နှစ်ကိုယ်မခွဲနိုင်တာကြောင့် မင်္ဂလာပွဲမှာ အကိုဖြစ်သူကို သတို့သားဟန်ဆောင်ခိုင်းခဲ့ရတဲ့ မယ်လ်မိုတိုက်စစ်မှူး ဘူယာတာရေး

မယ်လ်မိုက အသင်းကိုစောစောလာဆက်သွယ်ပါဆိုတာကြောင့် တိုက်စစ်မှူးသစ်မိုဟာမက်ဘူယာတာရေးဟာ သူ့ရဲ့မင်္ဂလာပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ

တရုတ်စူပါလိဂ်ကနေ ဆွီဒင်လပ်ကို ပြောင်းရွှေ့လာခဲ့သူပါ။ အသင်းကို ဘူယာတာရေးရောက်လာတဲ့နောက် ဇူလိုင် ၂၂ ရက်မှာ မယ်လ်မိုက အပြောင်းအရွှေ့သတင်းကို ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မင်္ဂလာပွဲကတော့ ဇူလိုင် ၂၁ ရက်တုန်းက ဆီရာရာလီယွန်မှာ ကျင်းပခဲ့ပြီးပါပြီ။ မယ်လ်မိုက အမြန်ဆုံးဆက်သွယ်ပါလို့ အကြောင်းကြားတာကြောင့် နှစ်ကိုယ်မခွဲနိုင်တဲ့ ဘူယာတာရေးဟာ ချစ်သူဘေးဒန်းနဲ့

လက်ထပ်ပွဲမှာ အကိုဖြစ်သူကို သတို့သားဟန်ဆောင်ခိုင်းခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သူတင်ထားတဲ့ ပုံ ၃ ပုံကလည်း မင်္ဂလာပွဲမတိုင်ခင် ကြိုရိုက်ထားတဲ့ပုံတွေပါလို့ မယ်လ်မိုတိုက်စစ်မှူးက

အတည်ပြုလိုက်ပါတယ်။ တကယ်တော့ သူဟာ လက်ထပ်ပြီးစ ဇနီးသည်အသစ်လေးနဲ့ တစ်ကြိမ်မှ တွေ့ခွင့်မရသေးပါဘူး။ ဒါပေမဲ့ ဒီနှစ်ကုန်ပိုင်းလောက်တော့ ပျားရည်စမ်းခရီးထွက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း

Afton Bladet သတင်းဌာနကို ဘူယာတာရေးက ဖွင့်ဟလိုက်ပါတယ်။ “ ဇူလိုင် ၂၁ ရက်နေ့တုန်းက ဆီရာရာလီယွန်မှာ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီမှာ ကျွန်တော် ရှိမနေခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ မယ်လ်မိုက ကျွန်တော့်ကို အမြန်ဆုံးလာဖို့တောင်းဆိုခဲ့လို့ပါ။ မင်္ဂလာပွဲမှာ ကျွန်တော့်အစား အကိုဖြစ်သူရှိနေခဲ့ပါတယ်။ ဒါပေမဲ့ သူမကို အမြန်ဆုံး ဆွီဒင်ခေါ်မှာပါ။

ဒီမှာ ကျွန်တော်နဲ့အတူ သူမ ရှိနေမှာပါ ” လို့ ဘူယာတာရေးက ပြောဆိုခဲ့ပါတယ်။ သူကလည်း ခေသူတော့ မဟုတ်ပါဘူး။ အရင်လက်တွဲဖော်နဲ့ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဆွီဒင်အဆင့်မြင့်တန်း Allsvenskan မှာ ကစားဖူးတဲ့အတွေ့အကြုံလည်း ရှိပါတယ်။

အထူးသဖြင့် ၂၀၁၉ တုန်းက ဂျာဂါဒန်းစ်အသင်းမှာကစားစဉ် Allsvenskan ရဲ့ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ဖူးသူပါ။ အဲဒီနောက် သူဒဏ်ရာရတာဟာ ရွှေဖိနပ်ဆုကြောင့် မနာလိုသူတွေက မှော်အတတ်နဲ့ပြုစားခဲ့ကြတာလို့တောင် BBC ကိုပြောပြီး ပွဲဆူစေခဲ့ဖူးသူဖြစ်ပါတယ်။

(zawgyi)

