နောက်စေ့မှာ မျက်လုံးပါနေတာလားလို့ ပီအက်စ်ဂျီပရိသတ်တွေ သြချခဲ့ရတဲ့ မက်ဆီရဲ့မှော်ပြကွက်

ပီအက်စ်ဂျီပရိသတ်တွေကတော့ မက်ဆီရဲ့နောက်စေ့မှာ မျက်လုံးပါနေတာပဲဖြစ်မယ်လို့ တအံ့တသြနဲ့ ချီးမွန်းခန်းဖွင့်နေကြရပါပြီ။ အကြောင်းကတော့ ပါရီကလပ်ရဲ့လေ့ကျင့်ကွင်းမှာ ရွှေဘောလုံးဆု စံချိန်ရှင်ဟာ အမ်ဘာပီကိုမကြည့်ဘဲ

ဘောလုံးနောက်ပြန်ပေးသွားခဲ့လို့ပါ။ ပီအက်စ်ဂျီဟာ ဒီတစ်ပတ်မှာ လိုင်လီကွင်းကိုအလည်သွားရမှာဖြစ်ပြီး လီဂူး-၁ အဖွင့် ၃ ပွဲဆက်အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ ပါရီမှာ ကစားခဲ့တဲ့ ပထမဆုံးရာသီအပြီးမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ရွှေဘောလုံးဆု

ပဏာမ ၃၀ စာရင်းနဲ့ အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့ရတဲ့ မက်ဆီဟာ လေ့ကျင့်ကွင်းမှာ မယုံနိုင်စရာကောင်းတဲ့ သူ့ရဲ့ဘောလုံးမှော်အတတ်နဲ့ ပြုစားနိုင်ခဲ့တာပါ။ နှစ်သင်းခွဲပြီး လေ့ကျင့်ရာမှာ အမ်ဘာပီက မက်ဆီကို

ဘောလုံးပေးပြီး တစ်ဖက်ကိုပြေးသွားခဲ့ပါတယ်။ ရာမို့စ်အပါအဝင် နောက်ခံလူ ၃ ယောက် ချက်ချင်းကပ်လာတာကြောင့် မက်ဆီဟာ နေရာကျဉ်းကျဉ်းလေးမှာ အခက်တွေ့ရလောက်အောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်တိုက်စစ်မှူးက

“ လီယို ” လို့ အော်ပြီး ဘောလုံးတောင်းလိုက်ချိန်မှာတော့ မက်ဆီဟာ အမ်ဘာပီ ဘယ်နေရာမှာရှိနေတယ်ဆိုတာ မြင်ရတဲ့အလား ဘယ်ခြေနဲ့ပက်ပေးလိုက်တာပါ။ အမ်ဘာပီကို မကြည့်ဘဲ အတိအကျပေးလိုက်နိုင်တဲ့

အာဂျင်တီးနားကြယ်ပွင့်ရဲ့စကေးမျိုးဟာ တကယ့်ပါရမီရှင်တစ်ဦးမှာသာ မြင်ရနိုင်တာမျိုးလို့လည်း ဆိုနိုင်ပါတယ်။ ကျဉ်းထဲကျပ်ထဲကနေ အခုလိုမှော်ဆန်တဲ့ ပေးပို့မှုမျိုးလုပ်ပြခဲ့တဲ့ ဗွီဒီယိုကလစ် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားချိန်မှာတော့

ပီအက်စ်ဂျီပရိသတ်တွေ သဲသဲလှုပ်ကုန်ကြပါတယ်။ ပါရမီရှင်၊ မနောဓာတ်ပိုင်ရှင် စတဲ့ချီးမွန်းမှုတွေကြားမှာ နောက်စေ့မှာ မျက်လုံးပါတာသေချာတယ်ဆိုတဲ့ မှတ်ချက်ကတော့ လူကြိုက်အများဆုံးပါပဲ။

(zawgyi)

