
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားအပြီး ပထမဆုံး ပြန်ကစားရမယ့်
ပရီးမီးယားလိဂ်ပွဲအဖြစ် နော်တင်ဟမ်ဖော်ရက်စ်ကို အိမ်ကွင်းပွဲ လက်ခံကစားရမှာ
ဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ခံစစ်ပိုင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လိဂ်ဖလားပွဲအဖြစ် ဘန်လေနဲ့
ကစားခဲ့ပြီး အဲရစ်ဆင်၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပွဲမှာအသင်းခေါင်းဆောင် မက်ဂွိုင်းယား အဖျားရောဂါကြောင့်
မပါဝင်နိုင်ခဲ့သလို အဓိကနောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း
တို့ဟာလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့ရတဲ့အတွက် အဲရစ်တန်ဟက်က
အနားပေးထားလို့ နော်တင်ဟမ်ဖော်ရက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ့်အနေအထား
မရှိပါဘူး။
အဲဒါကြောင့် ယူနိုက်တက်ခံစစ်မှာ အမာခံကစားနိုင်တာဆိုလို့ လင်ဒီလော့ဖ်တစ်ဦးသာ
ရှိပြီး တွမ်ဇီဘီ၊ မန်ဂီတို့ဟာ ဒဏ်ရာရနေသလို ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ကိုလည်း
အဲရစ်တန်ဟက်က မသုံးတဲ့အတွက် ကစားသမားအလုံအလောက် မရှိဖြစ်နေပါတယ်။
ဘန်လေနဲ့ပွဲမှာ အဲရစ်တန်ဟက်ဟာ ကွင်းလယ်လူ ကတ်စ်မဲရိုးကို လင်ဒီလော့ဖ်နဲ့
တွဲဖက်ပြီး ခံစစ်အတွင်းလူအဖြစ် အသုံးပြုခဲ့ရပါတယ်။ မက်ဂွိုင်းယားသာ
နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမတိုင်ခင် ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိဘူးဆိုရင် အဲရစ်တန်ဟက်ဟာ
ကတ်စ်မဲရိုးနဲ့ လင်ဒီလော့ဖ်တို့ကိုပဲ ပွဲထွက်အသုံးပြုဖို့ရှိပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားအၿပီး ပထမဆုံး ျပန္ကစားရမယ့္
ပရီးမီးယားလိဂ္ပြဲအျဖစ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို အိမ္ကြင္းပြဲ လက္ခံကစားရမွာ
ျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ ခံစစ္ပိုင္းမွာ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လိဂ္ဖလားပြဲအျဖစ္ ဘန္ေလနဲ႔
ကစားခဲ့ၿပီး အဲရစ္ဆင္၊ ရပ္ရွ္ဖို႔ဒ္တို႔ရဲ႕ ဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။
ဒါေပမဲ့ အဲဒီပြဲမွာအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား အဖ်ားေရာဂါေၾကာင့္
မပါဝင္ႏိုင္ခဲ့သလို အဓိကေနာက္ခံလူေတြျဖစ္တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္၊ ဗာရန္း
တို႔ဟာလည္း ကမာၻ႔ဖလားဗိုလ္လုပြဲကစားခဲ့ရတဲ့အတြက္ အဲရစ္တန္ဟက္က
အနားေပးထားလို႔ ေနာ္တင္ဟမ္ေဖာ္ရက္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္မယ့္အေနအထား
မရွိပါဘူး။
အဲဒါေၾကာင့္ ယူႏိုက္တက္ခံစစ္မွာ အမာခံကစားႏိုင္တာဆိုလို႔ လင္ဒီေလာ့ဖ္တစ္ဦးသာ
ရွိၿပီး တြမ္ဇီဘီ၊ မန္ဂီတို႔ဟာ ဒဏ္ရာရေနသလို ဝါရင့္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ကိုလည္း
အဲရစ္တန္ဟက္က မသုံးတဲ့အတြက္ ကစားသမားအလုံအေလာက္ မရွိျဖစ္ေနပါတယ္။
ဘန္ေလနဲ႔ပြဲမွာ အဲရစ္တန္ဟက္ဟာ ကြင္းလယ္လူ ကတ္စ္မဲ႐ိုးကို လင္ဒီေလာ့ဖ္နဲ႔
တြဲဖက္ၿပီး ခံစစ္အတြင္းလူအျဖစ္ အသုံးျပဳခဲ့ရပါတယ္။ မက္ဂြိဳင္းယားသာ
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ပြဲမတိုင္ခင္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈ မရွိဘူးဆိုရင္ အဲရစ္တန္ဟက္ဟာ
ကတ္စ္မဲ႐ိုးနဲ႔ လင္ဒီေလာ့ဖ္တို႔ကိုပဲ ပြဲထြက္အသုံးျပဳဖို႔ရွိပါတယ္။