နွေဈေးကွက်မှာ မန်ယူကိုရောက်လာတော့မယ့် ပထမဆုံးကစားသမား

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအတွက်တော့ အဆိုးကြားက အကောင်းပါပဲ။ အကြောင်းကတော့ ဒီနွေဈေးကွက်မှာ ပထမဆုံးကစားသမားခေါ်ယူမှု၊ တစ်နည်းအားဖြင့် နည်းပြသစ်တန်းဟတ်ရဲ့ပထမဆုံး လူသစ်စုဆောင်းမှုကို မြင်တွေ့နိုင်တော့မှာမို့ပါ။

အားလုံးသိတဲ့အတိုင်း ချိန်သမျှလွဲနေတဲ့ သရဲနီတွေဟာ ဖီယင်နုနောက်ခံလူ တိုင်ယီမာလာစီယာကို ဒီနွေဈေးကွက်ဈေးဦးပေါက်အဖြစ် ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်ကိုရောက်ရှိလာပြီး ဆေးစစ်မှု ပထမအဆင့်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဘရာဇီးလ်သားအတွက် ပြောင်းရွှေ့ကြေးကတော့ ကနဦးအနေနဲ့ ပေါင် ၁၃ သန်းလောက်ကုန်ကျလိမ့်မယ်လို့လည်း The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒါဟာ မန်ယူအနေနဲ့ ပြင်သစ်ကလပ် လိုင်ယွန်ကိုကျော်ဖြတ်နိုင်ခဲ့တာပါ။

မာလာစီယာကို လိုင်ယွန်က စိတ်ဝင်စားခဲ့သလို သူ့ရဲ့အသင်းဟောင်း ပေါ်တိုကလည်း အငှားနဲ့ခေါ်ချင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ လုခ်ရှောအတွက် ပြိုင်ဘက်တစ်ယောက်ရောက်လာတော့မှာဖြစ်သလို တဲလက်စ်ရဲ့အနာဂတ်အတွက်လည်း မေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်လို့ အဲဒီသတင်းစာက သုံးသပ်ထားပါတယ်။

ဒါ့အပြင် မန်ယူဟာ မနှစ်တုန်းက နောဝှစ်ချ်ကိုအငှားချခဲ့တဲ့ လူငယ်ကစားသမားဘရန်ဒန်ဝီလျံအတွက် ကမ်းလှမ်းမှုတွေကိုလည်း နားထောင်သွားမယ်လို့ ရေးသားထားပါတယ်။

သရဲနီတွေအနေနဲ့တော့ သူတို့ရဲ့ပထမဆုံးကစားသမားခေါ်ယူမှုကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေတာပါ။ အနာဂတ်အစီအစဉ်သာမက ဂုဏ်သိက္ခာအတွက်ပါအရေးကြီးနေသလို နောက်ထပ်ပစ်မှတ်တွေလည်း ရှိနေတာကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် အေဂျက်ဇ်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ရဲ့လက်မှတ်ကို ရယူပြီး အာဆင်နယ်ကိုတေ့ဖြုတ်ဖို့လည်း ကြိုးစားလိမ့်မယ်လို့သိရပါတယ်။

