နွေဈေးကွက်မှာ အကျိုးအမြတ်ရခဲ့တာက အပြောင်းအရွှေ့မာစတာ ဂွါဒီယိုလာရဲ့မန်စီးတီးပါ

နွေဈေးကွက်မှာ ပရီးမီးယားလိဂ်ဟာ ငွေသုံးအကြမ်းဆုံးဖြစ်ခဲ့တယ်။ ၂၀၁၇ တုန်းက အသုံးစရိတ် ပေါင် ၁.၄ ဘီလီယံကို ၁.၉ ဘီလီယံနဲ့ သူတို့ကိုယ်တိုင် ရိုက်ချိုးခဲ့တယ်။ ဘယ်အသင်းတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ထိုက်တန်တဲ့ အကျိုးကျေးဇူးပြန်ရမလဲဆိုတဲ့

မေးခွန်းတွေထွက်လာတယ်။ တကယ်တော့ ဒီမေးခွန်းက ဝေးပါသေးတယ်။ ဒီနွေဈေးကွက်မှာ ဘယ်အသင်းတွေက တကယ်ငွေစိုက်ခဲ့ရပြီး ဘယ်အသင်းတွေက ပါးပါးလေးနဲ့အကျိုးအမြတ် ရှိသွားလဲဆိုတာက ပိုပြီးလက်တွေ့ကျပါတယ်။

ဒါကို The Reddit အသုံးပြုသူတစ်ယောက်က ပြီးခဲ့တဲ့ ၅ ရာသီ နွေဈေးကွက်အသုံးစရိတ်တွေကို အသေးစိတ်လေ့လာပြီး ဂရပ်ဖစ်တွေနဲ့စစ်တမ်းထုတ်ပြလိုက်တာပါ။ ရလဒ်တွေက အံ့အားသင့်စရာကောင်းသလို မန်စီးတီးက

အကျိုးအမြတ်အရှိဆုံးအသင်း ဖြစ်နေတာတွေ့ရပါတယ်။ မန်စီးတီးဟာ ဒီနွေဈေးကွက်တစ်ခုတည်းမှာပဲ ကစားသမားရောင်းချမှုကနေ ပေါင် ၁၉၄.၃၅ သန်းရခဲ့တယ်။ ဂျီဆပ်၊ ဇင်ချန်ကို၊ စတာလင်း စတဲ့ကစားသမားတွေ ရောင်းချမှုကနေ ဝင်ငွေရခဲ့တယ်။

ဟာလန်းအတွက် ဒေါ့တ်မန်ကိုပေးခဲ့ရတဲ့ ပေါင် ၅၁ သန်းအပါအဝင် ကစားသမားအဝယ်စာရင်းအတွက် သူတို့ကုန်ကျခဲ့တာက ပေါင် ၁၂၃.၆၉ သန်းပါ။ ဒါကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ ပေါင် သန်း ၇၀ ကျော်မြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ ရာသီကိုပြန်ကြည့်ရင် သူတို့ထက် ငွေသုံးစွဲမှု ပိုနည်းတာဆိုလို့ ပဲလေ့စ်၊ ဘရိုက်တန်၊ လက်စတာ၊ ဘုန်းမောက်နဲ့ ဘရန့်ဖို့ဒ်ပဲရှိပါတယ်။ နှိုင်းယှဉ်လိုက်ရင် စတာလင်း၊ ကူကူရယ်လာ၊ အန်တိုနီနဲ့ ကက်စ်မီရိုတို့ကို

ဝယ်ယူခဲ့တဲ့ ပြိုင်ဘက် ချဲလ်ဆီးနဲ့မန်ယူတို့ အသုံးစရိတ်ထက် မန်စီးတီးက အများကြီးသက်သာခဲ့တာပါ။ ဒီနွေမှာ ချဲလ်ဆီးက ပေါင် ၂၃၇ သန်း၊ မန်ယူက ၁၉၆.၇ သန်း အသားတင် သုံးခဲ့ကြပါတယ်။ ဗြိတိန်စံချိန်တင်အဖြစ် ကစားသမား ၂၁ ယောက်အတွက်

ပေါင် ၁၇၀. ၇၉ သန်း ကုန်ကျခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်က တတိယငွေအသုံးဆုံးအသင်းဖြစ်ခဲ့တာပါ။ မန်ယူကတော့ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပေါင် ၅၇၉.၂ သန်းနဲ့ အသားတင်သုံးစွဲမှု အများဆုံးအသင်းဖြစ်ခဲ့ပြီး တစ်နှစ်ကို ပျမ်းမျှ ပေါင် ၁၁၅.၈၄ သန်း သုံးခဲ့တာဖြစ်ပါတယ်။

(zawgyi)

