နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲက ကတ်စ်မဲရိုးရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာ (၃-ဝ)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်၊
မာစီယဲလ်၊ ဖရက်ဒ်တို့ထက် ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ စွမ်းဆောင်ရည်အပေါ်
ပရိသတ်တွေက ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ကတ်စ်မဲရိုးဟာ ကွင်းလယ်ကနေ နော်တင်ဟမ်ဖော်ရက်စ်အသင်းရဲ့
တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေဟာ
သူ့ကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ မစဉ်းစားနိုင်တော့လောက်အောင်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ကတ်စ်မဲရိုးက ပြိုင်ဘက်နဲ့တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ အသာရယူမှု (၇)ကြိမ်၊
အောင်မြင်တဲ့ ဘောလုံးဖျက်ထုတ်မှု (Tackles) (၅)ကြိမ်ရှိခဲ့ပြီး သူ့ကြောင့်
အဲရစ်ဆင်ဟာ တိုက်စစ်ကို ပိုလိုက်ကစားနိုင်တာဖြစ်ပါတယ်။

ကတ်စ်မဲရိုးဟာ ခံစစ်ပိုင်းမှာသာမကပဲ တိုက်စစ်လိုက်ပါမှုမှာလည်း အားရဖို့ကောင်းခဲ့ပြီး
ပြိုင်ဘက်ရဲ့ Final Third ဇုန်ထဲကို ဘောလုံးပေးပို့မှု (၁၃)ကြိမ်၊ အပိုင်အခွင့်အရေး

(၃)ကြိမ်ပြုလုပ်ခဲ့သလို ဖရက်ဒ် သွင်းယူခဲ့တဲ့ တတိယဂိုးက သူ အကွက်မြင်မြင်
ဖန်တီးပေးမှုကြောင့် ရခဲ့တာပါ။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်တို့ထက် ကတ်စ်မဲရိုးကို
အဓိက ချီးကျူးနေတာဖြစ်ပြီး အွန်လိုင်းပေါ်မှာ ‘ကတ်စ်မဲရိုးရဲ့ ခြေစွမ်းက
ေ-ာက်ရမ်းကောင်းတယ်ဆိုတာ ချီးကျူးဖို့ စကားလုံးတောင် မရှိတော့ဘူး’၊
‘ကတ်စ်မဲရိုးရဲ့ ကြောက်ခမန်းလိလိခြေစွမ်းက အားရစရာကြီးကွာ’ဆိုပြီးတော့
ရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲမွာ (၃-ဝ)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး ဒီပြဲမွာ ဂိုးသြင္းခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္၊

မာစီယဲလ္၊ ဖရက္ဒ္တို႔ထက္ ကြင္းလယ္လူ ကတ္စ္မဲ႐ိုးရဲ႕ စြမ္းေဆာင္ရည္အေပၚ
ပရိသတ္ေတြက ခ်ီးက်ဴးစကားဆိုခဲ့ၾကပါတယ္။

ကတ္စ္မဲ႐ိုးဟာ ကြင္းလယ္ကေန ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းရဲ႕
တိုက္စစ္ဆင္မႈေတြကို အေကာင္းဆုံး ဟန႔္တားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားေတြဟာ
သူ႔ကို ဘယ္လို ေက်ာ္ျဖတ္ရမလဲဆိုတာ မစဥ္းစားႏိုင္ေတာ့ေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ ကတ္စ္မဲ႐ိုးက ၿပိဳင္ဘက္နဲ႔တစ္ဦးခ်င္းရင္ဆိုင္အေတြ႕မွာ အသာရယူမႈ (၇)ႀကိမ္၊
ေအာင္ျမင္တဲ့ ေဘာလုံးဖ်က္ထုတ္မႈ (Tackles) (၅)ႀကိမ္ရွိခဲ့ၿပီး သူ႔ေၾကာင့္
အဲရစ္ဆင္ဟာ တိုက္စစ္ကို ပိုလိုက္ကစားႏိုင္တာျဖစ္ပါတယ္။

ကတ္စ္မဲ႐ိုးဟာ ခံစစ္ပိုင္းမွာသာမကပဲ တိုက္စစ္လိုက္ပါမႈမွာလည္း အားရဖို႔ေကာင္းခဲ့ၿပီး
ၿပိဳင္ဘက္ရဲ႕ Final Third ဇုန္ထဲကို ေဘာလုံးေပးပို႔မႈ (၁၃)ႀကိမ္၊ အပိုင္အခြင့္အေရး
(၃)ႀကိမ္ျပဳလုပ္ခဲ့သလို ဖရက္ဒ္ သြင္းယူခဲ့တဲ့ တတိယဂိုးက သူ အကြက္ျမင္ျမင္

ဖန္တီးေပးမႈေၾကာင့္ ရခဲ့တာပါ။

အဲဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက ရပ္ရွ္ဖို႔ဒ္၊ မာစီယဲလ္တို႔ထက္ ကတ္စ္မဲ႐ိုးကို

အဓိက ခ်ီးက်ဴးေနတာျဖစ္ၿပီး အြန္လိုင္းေပၚမွာ ‘ကတ္စ္မဲ႐ိုးရဲ႕ ေျခစြမ္းက
ေ-ာက္ရမ္းေကာင္းတယ္ဆိုတာ ခ်ီးက်ဴးဖို႔ စကားလုံးေတာင္ မရွိေတာ့ဘူး’၊
‘ကတ္စ္မဲ႐ိုးရဲ႕ ေၾကာက္ခမန္းလိလိေျခစြမ္းက အားရစရာႀကီးကြာ’ဆိုၿပီးေတာ့
ေရးသားခဲ့ၾကပါတယ္။