နော်တင်ဟမ်ဖော်ရက်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ဖို့ ခြေတစ်ဖက်လှမ်းနိုင်ပြီဖြစ်တဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်ကို ရှုံးပြီး ပြိုင်ပွဲစုံ(၁၀)ပွဲဆက်

ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်ခဲ့ပေမယ့် ယူနိုက်တက်တို့ အခု
လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲမှာ အကောင်းဆုံးပြန်လာနိုင်ပြီး ဂိုးပြတ်
နိုင်ပွဲရယူခဲ့ပါတယ်။

ဒီရာသီမှာ ရပ်တန့်လို့မရအောင် ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်ကလည်း
ဂိုးတွေကို အပျင်းပြေသဘောမျိုးနဲ့ သွင်းနေပြီး ခြေစွမ်းပိုင်းအရရော၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပိုင်းမှာပဲ အမြင့်ဆုံးအချိန်ကို
ရောက်နေပါပြီ။

ပွဲအစ(၆)မိနစ်မှာပဲ ရပ်ရှ်ဖို့ဒ်က ကွင်းလယ်လောက်ကနေ တစ်ကိုယ်တော်
အစွမ်းနဲ့ ဆွဲပြေးပြီး နော်တင်ဟမ်ဖော်ရက်စ် ကစားသမားနှစ်ဦးကို

ကျော်ဖြတ်ပြီးတော့ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့
စောစောစီးစီး ဂိုးရခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ပယ်နယ်တီဧရိယာထိပ်ကနေ အန်တိုနီရဲ့ ကန်ချက်ကို
ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဟန်နက်ဆေး ပုတ်ထုတ်ခဲ့ပေမယ့်
အသင့်ရှိနေတဲ့ တိုက်စစ်မှူးဝက်ဟော့တ်က ပိတ်သွင်းခဲ့လို့ ဒုတိယဂိုးရခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘ၀ (၃)ပွဲမြောက်မှာ သွင်းဂိုးဈေးဦးပေါက်သွားလို့
ဝက်ဟော့တ်အတွက် ကျေနပ်စရာဖြစ်ပေမယ့် အသင်းရဲ့ တောင်ပံတိုက်စစ်တွေနဲ့
Full Back တွေဟာ Crossing ပေးတဲ့အပိုင်းမှာ အားနည်းသလို
အနိမ့်ဘောနဲ့သာ အဓိကထိုးဖောက်ကစားလေ့ရှိတာကြောင့် အမြင့်ဘော

အားသန်တဲ့ ဝက်ဟော့တ် ရေရှည်မှာ အဆင်မပြေနိုင်လောက်ပါဘူး။

အိမ်ရှင် နော်တင်ဟမ်ဖော်ရက်စ်ကလည်း ယူနိုက်တက်ကို ဒုက္ခပေးနိုင်ခဲ့ပြီး

ဂစ်ဘ်စ်ဝှိုက်၊ ဆာရစ်ချ်၊ ဂျွန်ဆင်စတဲ့ တိုက်စစ်ကစားသမားတွေကို ယူနိုက်တက်
နောက်ခံလူတွေ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဆာရစ်ချ် ချေပဂိုးတစ်ဂိုး
သွင်းပေမယ့် VAR က လူကျွံဘောဖြစ်နေလို့ ဂိုးမပေးခဲ့တဲ့အတွက်
နစ်နာခဲ့ရသလို အခွင့်အရေးတွေကို အသုံးမချနိုင်လို့သာ နော်တင်ဟမ်ဖော်ရက်စ်
ချေပဂိုးမရခဲ့တာပါ။

ယူနိုက်တက်အတွက် တတိယဂိုးကိုတော့ (၈၉)မိနစ်မှာ အီလန်ဂါ ပေးတာကနေ
ဘရူနိုဖာနန်ဒက်စ်က အပြင်းကန်သွင်းပြီး ဂိုးပြတ်နိုင်ပွဲ ရယူပေးခဲ့ပါတယ်။ အခု

နိုင်ပွဲကြောင့် ယူနိုက်တက်တို့ ဒုတိယအကျော့ပွဲအတွက် ဖိအားမရှိတော့ဘဲ
၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားပါပြီ။

[Zawgyi]

