နော်ဝေက ဟာလန်းနဲ့မတူတဲ့ ဟာလန်းပုံတူရုပ်တု တန်ခိုးရပြီး ကိုယ်ယောင်ဖျောက်သွား ..

ဒီမေးခွန်းရဲ့အဖြေကို တိုရေးဗစ်ဗာဆင်လည်း သိချင်နေပါတယ်။ ဆစ်ဗာဆင်ဆိုတာက နော်ဝေသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ သူတို့နိုင်ငံရဲ့ဂုဏ်ဆောင် မန်စီးတီးတိုက်စစ်မှူးကို ဂုဏ်ပြုချင်လွန်းလို့

ပေါင် ၁၀၀၀၀ အကုန်ခံပြီး ဟာလန်းပုံတူရုပ်တု ဖန်တီးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ၁ တန်လောက်အလေးချိန်ရှိတဲ့ သစ်သားတုံးနဲ့ထုဆစ်ထားတဲ့ နော်ဝေနိုင်ငံ ဘရန်းမြို့က ပုံတူရုပ်တုဟာ ဟာလန်းနဲ့ တစ်စက်မှမတူပါဘူး။

၁၀ ပေမြင့်တဲ့ ဒီသစ်သားပန်းပုရုပ်ကြီး ပျောက်ဆုံးသွားပုံကလည်း ထူးဆန်းလွန်းနေပါတယ်။ ဆစ်ဗာဆင်ဟာ ဒီရုပ်တုကို လေလံပစ်ပြီး ရရှိလာတဲ့ငွေကြေးတွေကို အာဖရိကနိုင်ငံ တန်ဇင်နီးယားက ဆေးရုံတစ်ခုကိုလှူဒါန်းဖို့

ရည်ရွယ်ထားတာပါ။ အခုတော့ ပျောက်ချင်းမလှပျောက်သွားတာကြောင့် “ သူက ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်တာကြောင့် အခုလို ဂုဏ်ပြုဖို့စီစဉ်ခဲ့တာပါ။ ဒီရုပ်တုဟာ ရုပ်ဆိုးတယ်လို့ ဝေဖန်သူတွေရှိပေမယ့်

ဟာလန်းကလည်း အရမ်းကြည့်ကောင်းနေတာ မဟုတ်ဘူးလေ။ ဒါကို လက်ခံရမှာပေါ့။ အခုတော့ တစ်ယောက်ယောက် ခိုးသွားတာကြောင့် ကျွန်တော်အံ့သြမိသလို စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ကြတာပါ ” လို့

The Sun သတင်းစာကို ဖွင့်ဟသွားခဲ့ပါတယ်။ သာမန်လူတစ်ယောက် သယ်ဖို့မလွယ်တဲ့ ဒီရုပ်တုကို ဟာလန်းနဲ့မတူတာကြောင့် အမြင်ကပ်သူတစ်ယောက်ယောက်က ဝန်ချီစက်နဲ့ မသွားတာများလားလို့ တစ်ချို့က မှတ်ချက်ပေးနေကြပါတယ်။

(zawgyi)

ဒီေမးခြန္းရဲ႕အေျဖကို တိုေရးဗစ္ဗာဆင္လည္း သိခ်င္ေနပါတယ္။ ဆစ္ဗာဆင္ဆိုတာက ေနာ္ေဝသား စီးပြားေရးလုပ္ငန္းရွင္တစ္ဦးပါ။ သူတို႔ႏိုင္ငံရဲ႕ဂုဏ္ေဆာင္ မန္စီးတီးတိုက္စစ္မႉးကို ဂုဏ္ျပဳခ်င္လြန္းလို႔ ေပါင္ ၁၀၀၀၀ အကုန္ခံၿပီး

ဟာလန္းပုံတူ႐ုပ္တု ဖန္တီးခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ ၁ တန္ေလာက္အေလးခ်ိန္ရွိတဲ့ သစ္သားတုံးနဲ႔ထုဆစ္ထားတဲ့ ေနာ္ေဝႏိုင္ငံ ဘရန္းၿမိဳ႕က ပုံတူ႐ုပ္တုဟာ ဟာလန္းနဲ႔ တစ္စက္မွမတူပါဘူး။ ၁၀ ေပျမင့္တဲ့ ဒီသစ္သားပန္းပု႐ုပ္ႀကီး

ေပ်ာက္ဆုံးသြားပုံကလည္း ထူးဆန္းလြန္းေနပါတယ္။ ဆစ္ဗာဆင္ဟာ ဒီ႐ုပ္တုကို ေလလံပစ္ၿပီး ရရွိလာတဲ့ေငြေၾကးေတြကို အာဖရိကႏိုင္ငံ တန္ဇင္နီးယားက ေဆး႐ုံတစ္ခုကိုလႉဒါန္းဖို႔ ရည္႐ြယ္ထားတာပါ။

အခုေတာ့ ေပ်ာက္ခ်င္းမလွေပ်ာက္သြားတာေၾကာင့္ “ သူက ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ဂုဏ္ယူစရာျဖစ္တာေၾကာင့္ အခုလို ဂုဏ္ျပဳဖို႔စီစဥ္ခဲ့တာပါ။ ဒီ႐ုပ္တုဟာ ႐ုပ္ဆိုးတယ္လို႔ ေဝဖန္သူေတြရွိေပမယ့္ ဟာလန္းကလည္း

အရမ္းၾကည့္ေကာင္းေနတာ မဟုတ္ဘူးေလ။ ဒါကို လက္ခံရမွာေပါ့။ အခုေတာ့ တစ္ေယာက္ေယာက္ ခိုးသြားတာေၾကာင့္ ကြၽန္ေတာ္အံ့ၾသမိသလို စိတ္မေကာင္းလည္းျဖစ္ရပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားခဲ့ၾကတာပါ ” လို႔

The Sun သတင္းစာကို ဖြင့္ဟသြားခဲ့ပါတယ္။ သာမန္လူတစ္ေယာက္ သယ္ဖို႔မလြယ္တဲ့ ဒီ႐ုပ္တုကို ဟာလန္းနဲ႔မတူတာေၾကာင့္ အျမင္ကပ္သူတစ္ေယာက္ေယာက္က ဝန္ခ်ီစက္နဲ႔ မသြားတာမ်ားလားလို႔ တစ္ခ်ိဳ႕က မွတ္ခ်က္ေပးေနၾကပါတယ္။