နောက်ခံလူမက်ဂွိုင်းယားကို ငှက်ကျားဂျာစီနဲ့ မြင်တွေ့ရတော့မှာလား . .

လီဗာပူးလ်နာမည်ကျော်ကွင်းလယ်လူဟောင်း ဒန်နီမာဖီက မန်ချက်စတာယူနိုက်တက်

အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့နိုင်ခြေ
ရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက လက်စတာကနေ ယူနိုက်တက်ကို နောက်ခံလူတစ်ဦးအတွက်
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ပြောင်းရွှေ့ခဲ့သူ မက်ဂွိုင်းယားဟာ
ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီ နည်းပြ
အဲရစ်တန်ဟက်လက်အောက်မှာတော့ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်
(၄)ပွဲသာကစားခဲ့ရပါတယ်။

အဲရစ်တန်ဟက်က ခံစစ်မှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ကိုသာ အဓိက ဦးစားပေး
အသုံးပြုနေပြီး မက်ဂွိုင်းယားက ဒုတိယဦးစားပေးအဖြစ်သာ ပါဝင်ခွင့်ရနေတာပါ။

ဒန်နီမာဖီက ‘မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြ
ကစားနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း သူ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ကြပါတယ်။

အရေးကြီးတဲ့မေးခွန်းက မက်ဂွိုင်းယားတစ်ယောက် အဲရစ်တန်ဟက်ရဲ့ နည်းစနစ်တွေနဲ့
အံဝင်အောင်ကစားနိုင်ပါ့မလားဆိုတာဖြစ်ပြီး မကြာခင် အဲဒီအတွက် အဖြေထွက်လာဖို့
ရှိပါတယ်။ ပွဲထွက်ခွင့် ဆက်ပြီးပျောက်နေမယ်ဆိုရင်တော့ မက်ဂွိုင်းယားဟာ
ယူနိုက်တက်မှာ ဆက်ကစားမယ့်အနေအထားမရှိဘဲ နယူးကာဆယ်ကို ပြောင်းရွှေ့နိုင်တယ်လို့
ကျွန်တော် ထင်မိပါတယ်’ဆိုပြီး Daily Mail သတင်းစာမှာ ရေးသားခဲ့ပါတယ်။

[Zawgyi]

လီဗာပူးလ္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း ဒန္နီမာဖီက မန္ခ်က္စတာယူႏိုက္တက္
အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ နယူးကာဆယ္အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေျခ

ရွိတယ္လို႔ ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက လက္စတာကေန ယူႏိုက္တက္ကို ေနာက္ခံလူတစ္ဦးအတြက္

ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၈၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ မက္ဂြိဳင္းယားဟာ
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အသင္းမွာ ပုံမွန္ကစားခြင့္ရခဲ့ေပမယ့္ ဒီရာသီ နည္းျပ
အဲရစ္တန္ဟက္လက္ေအာက္မွာေတာ့ ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္
(၄)ပြဲသာကစားခဲ့ရပါတယ္။

အဲရစ္တန္ဟက္က ခံစစ္မွာ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းတို႔ကိုသာ အဓိက ဦးစားေပး
အသုံးျပဳေနၿပီး မက္ဂြိဳင္းယားက ဒုတိယဦးစားေပးအျဖစ္သာ ပါဝင္ခြင့္ရေနတာပါ။
ဒန္နီမာဖီက ‘မက္ဂြိဳင္းယားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ေျခစြမ္းျပ

ကစားႏိုင္ခဲ့ၿပီး ပရိသတ္ေတြကလည္း သူ႔ စြမ္းေဆာင္ရည္အေပၚ ခ်ီးက်ဴးခဲ့ၾကပါတယ္။

အေရးႀကီးတဲ့ေမးခြန္းက မက္ဂြိဳင္းယားတစ္ေယာက္ အဲရစ္တန္ဟက္ရဲ႕ နည္းစနစ္ေတြနဲ႔

အံဝင္ေအာင္ကစားႏိုင္ပါ့မလားဆိုတာျဖစ္ၿပီး မၾကာခင္ အဲဒီအတြက္ အေျဖထြက္လာဖို႔
ရွိပါတယ္။ ပြဲထြက္ခြင့္ ဆက္ၿပီးေပ်ာက္ေနမယ္ဆိုရင္ေတာ့ မက္ဂြိဳင္းယားဟာ
ယူႏိုက္တက္မွာ ဆက္ကစားမယ့္အေနအထားမရွိဘဲ နယူးကာဆယ္ကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔
ကြၽန္ေတာ္ ထင္မိပါတယ္’ဆိုၿပီး Daily Mail သတင္းစာမွာ ေရးသားခဲ့ပါတယ္။