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အာဆင္နယ္ကို ရႈံးၿပီး ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္
ရႈံးပြဲမရွိမွတ္တမ္း ရပ္တန႔္ခဲ့ေပမယ့္ ယူႏိုက္တက္တို႔ အခု
လိဂ္ဖလားဆီမီးဖိုင္နယ္ပြဲမွာ အေကာင္းဆုံးျပန္လာႏိုင္ၿပီး ဂိုးျပတ္
ႏိုင္ပြဲရယူခဲ့ပါတယ္။

ဒီရာသီမွာ ရပ္တန႔္လို႔မရေအာင္ ေျခစြမ္းျပေနတဲ့ ရပ္ရွ္ဖို႔ဒ္ကလည္း
ဂိုးေတြကို အပ်င္းေျပသေဘာမ်ိဳးနဲ႔ သြင္းေနၿပီး ေျခစြမ္းပိုင္းအရေရာ၊
ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအပိုင္းမွာပဲ အျမင့္ဆုံးအခ်ိန္ကို

ေရာက္ေနပါၿပီ။

ပြဲအစ(၆)မိနစ္မွာပဲ ရပ္ရွ္ဖို႔ဒ္က ကြင္းလယ္ေလာက္ကေန တစ္ကိုယ္ေတာ္

အစြမ္းနဲ႔ ဆြဲေျပးၿပီး ေနာ္တင္ဟမ္ေဖာ္ရက္စ္ ကစားသမားႏွစ္ဦးကို
ေက်ာ္ျဖတ္ၿပီးေတာ့ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔
ေစာေစာစီးစီး ဂိုးရခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ပယ္နယ္တီဧရိယာထိပ္ကေန အန္တိုနီရဲ႕ ကန္ခ်က္ကို
ခရစၥတယ္ပဲေလ့စ္ဂိုးသမား ဟန္နက္ေဆး ပုတ္ထုတ္ခဲ့ေပမယ့္
အသင့္ရွိေနတဲ့ တိုက္စစ္မႉးဝက္ေဟာ့တ္က ပိတ္သြင္းခဲ့လို႔ ဒုတိယဂိုးရခဲ့ပါတယ္။

ယူႏိုက္တက္ကစားသမားဘ၀ (၃)ပြဲေျမာက္မွာ သြင္းဂိုးေဈးဦးေပါက္သြားလို႔
ဝက္ေဟာ့တ္အတြက္ ေက်နပ္စရာျဖစ္ေပမယ့္ အသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြနဲ႔
Full Back ေတြဟာ Crossing ေပးတဲ့အပိုင္းမွာ အားနည္းသလို

အနိမ့္ေဘာနဲ႔သာ အဓိကထိုးေဖာက္ကစားေလ့ရွိတာေၾကာင့္ အျမင့္ေဘာ
အားသန္တဲ့ ဝက္ေဟာ့တ္ ေရရွည္မွာ အဆင္မေျပႏိုင္ေလာက္ပါဘူး။

အိမ္ရွင္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကလည္း ယူႏိုက္တက္ကို ဒုကၡေပးႏိုင္ခဲ့ၿပီး
ဂစ္ဘ္စ္ဝႈိက္၊ ဆာရစ္ခ်္၊ ဂြၽန္ဆင္စတဲ့ တိုက္စစ္ကစားသမားေတြကို ယူႏိုက္တက္
ေနာက္ခံလူေတြ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရပါတယ္။ ဆာရစ္ခ်္ ေခ်ပဂိုးတစ္ဂိုး
သြင္းေပမယ့္ VAR က လူကြၽံေဘာျဖစ္ေနလို႔ ဂိုးမေပးခဲ့တဲ့အတြက္
နစ္နာခဲ့ရသလို အခြင့္အေရးေတြကို အသုံးမခ်ႏိုင္လို႔သာ ေနာ္တင္ဟမ္ေဖာ္ရက္စ္

ေခ်ပဂိုးမရခဲ့တာပါ။

ယူႏိုက္တက္အတြက္ တတိယဂိုးကိုေတာ့ (၈၉)မိနစ္မွာ အီလန္ဂါ ေပးတာကေန

ဘ႐ူႏိုဖာနန္ဒက္စ္က အျပင္းကန္သြင္းၿပီး ဂိုးျပတ္ႏိုင္ပြဲ ရယူေပးခဲ့ပါတယ္။ အခု
ႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ ဒုတိယအေက်ာ့ပြဲအတြက္ ဖိအားမရွိေတာ့ဘဲ
၂၀၁၇ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲတက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။