ပီအက္စ္ဂ်ီပရိသတ္ေတြကေတာ့ မက္ဆီရဲ႕ေနာက္ေစ့မွာ မ်က္လုံးပါေနတာပဲျဖစ္မယ္လို႔ တအံ့တၾသနဲ႔ ခ်ီးမြန္းခန္းဖြင့္ေနၾကရပါၿပီ။ အေၾကာင္းကေတာ့ ပါရီကလပ္ရဲ႕ေလ့က်င့္ကြင္းမွာ ေ႐ႊေဘာလုံးဆု စံခ်ိန္ရွင္ဟာ အမ္ဘာပီကိုမၾကည့္ဘဲ

ေဘာလုံးေနာက္ျပန္ေပးသြားခဲ့လို႔ပါ။ ပီအက္စ္ဂ်ီဟာ ဒီတစ္ပတ္မွာ လိုင္လီကြင္းကိုအလည္သြားရမွာျဖစ္ၿပီး လီဂူး-၁ အဖြင့္ ၃ ပြဲဆက္အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ပါရီမွာ ကစားခဲ့တဲ့ ပထမဆုံးရာသီအၿပီးမွာ ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕ ေ႐ႊေဘာလုံးဆု

ပဏာမ ၃၀ စာရင္းနဲ႔ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့ရတဲ့ မက္ဆီဟာ ေလ့က်င့္ကြင္းမွာ မယုံႏိုင္စရာေကာင္းတဲ့ သူ႔ရဲ႕ေဘာလုံးေမွာ္အတတ္နဲ႔ ျပဳစားႏိုင္ခဲ့တာပါ။ ႏွစ္သင္းခြဲၿပီး ေလ့က်င့္ရာမွာ အမ္ဘာပီက

မက္ဆီကို ေဘာလုံးေပးၿပီး တစ္ဖက္ကိုေျပးသြားခဲ့ပါတယ္။ ရာမို႔စ္အပါအဝင္ ေနာက္ခံလူ ၃ ေယာက္ ခ်က္ခ်င္းကပ္လာတာေၾကာင့္ မက္ဆီဟာ ေနရာက်ဥ္းက်ဥ္းေလးမွာ အခက္ေတြ႕ရေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ျပင္သစ္တိုက္စစ္မႉးက “ လီယို ” လို႔ ေအာ္ၿပီး ေဘာလုံးေတာင္းလိုက္ခ်ိန္မွာေတာ့ မက္ဆီဟာ အမ္ဘာပီ ဘယ္ေနရာမွာရွိေနတယ္ဆိုတာ ျမင္ရတဲ့အလား ဘယ္ေျခနဲ႔ပက္ေပးလိုက္တာပါ။ အမ္ဘာပီကို မၾကည့္ဘဲ အတိအက်ေပးလိုက္ႏိုင္တဲ့

အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕စေကးမ်ိဳးဟာ တကယ့္ပါရမီရွင္တစ္ဦးမွာသာ ျမင္ရႏိုင္တာမ်ိဳးလို႔လည္း ဆိုႏိုင္ပါတယ္။ က်ဥ္းထဲက်ပ္ထဲကေန အခုလိုေမွာ္ဆန္တဲ့ ေပးပို႔မႈမ်ိဳးလုပ္ျပခဲ့တဲ့ ဗြီဒီယိုကလစ္ ဆိုရွယ္မီဒီယာေပၚ ပ်ံ႕ႏွံ႔သြားခ်ိန္မွာေတာ့

ပီအက္စ္ဂ်ီပရိသတ္ေတြ သဲသဲလႈပ္ကုန္ၾကပါတယ္။ ပါရမီရွင္၊ မေနာဓာတ္ပိုင္ရွင္ စတဲ့ခ်ီးမြန္းမႈေတြၾကားမွာ ေနာက္ေစ့မွာ မ်က္လုံးပါတာေသခ်ာတယ္ဆိုတဲ့ မွတ္ခ်က္ကေတာ့ လူႀကိဳက္အမ်ားဆုံးပါပဲ။