နော်တင်ဟမ်ဖော်ရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲအတွက် လူစာရင်းမှာ ဆန်ချို ပါဝင်နိုင်ဖို့ မရှိ

မန်ချက်စတာယူနိုက်တက်နဲ့ ပူးပေါင်းခွင့်မရသေးဘဲ တစ်ဦးတည်းလေ့ကျင့်ခန်း

ပြုလုပ်နေရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ လာမယ့်
နော်တင်ဟမ်ဖော်ရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲအတွက် လူစာရင်းမှာလည်း
ပါဝင်နိုင်ဖို့ အခြေအနေ မရှိပါဘူး။

အသက်(၂၂)နှစ်သာရှိသေးသူ ဆန်ချိုဟာ အောက်တိုဘာလကတည်းက
ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့်မရဘဲ အခု ဒီဇင်ဘာလအစောပိုင်းက
စပိန်နိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့တဲ့ ခရီးစဉ်မှာလည်း ပါဝင်ခွင့် မရခဲ့ပါဘူး။

အခုလောလောဆယ် ဆန်ချိုက နယ်သာလန်နိုင်ငံမှာ အဲရစ်တန်ဟက်
ညွှန်ကြားထားတဲ့ နည်းပြတွေနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်နေပြီး သူ့ရဲ့ Instagram
Account ကိုလည်း ခဏရပ်နားထားပါတယ်။

အဲရစ်တန်ဟက်က ဆန်ချိုဟာ အသင်းအတွက် ပြန်ကစားဖို့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းအရ
အသင့်မဖြစ်သေးဘူးလို့ မကြာသေးခင်က ပြောကြားခဲ့သလို ဂျာနယ်လစ်တွေက

ဆန်ချိုအနေနဲ့ ဘယ်တော့လောက်မှ ဘောလုံးပြန်ကစားနိုင်မလဲဆိုတဲ့မေးခွန်းကို
“ကျွန်တော် မသိပါဘူး”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးပြန်ကစားရမယ့်
ပရီးမီးယားလိဂ်ပွဲအဖြစ် လာမယ့်အင်္ဂါနေ့ကျရင် နော်တင်ဟမ်ဖော်ရက်စ်ကို
အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပြီး ဆန်ချိုဟာ အဲဒီပွဲမှာ ပါဝင်နိုင်ဖို့ မရှိပါဘူး။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပူးေပါင္းခြင့္မရေသးဘဲ တစ္ဦးတည္းေလ့က်င့္ခန္း
ျပဳလုပ္ေနရတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဆန္ခ်ိဳဟာ လာမယ့္
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ ပရီးမီးယားလိဂ္ပြဲအတြက္ လူစာရင္းမွာလည္း
ပါဝင္ႏိုင္ဖို႔ အေျခအေန မရွိပါဘူး။

အသက္(၂၂)ႏွစ္သာရွိေသးသူ ဆန္ခ်ိဳဟာ ေအာက္တိုဘာလကတည္းက
ယူႏိုက္တက္အသင္းမွာ ပါဝင္ကစားခြင့္မရဘဲ အခု ဒီဇင္ဘာလအေစာပိုင္းက

စပိန္ႏိုင္ငံမွာ သြားေရာက္ေလ့က်င့္ခဲ့တဲ့ ခရီးစဥ္မွာလည္း ပါဝင္ခြင့္ မရခဲ့ပါဘူး။

အခုေလာေလာဆယ္ ဆန္ခ်ိဳက နယ္သာလန္ႏိုင္ငံမွာ အဲရစ္တန္ဟက္

ၫႊန္ၾကားထားတဲ့ နည္းျပေတြနဲ႔အတူ ေလ့က်င့္ခန္းျပဳလုပ္ေနၿပီး သူ႔ရဲ႕ Instagram
Account ကိုလည္း ခဏရပ္နားထားပါတယ္။

အဲရစ္တန္ဟက္က ဆန္ခ်ိဳဟာ အသင္းအတြက္ ျပန္ကစားဖို႔ ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းအရ
အသင့္မျဖစ္ေသးဘူးလို႔ မၾကာေသးခင္က ေျပာၾကားခဲ့သလို ဂ်ာနယ္လစ္ေတြက
ဆန္ခ်ိဳအေနနဲ႔ ဘယ္ေတာ့ေလာက္မွ ေဘာလုံးျပန္ကစားႏိုင္မလဲဆိုတဲ့ေမးခြန္းကို
“ကြၽန္ေတာ္ မသိပါဘူး”ဆိုၿပီး ျပန္ေျဖခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံးျပန္ကစားရမယ့္
ပရီးမီးယားလိဂ္ပြဲအျဖစ္ လာမယ့္အဂၤါေန႔က်ရင္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို
အိမ္ကြင္းပြဲလက္ခံကစားရမွာျဖစ္ၿပီး ဆန္ခ်ိဳဟာ အဲဒီပြဲမွာ ပါဝင္ႏိုင္ဖို႔ မရွိပါဘူး။