မယ္လ္မိုက အသင္းကိုေစာေစာလာဆက္သြယ္ပါဆိုတာေၾကာင့္ တိုက္စစ္မႉးသစ္မိုဟာမက္ဘူယာတာေရးဟာ သူ႔ရဲ႕မဂၤလာပြဲနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ကစားသမားဟာ တ႐ုတ္စူပါလိဂ္ကေန ဆြီဒင္လပ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူပါ။

အသင္းကို ဘူယာတာေရးေရာက္လာတဲ့ေနာက္ ဇူလိုင္ ၂၂ ရက္မွာ မယ္လ္မိုက အေျပာင္းအေ႐ႊ႕သတင္းကို ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕မဂၤလာပြဲကေတာ့ ဇူလိုင္ ၂၁ ရက္တုန္းက ဆီရာရာလီယြန္မွာ က်င္းပခဲ့ၿပီးပါၿပီ။

မယ္လ္မိုက အျမန္ဆုံးဆက္သြယ္ပါလို႔ အေၾကာင္းၾကားတာေၾကာင့္ ႏွစ္ကိုယ္မခြဲႏိုင္တဲ့ ဘူယာတာေရးဟာ ခ်စ္သူေဘးဒန္းနဲ႔ လက္ထပ္ပြဲမွာ အကိုျဖစ္သူကို သတို႔သားဟန္ေဆာင္ခိုင္းခဲ့ရပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ သူတင္ထားတဲ့ ပုံ ၃ ပုံကလည္း

မဂၤလာပြဲမတိုင္ခင္ ႀကိဳ႐ိုက္ထားတဲ့ပုံေတြပါလို႔ မယ္လ္မိုတိုက္စစ္မႉးက အတည္ျပဳလိုက္ပါတယ္။ တကယ္ေတာ့ သူဟာ လက္ထပ္ၿပီးစ ဇနီးသည္အသစ္ေလးနဲ႔ တစ္ႀကိမ္မွ ေတြ႕ခြင့္မရေသးပါဘူး။ ဒါေပမဲ့ ဒီႏွစ္ကုန္ပိုင္းေလာက္ေတာ့ ပ်ားရည္စမ္းခရီးထြက္ႏိုင္မယ္လို႔

ေမွ်ာ္လင့္ထားေၾကာင္း Afton Bladet သတင္းဌာနကို ဘူယာတာေရးက ဖြင့္ဟလိုက္ပါတယ္။ “ ဇူလိုင္ ၂၁ ရက္ေန႔တုန္းက ဆီရာရာလီယြန္မွာ ကြၽန္ေတာ္တို႔ လက္ထပ္ခဲ့ၾကတာပါ။ ဒါေပမဲ့ အဲဒီမွာ ကြၽန္ေတာ္ ရွိမေနခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မယ္လ္မိုက ကြၽန္ေတာ့္ကို အျမန္ဆုံးလာဖို႔ေတာင္းဆိုခဲ့လို႔ပါ။

မဂၤလာပြဲမွာ ကြၽန္ေတာ့္အစား အကိုျဖစ္သူရွိေနခဲ့ပါတယ္။ ဒါေပမဲ့ သူမကို အျမန္ဆုံး ဆြီဒင္ေခၚမွာပါ။ ဒီမွာ ကြၽန္ေတာ္နဲ႔အတူ သူမ ရွိေနမွာပါ ” လို႔ ဘူယာတာေရးက ေျပာဆိုခဲ့ပါတယ္။ သူကလည္း ေခသူေတာ့ မဟုတ္ပါဘူး။

အရင္လက္တြဲေဖာ္နဲ႔ရတဲ့ သမီးေလးတစ္ေယာက္ရွိပါတယ္။ ဒါ့အျပင္ ဆြီဒင္အဆင့္ျမင့္တန္း Allsvenskan မွာ ကစားဖူးတဲ့အေတြ႕အႀကဳံလည္း ရွိပါတယ္။ အထူးသျဖင့္ ၂၀၁၉ တုန္းက ဂ်ာဂါဒန္းစ္အသင္းမွာကစားစဥ္ Allsvenskan ရဲ႕

ေ႐ႊဖိနပ္ဆု ဆြတ္ခူးႏိုင္ခဲ့ဖူးသူပါ။ အဲဒီေနာက္ သူဒဏ္ရာရတာဟာ ေ႐ႊဖိနပ္ဆုေၾကာင့္ မနာလိုသူေတြက ေမွာ္အတတ္နဲ႔ျပဳစားခဲ့ၾကတာလို႔ေတာင္ BBC ကိုေျပာၿပီး ပြဲဆူေစခဲ့ဖူးသူျဖစ္ပါတယ္။