နှစ်ပေါင်း(၃၀)ကျော်အကြာမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ခွင့်ရအောင် စွမ်းဆောင်ခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်ရဲ့ သူရဲကောင်း ဟန်ဒါဆင်

နော်တင်ဟမ်ဖော်ရက်စ်ဂိုးသမား ဟန်ဒါဆင်ဟာ လိဂ်ဖလားကွာတား

ဖိုင်နယ်ပွဲအဖြစ် ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ
လက်စွမ်းပြကာကွယ်ခဲ့ပြီး အသင်းကို ဆီမီးဖိုင်နယ် တက်ရောက်ခွင့်
ရအောင် စွမ်းဆောင်ခဲ့ပါတယ်။

အိမ်ရှင် နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ပထမပိုင်း(၁၈)မိနစ်မှာ
နောက်ခံလူ ဘိုလီရဲ့ အဖွင့်ဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့် (၆၄)မိနစ်မှာ
ဝုလ်ဗ်အသင်းတိုက်စစ်မှူး ဟီမင်နက်ဇ်က ချေပဂိုးသွင်းယူခဲ့တဲ့အတွက်
ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်တိုက်စစ်ကစားသမား ဆာရစ်ချ်ရဲ့ ကန်သွင်းမှုကို
ဝုလ်ဗ်အသင်းဂိုးသမားဖြစ်သူ ဟိုဆေးဆား ကာကွယ်နိုင်ခဲ့ပေမယ့်

ဖရော်လာ၊ ဝေါရယ်လ်၊ ဂစ်ဘ်စ်ဝှိုက်၊ ကိုးလ်ဘက်ခ်တို့က ဂိုးဝင်အောင်
သွင်းခဲ့ကြပြီး ဝုလ်ဗ်အသင်းဘက် ရူဘင်နီးဗတ်စ်၊ ဂျိုးဆပ်ဟော့ချ်တို့ရဲ့
ကန်ချက်တွေကို ဟန်ဒါဆင်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့်
နော်တင်ဟမ်ဖော်ရက်စ်အသင်းက (၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ၁၉၉၁-၉၂ ရာသီတုန်းက လိဂ်ဖလား
ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီးနောက်ပိုင်း (၃၁)နှစ်အကြာမှ
ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်

တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဟန်ဒါဆင်ဟာ ဒီရာသီအစကမှ မန်ချက်စတာ

ယူနိုက်တက်အသင်းကနေ နော်တင်ဟမ်ဖော်ရက်စ်ကို အငှားနဲ့လာကစားနေတာ
ဖြစ်ပြီး အသင်းအတွက် လက်စွမ်းပြကစားနေပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ပရီးမီးယားလိဂ်ထိပ်သီး
မန်ချက်စတာယူနိုက်တက်နဲ့ ဆုံတွေ့မှာဖြစ်ပြီး ဟန်ဒါဆင်ဟာ အငှားစာချုပ်
စည်းမျဉ်းအရ သူ့အသင်းဟောင်းနဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားနိုင်မှာ
မဟုတ်ပါဘူး။

[Zawgyi]

ေနာ္တင္ဟမ္ေဖာ္ရက္စ္ဂိုးသမား ဟန္ဒါဆင္ဟာ လိဂ္ဖလားကြာတား
ဖိုင္နယ္ပြဲအျဖစ္ ဝုလ္ဗ္နဲ႔ကစားခဲ့တဲ့ပြဲ၊ ပယ္နယ္တီအဆုံးအျဖတ္မွာ
လက္စြမ္းျပကာကြယ္ခဲ့ၿပီး အသင္းကို ဆီမီးဖိုင္နယ္ တက္ေရာက္ခြင့္

ရေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။

အိမ္ရွင္ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ ပထမပိုင္း(၁၈)မိနစ္မွာ

ေနာက္ခံလူ ဘိုလီရဲ႕ အဖြင့္ဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ (၆၄)မိနစ္မွာ
ဝုလ္ဗ္အသင္းတိုက္စစ္မႉး ဟီမင္နက္ဇ္က ေခ်ပဂိုးသြင္းယူခဲ့တဲ့အတြက္
ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္တိုက္စစ္ကစားသမား ဆာရစ္ခ်္ရဲ႕ ကန္သြင္းမႈကို
ဝုလ္ဗ္အသင္းဂိုးသမားျဖစ္သူ ဟိုေဆးဆား ကာကြယ္ႏိုင္ခဲ့ေပမယ့္
ဖေရာ္လာ၊ ေဝါရယ္လ္၊ ဂစ္ဘ္စ္ဝႈိက္၊ ကိုးလ္ဘက္ခ္တို႔က ဂိုးဝင္ေအာင္
သြင္းခဲ့ၾကၿပီး ဝုလ္ဗ္အသင္းဘက္ ႐ူဘင္နီးဗတ္စ္၊ ဂ်ိဳးဆပ္ေဟာ့ခ်္တို႔ရဲ႕

ကန္ခ်က္ေတြကို ဟန္ဒါဆင္က လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္
ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းက (၄-၃)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ ၁၉၉၁-၉၂ ရာသီတုန္းက လိဂ္ဖလား
ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့ၿပီးေနာက္ပိုင္း (၃၁)ႏွစ္အၾကာမွ
ျပည္တြင္းရႈံးထြက္ဖလားၿပိဳင္ပြဲတစ္ခုရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္
တက္ေရာက္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟန္ဒါဆင္ဟာ ဒီရာသီအစကမွ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းကေန ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို အငွားနဲ႔လာကစားေနတာ
ျဖစ္ၿပီး အသင္းအတြက္ လက္စြမ္းျပကစားေနပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ ဆီမီးဖိုင္နယ္မွာ ပရီးမီးယားလိဂ္ထိပ္သီး
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆုံေတြ႕မွာျဖစ္ၿပီး ဟန္ဒါဆင္ဟာ အငွားစာခ်ဳပ္

စည္းမ်ဥ္းအရ သူ႔အသင္းေဟာင္းနဲ႔ပြဲမွာ အသင္းအတြက္ ပါဝင္ကစားႏိုင္မွာ
မဟုတ္ပါဘူး။