နွေဈေးကွက်နောက်ဆုံးရက်မှာ အားလုံးကိုအံ့အားသင့်စေသူက နေမာ ဖြစ်လာတော့မလား

မနက်ဖြန် နွေဈေးကွက်မပိတ်ခင် အံ့အားသင့်စရာကမ်းလှမ်းမှုအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူဖို့ ချဲလ်ဆီးကြိုးစားလာတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ ဈေးကွက်မပိတ်ခင် ပြီးပြည့်စုံတဲ့အသင်းဖြစ်စေဖို့

ဘယ်လိုကစားသမားမျိုးကို လိုချင်လဲလို့ အသင်းပိုင်ရှင်တော့ဒ်ဘိုးလီက နည်းပြတူချယ်ကို လမ်းဖွင့်ပေးလိုက်တာကြောင့် ဘရာဇီးလ်ကြယ်ပွင့်ကို ချဉ်းကပ်လာတာလို့ ရေးသားထားပါတယ်။ ပီအက်စ်ဂျီကလည်း သူတို့ရဲ့တိုက်စစ်ကစားသမားတစ်ယောက်ကို

ထွက်ခွာဖို့လမ်းဖွင့်ပေးဖွယ်ရှိနေပြီး အသက် ၃၀ အရွယ်တိုက်စစ်မှူးအတွက်တော့ ခက်ခဲတဲ့အပြောင်းအရွှေ့တစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒါကလည်း ချဲလ်ဆီးရဲ့တစ်ခြား ပစ်မှတ်တွေနဲ့သက်ဆိုင်နေတာပါ။

တူချယ်ဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူဖို့ စိတ်ထက်သန်နေသလို လက်စတာရဲ့ဖိုဖာနာကိုလည်း ပေါင် သန်း ၇၀ နဲ့ ရဖို့ရှိနေပါတယ်။ ပါရီကလပ်ကတော့ ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းကြောင့်

ရင်ဆိုင်ရနိုင်တဲ့ပြစ်ဒဏ်တွေကလွတ်မြောက်ဖို့ ကြိုတင်လှုပ်ရှားရဖို့ရှိနေတာပါ။ သူတို့ဟာ ဒီနွေဈေးကွက်မှာ ဗီတင်ဟာ၊ နူနိုမန်ဒက်စ်၊ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်နဲ့ မူကိုင်လီတို့အတွက် ပေါင် သန်း ၁၀၀ ကျော် သုံးထားပါတယ်။

ဗလန်စီယာက ကားလို့စ်ဆိုလာလည်း ပေါင် ၁၇ သန်းနဲ့ ရောက်လာဖို့ရှိနေပါတယ်။ ဒါ့အပြင် အမ်ဘာပီကို တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀၀ နဲ့စာချုပ်သစ်ချုပ်လိုက်တဲ့နောက် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းချိုးဖောက်မှုကို ရှောင်ရှားနိုင်ရေးအတွက် နေမာ ဒါမှမဟုတ်

မက်ဆီကို ဆုံးရှုံးခံဖို့ စဉ်းစားနေတယ်လို့လည်း ရေးသားထားပါတယ်။ နေမာဟာ ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပါရီကိုရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ မက်ဆီနဲ့ဆက်ရှိနေချင်ပေမယ့် အမ်ဘာပီနဲ့အဆင်မပြေဘူးဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

(zawggyi)

မနက္ျဖန္ ေႏြေဈးကြက္မပိတ္ခင္ အံ့အားသင့္စရာကမ္းလွမ္းမႈအျဖစ္ ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာကို ေခၚယူဖို႔ ခ်ဲလ္ဆီးႀကိဳးစားလာတယ္လို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ ေဈးကြက္မပိတ္ခင္ ၿပီးျပည့္စုံတဲ့အသင္းျဖစ္ေစဖို႔

ဘယ္လိုကစားသမားမ်ိဳးကို လိုခ်င္လဲလို႔ အသင္းပိုင္ရွင္ေတာ့ဒ္ဘိုးလီက နည္းျပတူခ်ယ္ကို လမ္းဖြင့္ေပးလိုက္တာေၾကာင့္ ဘရာဇီးလ္ၾကယ္ပြင့္ကို ခ်ဥ္းကပ္လာတာလို႔ ေရးသားထားပါတယ္။ ပီအက္စ္ဂ်ီကလည္း သူတို႔ရဲ႕တိုက္စစ္ကစားသမားတစ္ေယာက္ကို

ထြက္ခြာဖို႔လမ္းဖြင့္ေပးဖြယ္ရွိေနၿပီး အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးအတြက္ေတာ့ ခက္ခဲတဲ့အေျပာင္းအေ႐ႊ႕တစ္ခု ျဖစ္လာဖြယ္ရွိတယ္လို႔လည္း သုံးသပ္ထားပါတယ္။ ဒါကလည္း ခ်ဲလ္ဆီးရဲ႕တစ္ျခား ပစ္မွတ္ေတြနဲ႔သက္ဆိုင္ေနတာပါ။

တူခ်ယ္ဟာ ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္းကိုေခၚယူဖို႔ စိတ္ထက္သန္ေနသလို လက္စတာရဲ႕ဖိုဖာနာကိုလည္း ေပါင္ သန္း ၇၀ နဲ႔ ရဖို႔ရွိေနပါတယ္။ ပါရီကလပ္ကေတာ့ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးသာတူညီမွ်စည္းမ်ဥ္းေၾကာင့္

ရင္ဆိုင္ရႏိုင္တဲ့ျပစ္ဒဏ္ေတြကလြတ္ေျမာက္ဖို႔ ႀကိဳတင္လႈပ္ရွားရဖို႔ရွိေနတာပါ။ သူတို႔ဟာ ဒီေႏြေဈးကြက္မွာ ဗီတင္ဟာ၊ ႏူႏိုမန္ဒက္စ္၊ ဖာဘီယန္႐ုဇ္၊ ရီနာတိုဆန္းခ်က္စ္နဲ႔ မူကိုင္လီတို႔အတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္ သုံးထားပါတယ္။

ဗလန္စီယာက ကားလို႔စ္ဆိုလာလည္း ေပါင္ ၁၇ သန္းနဲ႔ ေရာက္လာဖို႔ရွိေနပါတယ္။ ဒါ့အျပင္ အမ္ဘာပီကို တစ္ပတ္လုပ္ခ ေပါင္ ၆၅၀၀၀၀ နဲ႔စာခ်ဳပ္သစ္ခ်ဳပ္လိုက္တဲ့ေနာက္ ဘ႑ာေရးသာတူညီမွ်စည္းမ်ဥ္းခ်ိဳးေဖာက္မႈကို ေရွာင္ရွားႏိုင္ေရးအတြက္

ေနမာ ဒါမွမဟုတ္ မက္ဆီကို ဆုံးရႈံးခံဖို႔ စဥ္းစားေနတယ္လို႔လည္း ေရးသားထားပါတယ္။ ေနမာဟာ ဘာစီလိုနာကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၉၈ သန္းနဲ႔ ပါရီကိုေရာက္လာခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ မက္ဆီနဲ႔ဆက္ရွိေနခ်င္ေပမယ့္ အမ္ဘာပီနဲ႔အဆင္မေျပဘူးဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။