နောက်ထပ် အေဂျက်ဇ်ကစားသမားဟောင်းတစ်ယောက်ကို မန်ယူခေါ်ဦးမယ့် တန်းဟတ်

ကက်စ်မီရိုက စဖွင့်လိုက်တဲ့ မန်ယူရဲ့နွေဈေးကွက်လာဘ်ကီးဟာ အန်တိုနီနဲ့တင် အဆုံးသတ်မသွားသေးပါဘူး။ ကြာသပတေးနေ့ ဈေးကွက်မပိတ်ခင် နောက်ထပ်ကစားသမားသစ်တွေ ရောက်လာဖို့ရှိနေပါသေးတယ်။

အကြောင်းကတော့ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ လိဂ် ၂ ပွဲဆက်အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြတန်းဟတ်အပေါ် ယုံကြည်မှုရှိသွားလို့ပါ။ အခုလည်း မန်ယူဟာ ဘာစီလိုနာကစားသမားတစ်ယောက်ကို

ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့ စပိန်အခြေစိုက် Sport သတင်းစာက ဖေါ်ပြလိုက်ပါတယ်။ အဲဒီကစားသမားကတော့ ညာနောက်ခံလူဆာဂျီနိုဒက်စ်ပါ။ အရင်ကတည်းက မန်ယူနဲ့သတင်းထွက်ဖူးတဲ့

ဒီကစားသမားအတွက် ဝမ်ဘစ်ဆာကာနဲ့ အလဲအထပ်လုပ်ဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။ ဘာစီလိုနာနည်းပြဇာဗီဟာ ဆာဂျီနိုဒက်စ်ကို လာလီဂါတစ်ပွဲမှ ကစားခွင့်မပေးသေးသလို ချဲလ်ဆီးရဲ့ညာနောက်ခံလူ

အက်ဇ်ပီလီကူတာကိုရဖို့လည်း ကြိုးစားနေတာပါ။ ချဲလ်ဆီးကြယ်ပွင့်က စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်နေဖို့ဆုံးဖြတ်ထားတာကြောင့် ရှေ့မတိုးနိုင်ဖြစ်နေပေမယ့် ဗဟိုခံစစ်မှူးအာရူဂျိုကို ညာနောက်ခံလူနေရာမှာ

ကစားခိုင်းနေတာဟာ ဆာဂျီနိုဒက်စ်ရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းဖေါ်ပြနေသလိုပါပဲ။ အက်ဇ်ပီလီကူတာလို ခံစစ်ကနေ တိုက်စစ်ကူးပြောင်းရာမှာ ထူးချွန်သူမျိုး လိုချင်နေတဲ့ ဇာဗီအတွက် ဘစ်ဆာကာက

အဆင်ပြေနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ်နောက်ခံလူဟာ ရန်းနစ်ခ်လက်ထက်ကတည်းက ဒါလော့ကြောင့်နေရာပျောက်ခဲ့သူဖြစ်ပြီး တန်းဟတ်ကလည်း

သဘောမကျသူဖြစ်နေပါတယ်။ ဒီအပြောင်းအရွှေ့ဖြစ်သွားနိုင်တဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ ဆာဂျီနိုဒက်စ်ဟာ အေဂျက်ဇ်မှာတုန်းက တန်းဟတ်ရဲ့တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတာပါပဲ။

(zawgyi)

ကက္စ္မီ႐ိုက စဖြင့္လိုက္တဲ့ မန္ယူရဲ႕ေႏြေဈးကြက္လာဘ္ကီးဟာ အန္တိုနီနဲ႔တင္ အဆုံးသတ္မသြားေသးပါဘူး။ ၾကာသပေတးေန႔ ေဈးကြက္မပိတ္ခင္ ေနာက္ထပ္ကစားသမားသစ္ေတြ ေရာက္လာဖို႔ရွိေနပါေသးတယ္။ အေၾကာင္းကေတာ့

ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ လိဂ္ ၂ ပြဲဆက္အႏိုင္ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပတန္းဟတ္အေပၚ ယုံၾကည္မႈရွိသြားလို႔ပါ။ အခုလည္း မန္ယူဟာ ဘာစီလိုနာကစားသမားတစ္ေယာက္ကို ေခၚယူႏိုင္ဖို႔ ေဆြးေႏြးေနတယ္လို႔

စပိန္အေျခစိုက္ Sport သတင္းစာက ေဖၚျပလိုက္ပါတယ္။ အဲဒီကစားသမားကေတာ့ ညာေနာက္ခံလူဆာဂ်ီႏိုဒက္စ္ပါ။ အရင္ကတည္းက မန္ယူနဲ႔သတင္းထြက္ဖူးတဲ့ ဒီကစားသမားအတြက္ ဝမ္ဘစ္ဆာကာနဲ႔ အလဲအထပ္လုပ္ဖြယ္ရွိတယ္လို႔ ေရးသားထားပါတယ္။

ဘာစီလိုနာနည္းျပဇာဗီဟာ ဆာဂ်ီႏိုဒက္စ္ကို လာလီဂါတစ္ပြဲမွ ကစားခြင့္မေပးေသးသလို ခ်ဲလ္ဆီးရဲ႕ညာေနာက္ခံလူ အက္ဇ္ပီလီကူတာကိုရဖို႔လည္း ႀကိဳးစားေနတာပါ။ ခ်ဲလ္ဆီးၾကယ္ပြင့္က စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ဆက္ေနဖို႔ဆုံးျဖတ္ထားတာေၾကာင့္

ေရွ႕မတိုးႏိုင္ျဖစ္ေနေပမယ့္ ဗဟိုခံစစ္မႉးအာ႐ူဂ်ိဳကို ညာေနာက္ခံလူေနရာမွာ ကစားခိုင္းေနတာဟာ ဆာဂ်ီႏိုဒက္စ္ရဲ႕အနာဂတ္ကို ရွင္းရွင္းလင္းလင္းေဖၚျပေနသလိုပါပဲ။ အက္ဇ္ပီလီကူတာလို ခံစစ္ကေန တိုက္စစ္ကူးေျပာင္းရာမွာ

ထူးခြၽန္သူမ်ိဳး လိုခ်င္ေနတဲ့ ဇာဗီအတြက္ ဘစ္ဆာကာက အဆင္ေျပႏိုင္တယ္လို႔လည္း သုံးသပ္ထားပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ ရန္းနစ္ခ္လက္ထက္ကတည္းက ဒါေလာ့ေၾကာင့္ေနရာေပ်ာက္ခဲ့သူျဖစ္ၿပီး

တန္းဟတ္ကလည္း သေဘာမက်သူျဖစ္ေနပါတယ္။ ဒီအေျပာင္းအေ႐ႊ႕ျဖစ္သြားႏိုင္တဲ့ ေနာက္ထပ္အေၾကာင္းတစ္ခုကေတာ့ ဆာဂ်ီႏိုဒက္စ္ဟာ ေအဂ်က္ဇ္မွာတုန္းက တန္းဟတ္ရဲ႕တပည့္တစ္ေယာက္ ျဖစ္ခဲ့ဖူးတာပါပဲ။