မန်ယူရဲ့ဦးစားပေးပစ်မှတ်ထဲမှာတော့ ဘာစီလိုနာကွင်းလယ်လူဒီဂျောင်က ထိပ်ဆုံးမှာရှိနေဆဲပါ။ နည်းပြသစ်တန်းဟတ်ဟာ အသင်းဟောင်းအေဂျက်ဇ်ရဲ့တောင်ပံလူ အန်တိုနီကို သဘောကျနေပေမယ့် ပေါင် သန်း ၇၀ ဆိုတဲ့ခေါ်ကြေးကြောင့် နောက်ဆုတ်ထားရပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြအတြက္ေတာ့ အဆိုးၾကားက အေကာင္းပါပဲ။ အေၾကာင္းကေတာ့ ဒီေႏြေဈးကြက္မွာ ပထမဆုံးကစားသမားေခၚယူမႈ၊ တစ္နည္းအားျဖင့္ နည္းျပသစ္တန္းဟတ္ရဲ႕ပထမဆုံး လူသစ္စုေဆာင္းမႈကို ျမင္ေတြ႕ႏိုင္ေတာ့မွာမို႔ပါ။ အားလုံးသိတဲ့အတိုင္း ခ်ိန္သမွ်လြဲေနတဲ့ သရဲနီေတြဟာ ဖီယင္ႏုေနာက္ခံလူ တိုင္ယီမာလာစီယာကို ဒီေႏြေဈးကြက္ေဈးဦးေပါက္အျဖစ္ ေခၚယူႏိုင္ေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ တနဂၤေႏြေန႔က အိုးလ္ထရက္ဖို႔ဒ္ကိုေရာက္ရွိလာၿပီး ေဆးစစ္မႈ ပထမအဆင့္ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီဘရာဇီးလ္သားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကေတာ့ ကနဦးအေနနဲ႔ ေပါင္ ၁၃ သန္းေလာက္ကုန္က်လိမ့္မယ္လို႔လည္း The Sun သတင္းစာက ေဖၚျပပါတယ္။ ဒါဟာ မန္ယူအေနနဲ႔ ျပင္သစ္ကလပ္ လိုင္ယြန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ မာလာစီယာကို လိုင္ယြန္က စိတ္ဝင္စားခဲ့သလို သူ႔ရဲ႕အသင္းေဟာင္း ေပၚတိုကလည္း အငွားနဲ႔ေခၚခ်င္ခဲ့တာျဖစ္ပါတယ္။ အခုေတာ့ လုခ္ေရွာအတြက္ ၿပိဳင္ဘက္တစ္ေယာက္ေရာက္လာေတာ့မွာျဖစ္သလို တဲလက္စ္ရဲ႕အနာဂတ္အတြက္လည္း ေမးခြန္းထုတ္စရာျဖစ္လာႏိုင္တယ္လို႔ အဲဒီသတင္းစာက သုံးသပ္ထားပါတယ္။ ဒါ့အျပင္ မန္ယူဟာ မႏွစ္တုန္းက ေနာဝွစ္ခ်္ကိုအငွားခ်ခဲ့တဲ့ လူငယ္ကစားသမားဘရန္ဒန္ဝီလ်ံအတြက္ ကမ္းလွမ္းမႈေတြကိုလည္း နားေထာင္သြားမယ္လို႔ ေရးသားထားပါတယ္။ သရဲနီေတြအေနနဲ႔ေတာ့ သူတို႔ရဲ႕ပထမဆုံးကစားသမားေခၚယူမႈကို ျမန္ျမန္ဆန္ဆန္ အဆုံးသတ္ခ်င္ေနတာပါ။ အနာဂတ္အစီအစဥ္သာမက ဂုဏ္သိကၡာအတြက္ပါအေရးႀကီးေနသလို ေနာက္ထပ္ပစ္မွတ္ေတြလည္း ရွိေနတာေၾကာင့္ျဖစ္ပါတယ္။ အထူးသျဖင့္ ေအဂ်က္ဇ္ေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္ရဲ႕လက္မွတ္ကို ရယူၿပီး အာဆင္နယ္ကိုေတ့ျဖဳတ္ဖို႔လည္း ႀကိဳးစားလိမ့္မယ္လို႔သိရပါတယ္။ မန္ယူရဲ႕ဦးစားေပးပစ္မွတ္ထဲမွာေတာ့ ဘာစီလိုနာကြင္းလယ္လူဒီေဂ်ာင္က ထိပ္ဆုံးမွာရွိေနဆဲပါ။ နည္းျပသစ္တန္းဟတ္ဟာ အသင္းေဟာင္းေအဂ်က္ဇ္ရဲ႕ေတာင္ပံလူ အန္တိုနီကို သေဘာက်ေနေပမယ့္ ေပါင္ သန္း ၇၀ ဆိုတဲ့ေခၚေၾကးေၾကာင့္ ေနာက္ဆုတ္ထားရပါတယ္။