နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်ခဲ့တဲ့ လီဗာပူး

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို အဓိက ပြိုင်ဘက်အဖြစ် ပခုံးချင်းယှဉ်ခဲ့တာက နည်းပြဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးပါ။ ဒါကြောင့် ဒီရာသီမှာတော့ ကြိုးကြာနီတွေဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ကြိုးဝိုင်းထဲမှာ အလဲထိုးအနိုင်ယူဖို့အတွက် သက်လုံကောင်း အောင် ကြိုးစားခဲ့ပေမယ့်

ခုတ်ရာတခြား၊ ရှရာတခြားလို့ ပြောရမလိုဖြစ်နေ ပါပြီ။ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြီးပြည့်စုံစေဖို့အတွက် ဘင်ဖီကာကနေပြီး အားကိုးတကြီး ခေါ်ယူလိုက်တဲ့ ဒါဝင်နူနက်ဇ်က စည်းကမ်းပိုင်း အားနည်း တဲ့အပြင် ဥရောပအဆင့်ခြေစွမ်းမျိုး ပြသနိုင်ဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒါကြောင့် လီဗာပူးဟာ ဒီရာသီမှာ

ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်း မျိုးမဟုတ်တော့ဘူးလို့ ဝေဖန်သူတွေ ရှိလာပြီဖြစ်ပါတယ်။ အဲဒီလိုမျိုး ဝေဖန် ပြောဆိုနေတဲ့သူတွေထဲမှာ စပါးကစားသမားဟောင်း ဂျေမီအိုဟာရာလည်း အပါအဝင်ပေါ့။ ပြီးခဲ့တဲ့နှစ်တုန်းက မာနေးရှိနေခဲ့တဲ့ လီဗာပူးအသင်းနဲ့ အခုရာသီ မာနေးမရှိတော့တဲ့ လီဗာပူးအသင်းက

လုံးဝကို ကွဲပြားခြားနားသွားပြီ ဖြစ်တယ်လို့ အိုဟာရာက ဆိုပါတယ်။ နောက်ပြီး မာနေးရဲ့နေရာကို အစားထိုး ပြီး ဝင်ကစားနေတဲ့ တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကလည်း မာနေရဲ့ ခြေရာကို နင်းနိုင်မယ့် ကစားသမားမျိုးမဟုတ်ဘူးလို့ အိုဟာရာက သုံးသပ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ရမှတ် ၉ မှတ်သာရရှိထားတဲ့ လီဗာပူးဟာ

ချန်ပီယံ လောင်းအသင်းမျိုး မဟုတ်တော့ဘူးလို့ Talk Sport သတင်းဌာနရဲ့ ဘောလုံး ရေးရာသုံးသပ်သူအဖြစ် အလုပ်လုပ်ပေးနေတဲ့ အိုဟာရာက ပြောဆိုခဲ့ပါတယ်။ ‘’အသင်းတိုင်းက လီဗာပူးကို အမီလိုက်နေကြတယ်။ ဒါ ပေမဲ့ လီဗာပူးက ဒီရာသီမှာ စိန်ခေါ်သူအဖြစ် ရှိမနေတော့ဘူးလို့ ကျွန်တော် ထင်တယ်။

ဒဏ်ရာပြဿနာတွေကလည်း သူတို့ကို အထိနာစေတယ်။ သီယာဂိုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ပြီးခဲ့တဲ့ရာသီမှာ ရှိခဲ့တဲ့ ကွင်းလယ်မျိုး ဒီ ရာသီမှာ ရှိမနေတော့ဘူး။ လူတိုင်းက ဒါကို ပြောနေကြပြီ။ နောက်ပြီး သူတို့ မှာ မာနေးရဲ့ဟာကွက်ကြီး ရှိနေပြီဆိုတာ ထင်ရှားပါတယ်။ ဘာပဲပြောပြော လူးဝစ်ဒီယက်ဇ်က မာနေးရယူထားတဲ့

ကိန်းဂဏန်းမျိုးတွေ ယူမပေးနိုင်ပါဘူး။ မာနေးဟာ လီဗာပူးရဲ့ အကောင်းဆုံးကစား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆာလက်ကလည်း ဂိုးသွင်းဘုရင်ပါ။ သူက တစ်မူထူးခြားတာတွေ လုပ်ပြ ပါလိမ့်မယ်။ ဒါပေမဲ့ မိနစ် ၉၀ လုံး ခြုံကြည့်ရင် မာနေးက ဘောလုံးနဲ့ရော ဘောလုံးမရှိချိန်မှာရော ကူညီပေးခဲ့တာပါ။

တခြားလူတွေ အခွင့်အရေးရဖို့ သူက ဖန်တီးပေးခဲ့တာပါ။ ဒါဟာ သူတို့အသင်းအတွက် ဧရာမ ဆုံးရှုံးမှုကြီး ပါပဲ။ သူတို့ဟာ အကောင်းဆုံး ကစားသမားကို ဆုံးရှုံးလိုက်ရတာပါ’’ လို့ အိုဟာရာက ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် အိုဟာရာရဲ့ ပြောပုံအရဆို ရင်တော့ လီဗာပူးဟာ ဒီနွေဈေးကွက်မှာ ကိုယ့်သေတွင်း ကိုယ်တူးသလိုမျိုး ဖြစ်သွားခဲ့တာလို့ ဆိုရမှာပါပဲ။

(zawgyi)

ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ မန္စီးတီးကို အဓိက ၿပိဳင္ဘက္အျဖစ္ ပခုံးခ်င္းယွဥ္ခဲ့တာက နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးပါ။ ဒါေၾကာင့္ ဒီရာသီမွာေတာ့ ႀကိဳးၾကာနီေတြဟာ မန္စီးတီးကို ပရီးမီးယားလိဂ္ႀကိဳးဝိုင္းထဲမွာ အလဲထိုးအႏိုင္ယူဖို႔အတြက္ သက္လုံေကာင္း ေအာင္

