နှစ်ပေါင်း(၂၀)ကျော်အတွင်း FA ဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်းကို ယူနိုက်တက်တို့ တစ်ခါမှ မရှုံးခဲ့
မန်ချက်စတာယူနိုက်တက်အသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲအဖြစ်
ဒီည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးမနက် ၂:၁၅)မှာ ဝက်စ်ဟမ်းအသင်းကို
အိမ်ကွင်းပွဲ လက်ခံကစားသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က လိဂ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့
ယူနိုက်တက်တို့ လက်ကျန်ဖလား(၃)လုံးမျှော်လင့်ချက်ထဲက အနီးစပ်ဆုံး
ဖြစ်တဲ့ FA ဖလား ဆွတ်ခူးနိုင်အောင် ဆက်လက်ကြိုးပမ်းရမှာပါ။
ဒတ်ချ်နာမည်ကျော်နည်းပြကြီး ဗန်ဟားလ်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့
၂၀၁၅-၁၆ ရာသီမှာ ယူနိုက်တက်အသင်း FA ဖလား ချန်ပီယံဖြစ်ခဲ့ပြီ
းနောက်ပိုင်း ချန်ပီယံဆုနဲ့ဝေးကွာနေတာ (၇)နှစ်နီးပါးရှိနေပါပြီ။ ၂၀၁၅-၁၆
ရာသီနောက်ပိုင်း ယူနိုက်တက်တို့ ၂၀၁၆-၁၇၊ ၂၀၁၈-၁၉၊ ၂၀၂၀-၂၁
ရာသီတွေမှာ ကွာတားဖိုင်နယ်၊ ၂၀၁၇-၁၈ မှာ ဗိုလ်လုပွဲ၊ ၂၀၁၉-၂၀ မှာ
ဆီမီးဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီက စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
အဲရစ်တန်ဟက်လက်ထက်မှာ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း ပုံစံကောင်းရနေတဲ့
ယူနိုက်တက်တို့ ဝက်စ်ဟမ်းအသင်းကို ကျော်ဖြတ်ပြီး ၂၀၂၀-၂၁ ရာသီ
နောက်ပိုင်း FA ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ခွင့်ရဖို့ အခြေအနေ
ကောင်းနေပါတယ်။ ဒ့ါအပြင် FA ဖလားပြိုင်ပွဲတစ်လျှောက် ဝက်စ်ဟမ်းနဲ့
ဆုံတွေ့မှုမှတ်တမ်းအရလည်း ယူနိုက်တက်အသင်း အသာရနေတာကို
တွေ့ရမှာပါ။
ယူနိုက်တက်နဲ့ဝက်စ်ဟမ်းတို့ဟာ FA ဖလားပြိုင်ပွဲမှာ စုစုပေါင်း (၁၃)ကြိမ်
ဆုံတွေ့ခဲ့ပြီး ယူနိုက်တက်က (၆)ပွဲနိုင်၊ ဝက်စ်ဟမ်းက (၄)ပွဲနိုင်နဲ့ (၃)ပွဲ
သရေကျခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၀၀-၀၁ ရာသီတုန်းက FA
ဖလား စတုတ္ထအဆင့်မှာ ဒီကာနီယိုရဲ့ ဂိုးနဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း
နှစ်ပေါင်း(၂၀)ကျော်အတွင်း လုံးဝရှုံးပွဲမရှိတော့ပါဘူး။
၂၀၀၀-၀၁ ရာသီနောက်ပိုင်း FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်တို့ ဝက်စ်ဟမ်းနဲ့
(၆)ကြိမ်ဆုံတွေ့ခဲ့တာမှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။ အဲဒါကြောင့်
ဒီညကစားမယ့်ပွဲမှာ ယူနိုက်တက်တို့ နှစ်ပေါင်း(၂၀)ကျော်အတွင်း ဝက်စ်ဟမ်းကို
မရှုံးဖူးတဲ့ မှတ်တမ်းကောင်း ဆက်ထိန်းနိုင်မလား . .ဒါမှမဟုတ် ဝက်စ်ဟမ်းကပဲ
အိုးလ်ထရက်ဖို့ဒ်မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာကတော့ . . .
[Zawgyi]
ဒတ်ခ်ျနာမည်ကျော်နည်းပြကြီး ဗန်ဟားလ်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့
တွေ့ရမှာပါ။