ေႏြေဈးကြက္မွာ ပရီးမီးယားလိဂ္ဟာ ေငြသုံးအၾကမ္းဆုံးျဖစ္ခဲ့တယ္။ ၂၀၁၇ တုန္းက အသုံးစရိတ္ ေပါင္ ၁.၄ ဘီလီယံကို ၁.၉ ဘီလီယံနဲ႔ သူတို႔ကိုယ္တိုင္ ႐ိုက္ခ်ိဳးခဲ့တယ္။ ဘယ္အသင္းေတြက ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ထိုက္တန္တဲ့ အက်ိဳးေက်းဇူးျပန္ရမလဲဆိုတဲ့

ေမးခြန္းေတြထြက္လာတယ္။ တကယ္ေတာ့ ဒီေမးခြန္းက ေဝးပါေသးတယ္။ ဒီေႏြေဈးကြက္မွာ ဘယ္အသင္းေတြက တကယ္ေငြစိုက္ခဲ့ရၿပီး ဘယ္အသင္းေတြက ပါးပါးေလးနဲ႔အက်ိဳးအျမတ္ ရွိသြားလဲဆိုတာက ပိုၿပီးလက္ေတြ႕က်ပါတယ္။

ဒါကို The Reddit အသုံးျပဳသူတစ္ေယာက္က ၿပီးခဲ့တဲ့ ၅ ရာသီ ေႏြေဈးကြက္အသုံးစရိတ္ေတြကို အေသးစိတ္ေလ့လာၿပီး ဂရပ္ဖစ္ေတြနဲ႔စစ္တမ္းထုတ္ျပလိုက္တာပါ။ ရလဒ္ေတြက အံ့အားသင့္စရာေကာင္းသလို မန္စီးတီးက

အက်ိဳးအျမတ္အရွိဆုံးအသင္း ျဖစ္ေနတာေတြ႕ရပါတယ္။ မန္စီးတီးဟာ ဒီေႏြေဈးကြက္တစ္ခုတည္းမွာပဲ ကစားသမားေရာင္းခ်မႈကေန ေပါင္ ၁၉၄.၃၅ သန္းရခဲ့တယ္။ ဂ်ီဆပ္၊ ဇင္ခ်န္ကို၊ စတာလင္း စတဲ့ကစားသမားေတြ ေရာင္းခ်မႈကေန ဝင္ေငြရခဲ့တယ္။

ဟာလန္းအတြက္ ေဒါ့တ္မန္ကိုေပးခဲ့ရတဲ့ ေပါင္ ၅၁ သန္းအပါအဝင္ ကစားသမားအဝယ္စာရင္းအတြက္ သူတို႔ကုန္က်ခဲ့တာက ေပါင္ ၁၂၃.၆၉ သန္းပါ။ ဒါေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းဟာ ေပါင္ သန္း ၇၀ ေက်ာ္ျမတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၅ ရာသီကိုျပန္ၾကည့္ရင္ သူတို႔ထက္ ေငြသုံးစြဲမႈ ပိုနည္းတာဆိုလို႔ ပဲေလ့စ္၊ ဘ႐ိုက္တန္၊ လက္စတာ၊ ဘုန္းေမာက္နဲ႔ ဘရန႔္ဖို႔ဒ္ပဲရွိပါတယ္။ ႏႈိင္းယွဥ္လိုက္ရင္ စတာလင္း၊ ကူကူရယ္လာ၊ အန္တိုနီနဲ႔ ကက္စ္မီ႐ိုတို႔ကို ဝယ္ယူခဲ့တဲ့

ၿပိဳင္ဘက္ ခ်ဲလ္ဆီးနဲ႔မန္ယူတို႔ အသုံးစရိတ္ထက္ မန္စီးတီးက အမ်ားႀကီးသက္သာခဲ့တာပါ။ ဒီေႏြမွာ ခ်ဲလ္ဆီးက ေပါင္ ၂၃၇ သန္း၊ မန္ယူက ၁၉၆.၇ သန္း အသားတင္ သုံးခဲ့ၾကပါတယ္။ ၿဗိတိန္စံခ်ိန္တင္အျဖစ္ ကစားသမား ၂၁ ေယာက္အတြက္ ေပါင္ ၁၇၀. ၇၉ သန္း ကုန္က်ခဲ့တဲ့

ေနာ္တင္ဟမ္ေဖာရက္စ္က တတိယေငြအသုံးဆုံးအသင္းျဖစ္ခဲ့တာပါ။ မန္ယူကေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္မွာ ေပါင္ ၅၇၉.၂ သန္းနဲ႔ အသားတင္သုံးစြဲမႈ အမ်ားဆုံးအသင္းျဖစ္ခဲ့ၿပီး တစ္ႏွစ္ကို ပ်မ္းမွ် ေပါင္ ၁၁၅.၈၄ သန္း သုံးခဲ့တာျဖစ္ပါတယ္။