နောက်တစ်ခါ အလုပ်ပြုတ်မှာစိုးတာကြောင့် ဒေါသမထိန်းနိုင်ပေမယ့် ဖုန်းလုရုံနဲ့ကျေနပ်ခဲ့ရတဲ့ ကာရေဂါ

လီဗာပူးလ်နောက်ခံလူဟောင်းကာရေဂါတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ပရိသတ်တစ်ယောက်ဆီက ဖုန်းလုယူသွားတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းမှာပျံ့နှံ့နေပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ စပါးတို့ City Ground မှာ ကစားတဲ့ပွဲမှာဖြစ်ခဲ့တာပါ။

ကာရေဂါဟာ Sky Sports ရုပ်သံအတွက် ဘောလုံးပွဲဝေဖန်သူအဖြစ်တင်ဆက်ဖို့ ရောက်နေခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေရှိနေတဲ့ ပွဲကြည့်စင်လှေကားထစ်တွေကို သူ နင်းဖြတ်လာခဲ့ပါတယ်။

အစောပိုင်းမှာတော့ လီဗာပူးလ်နောက်ခံလူဟောင်းနဲ့ ဖောရက်စ်ပရိသတ်တွေကြားမှာ ကောင်းကောင်းမွန်မွန်ပါပဲ။ ပရိသတ်တစ်ယောက်က သူ့နောက်ကျောကိုလှမ်းရိုက်တယ်၊ နောက်တစ်ယောက်က လက်ဆက်နှုတ်ဆက်တယ်။

အေးဆေးပါပဲ။ ဒါပေမဲ့ လူအုပ်ထဲက ပရိသတ်တစ်ယောက်ကတော့ ကာရေဂါကြားလောက်အောင် လီဗာပူးလ်သားတွေရဲ့ဒေသိယစကားနဲ့ လှမ်းဆဲလိုက်တယ်။ Sky Sports ရုပ်သံကဆရာကြီး ဒေါသထွက်သွားပြီး သူ့ကိုဖုန်းနဲ့မှတ်တမ်းတင်နေတဲ့

အခြားပရိသတ်တစ်ယောက်အပေါ် ပုံချလိုက်ပါတယ်။ ဖုန်းကိုဆတ်ကနဲလုယူလိုက်ပြီး လုံခြုံရေးတွေအခြံအရံနဲ့ ဆင်းသွားကာနီးမှ ပြန်ပေးသွားခဲ့တာပါ။ လှောင်ပြောင်မှုတွေအများကြီးခံခဲ့ရသလို

ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိပါဘူးလို့ ကာရေဂါက Mirror နဲ့အင်တာဗျူးမှာ ပြန်ရှင်းပြခဲ့ပါတယ်။ သူဟာ ၂၀၁၈ တုန်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို တံတွေးနဲ့ထွေးတာကြောင့် Sky Sports က

ရာထူးကနေ ရပ်ဆိုင်းခဲ့ဖူးပါတယ်။ အဲဒီရူးသွပ်စရာအခိုက်အတန့်ကို နောက်ပိုင်းမှာပြန်လည်တောင်းပန်ခဲ့ပေမယ့် ကာရေဂါဟာ ဖန်သားပြင်တွေနဲ့ ၅ လ လောက် ဝေးကွာခဲ့ရတာပါ။

(zawgyi)

လီဗာပူးလ္ေနာက္ခံလူေဟာင္းကာေရဂါတစ္ေယာက္ စိတ္မထိန္းႏိုင္ဘဲ ပရိသတ္တစ္ေယာက္ဆီက ဖုန္းလုယူသြားတဲ့ ဗြီဒီယိုဖိုင္ အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနပါတယ္။ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ စပါးတို႔ City Ground မွာ

ကစားတဲ့ပြဲမွာျဖစ္ခဲ့တာပါ။ ကာေရဂါဟာ Sky Sports ႐ုပ္သံအတြက္ ေဘာလုံးပြဲေဝဖန္သူအျဖစ္တင္ဆက္ဖို႔ ေရာက္ေနခဲ့ပါတယ္။ ေနာ္တင္ဟမ္ေဖာရက္စ္ပရိသတ္ေတြရွိေနတဲ့ ပြဲၾကည့္စင္ေလွကားထစ္ေတြကို

သူ နင္းျဖတ္လာခဲ့ပါတယ္။ အေစာပိုင္းမွာေတာ့ လီဗာပူးလ္ေနာက္ခံလူေဟာင္းနဲ႔ ေဖာရက္စ္ပရိသတ္ေတြၾကားမွာ ေကာင္းေကာင္းမြန္မြန္ပါပဲ။ ပရိသတ္တစ္ေယာက္က သူ႔ေနာက္ေက်ာကိုလွမ္း႐ိုက္တယ္၊ ေနာက္တစ္ေယာက္က

လက္ဆက္ႏႈတ္ဆက္တယ္။ ေအးေဆးပါပဲ။ ဒါေပမဲ့ လူအုပ္ထဲက ပရိသတ္တစ္ေယာက္ကေတာ့ ကာေရဂါၾကားေလာက္ေအာင္ လီဗာပူးလ္သားေတြရဲ႕ေဒသိယစကားနဲ႔ လွမ္းဆဲလိုက္တယ္။ Sky Sports ႐ုပ္သံကဆရာႀကီး ေဒါသထြက္သြားၿပီး

သူ႔ကိုဖုန္းနဲ႔မွတ္တမ္းတင္ေနတဲ့ အျခားပရိသတ္တစ္ေယာက္အေပၚ ပုံခ်လိုက္ပါတယ္။ ဖုန္းကိုဆတ္ကနဲလုယူလိုက္ၿပီး လုံၿခဳံေရးေတြအၿခံအရံနဲ႔ ဆင္းသြားကာနီးမွ ျပန္ေပးသြားခဲ့တာပါ။ ေလွာင္ေျပာင္မႈေတြအမ်ားႀကီးခံခဲ့ရသလို

ဘယ္သူကိုမွ ထိခိုက္နစ္နာေစလိုတဲ့ဆႏၵမရွိပါဘူးလို႔ ကာေရဂါက Mirror နဲ႔အင္တာဗ်ဴးမွာ ျပန္ရွင္းျပခဲ့ပါတယ္။ သူဟာ ၂၀၁၈ တုန္းက အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ကို တံေတြးနဲ႔ေထြးတာေၾကာင့္ Sky Sports က

ရာထူးကေန ရပ္ဆိုင္းခဲ့ဖူးပါတယ္။ အဲဒီ႐ူးသြပ္စရာအခိုက္အတန႔္ကို ေနာက္ပိုင္းမွာျပန္လည္ေတာင္းပန္ခဲ့ေပမယ့္ ကာေရဂါဟာ ဖန္သားျပင္ေတြနဲ႔ ၅ လ ေလာက္ ေဝးကြာခဲ့ရတာပါ။