပဘ၀ ေနာက္ဆုံးပြဲျဖစ္ပါတယ္”ဆိုၿပီး အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဝီဂန္နဲ႔ အဲဗာတန္နည္းျပေဟာင္း မာတီနက္ဇ္ဟာ ဘယ္လ္ဂ်ီယံအသင္းကို ၂၀၁၆

ခုႏွစ္ကတည္းက စတင္ကိုင္တြယ္ခဲ့ၿပီး သူ႔လက္ထက္မွာ ဟာဇက္၊ လူကာကူ၊ ဒီဘ႐ိုင္းနား၊
ဗာတြန္ဂန္တို႔လို ေ႐ႊေရာင္မ်ိဳးဆက္သစ္ကစားသမားေတြ ပိုင္ဆိုင္ခြင့္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့(၄)ႏွစ္တာကာလအတြင္း ဘယ္လ္ဂ်ီယံအသင္းဟာ ဖီဖာကမာၻ႔အဆင့္
သတ္မွတ္ခ်က္မွာ အဆင့္(၁)ေနရာကို ႏွစ္အေတာ္ၾကာ သိမ္းပိုက္ခဲ့ၿပီး
အခုေလာေလာဆယ္မွာလည္း ဘရာဇီးလ္ရဲ႕ေနာက္ အဆင့္(၂)အျဖစ္ ရပ္တည္ေနတာ
ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ကမာၻ႔အဆင့္ကစားသမားေကာင္းေတြ အမ်ားႀကီးရွိေပမယ့္
ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဆုဖလားေအာင္ျမင္မႈ မယူႏိုင္ဘဲ ၂၀၁၈ ကမာၻ႔ဖလားမွာ
တတိယ၊ ယူ႐ို-၂၀၁၆၊ ၂၀၂၀ ၿပိဳင္ပြဲေတြမွာ ကြာတားဖိုင္နယ္အဆင့္သာ အျမင့္ဆုံး

ေရာက္ရွိခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ေ႐ႊေရာင္မ်ိဳးဆက္ကစားသမားေတြရဲ႕
အသက္အ႐ြယ္ေၾကာင့္ က်ဆင္းလာမႈနဲ႔အတူ ဘယ္လ္ဂ်ီယံတို႔ ကမာၻ႔ဖလားအုပ္စုကေန
လက္ျပႏႈတ္ဆက္လိုက္ရပါၿပီ။