ႀကိဳးစားခဲ့ေပမယ့္ ခုတ္ရာတျခား၊ ရွရာတျခားလို႔ ေျပာရမလိုျဖစ္ေန ပါၿပီ။ အသင္းရဲ႕ တိုက္စစ္ပိုင္းကို ၿပီးျပည့္စုံေစဖို႔အတြက္ ဘင္ဖီကာကေနၿပီး အားကိုးတႀကီး ေခၚယူလိုက္တဲ့ ဒါဝင္ႏူနက္ဇ္က စည္းကမ္းပိုင္း အားနည္း တဲ့အျပင္ ဥေရာပအဆင့္ေျခစြမ္းမ်ိဳး ျပသႏိုင္ဖို႔

အတြက္ ႐ုန္းကန္ေနရပါတယ္။ ဒါေၾကာင့္ လီဗာပူးဟာ ဒီရာသီမွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္စြမ္းရွိတဲ့အသင္း မ်ိဳးမဟုတ္ေတာ့ဘူးလို႔ ေဝဖန္သူေတြ ရွိလာၿပီျဖစ္ပါတယ္။ အဲဒီလိုမ်ိဳး ေဝဖန္ ေျပာဆိုေနတဲ့သူေတြထဲမွာ စပါးကစားသမားေဟာင္း ေဂ်မီအိုဟာရာလည္း အပါအဝင္ေပါ့။

ၿပီးခဲ့တဲ့ႏွစ္တုန္းက မာေနးရွိေနခဲ့တဲ့ လီဗာပူးအသင္းနဲ႔ အခုရာသီ မာေနးမရွိေတာ့တဲ့ လီဗာပူးအသင္းက လုံးဝကို ကြဲျပားျခားနားသြားၿပီ ျဖစ္တယ္လို႔ အိုဟာရာက ဆိုပါတယ္။ ေနာက္ၿပီး မာေနးရဲ႕ေနရာကို အစားထိုး ၿပီး ဝင္ကစားေနတဲ့ တိုက္စစ္မႉး လူးဝစ္ဒီယက္ဇ္ကလည္း မာေနရဲ႕ ေျခရာကို နင္းႏိုင္မယ့္

ကစားသမားမ်ိဳးမဟုတ္ဘူးလို႔ အိုဟာရာက သုံးသပ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ ရမွတ္ ၉ မွတ္သာရရွိထားတဲ့ လီဗာပူးဟာ ခ်န္ပီယံ ေလာင္းအသင္းမ်ိဳး မဟုတ္ေတာ့ဘူးလို႔ Talk Sport သတင္းဌာနရဲ႕ ေဘာလုံး ေရးရာသုံးသပ္သူအျဖစ္ အလုပ္လုပ္ေပးေနတဲ့ အိုဟာရာက ေျပာဆိုခဲ့ပါတယ္။

‘’အသင္းတိုင္းက လီဗာပူးကို အမီလိုက္ေနၾကတယ္။ ဒါ ေပမဲ့ လီဗာပူးက ဒီရာသီမွာ စိန္ေခၚသူအျဖစ္ ရွိမေနေတာ့ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ဒဏ္ရာျပႆနာေတြကလည္း သူတို႔ကို အထိနာေစတယ္။ သီယာဂိုဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈပဲ။ ၿပီးခဲ့တဲ့ရာသီမွာ ရွိခဲ့တဲ့ ကြင္းလယ္မ်ိဳး ဒီ ရာသီမွ

ာ ရွိမေနေတာ့ဘူး။ လူတိုင္းက ဒါကို ေျပာေနၾကၿပီ။ ေနာက္ၿပီး သူတို႔ မွာ မာေနးရဲ႕ဟာကြက္ႀကီး ရွိေနၿပီဆိုတာ ထင္ရွားပါတယ္။ ဘာပဲေျပာေျပာ လူးဝစ္ဒီယက္ဇ္က မာေနးရယူထားတဲ့ ကိန္းဂဏန္းမ်ိဳးေတြ ယူမေပးႏိုင္ပါဘူး။ မာေနးဟာ လီဗာပူးရဲ႕ အေကာင္းဆုံးကစား ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဆာလက္ကလည္း ဂိုးသြင္းဘုရင္ပါ။ သူက တစ္မူထူးျခားတာေတြ လုပ္ျပ ပါလိမ့္မယ္။ ဒါေပမဲ့ မိနစ္ ၉၀ လုံး ၿခဳံၾကည့္ရင္ မာေနးက ေဘာလုံးနဲ႔ေရာ ေဘာလုံးမရွိခ်ိန္မွာေရာ ကူညီေပးခဲ့တာပါ။ တျခားလူေတြ အခြင့္အေရးရဖို႔ သူက ဖန္တီးေပးခဲ့တာပါ။ ဒါဟာ သူတို႔အသင္းအတြက္

ဧရာမ ဆုံးရႈံးမႈႀကီး ပါပဲ။ သူတို႔ဟာ အေကာင္းဆုံး ကစားသမားကို ဆုံးရႈံးလိုက္ရတာပါ’’ လို႔ အိုဟာရာက ေျပာဆိုသြားခဲ့ပါတယ္။ ဒါေၾကာင့္ အိုဟာရာရဲ႕ ေျပာပုံအရဆို ရင္ေတာ့ လီဗာပူးဟာ ဒီေႏြေဈးကြက္မွာ ကိုယ့္ေသတြင္း ကိုယ္တူးသလိုမ်ိဳး ျဖစ္သြားခဲ့တာလို႔ ဆိုရမွာပါပဲ။