
မန်ယူအသင်းကစားသမားတာဟစ်ချောင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက
သူ့ရဲ့နေအိမ်မှာ မျက်နှာဖုံးဝတ်လူဆိုးတွေရဲ့ဝင်ရောက်ဓားပြတိုက်ခြင်းကို
ခံခဲ့ရကြောင်း အင်္ဂလန်က The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။
၂၂ နှစ်အရွယ် အဲဒီနယ်သာလန်ကစားသမားဟာ အခုရာသီ
ချန်ပီယံရှစ်ကလပ်ဘာမင်ဂမ်မှာ အငှားသွားကစားနေတာပါ။
ဒါပေမဲ့ ရာသီအစောပိုင်းက ရခဲ့တဲ့ပေါင်ခြံဒဏ်ရာကြောင့် သူဟာ
၄ လနီးပါး အနားယူခဲ့ရပါတယ်။ ဖောက်ထွင်းဓားပြတိုက်မှုဖြစ်ပွားချိန်က
တာဟစ်ချောင်ဟာ ဂရိတ်မန်ချက်စတာအရပ်က သူ့ရဲ့နေအိမ်မှာရှိနေခဲ့တာဖြစ်ပြီး
ဒဏ်ရာရပြီလို့ နှစ်လခွဲအကြာမှာပါ။ The Sun သတင်းစာရဲ့အဆိုအရ မျက်နှာဖုံး
ဝတ်ထားတဲ့လူ ၃ ယောက်ဟာ သူအိပ်ပျော်နေချိန်ဖြစ်တဲ့ နံနက် ၃ နာရီမှာ
အိမ်ကွင်းအတွင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တာဟစ်ချောင်ကို လည်ပင်း ဓားနဲ့ထောက်ပြီး နာရီတွေနဲ့
လက်ဝတ်လက်စားတွေအပါအဝင် တန်ဖိုးရှိတာမှန်သမျှ အကုန်ထုတ်ဖို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဓားပြတွေဟာ သူ့ရဲ့အားနည်းတဲ့လုံခြုံရေးကိုတောင် လှောင်ပြောင်သွားခဲ့ကာ
အဲဒီအဖြစ်အပျက်အတွက် ကာယကံရှင်ကိုယ်တိုင်လည်း အတော်တုန်လှုပ်သွားခဲ့ပါတယ်။
ရဲခေါ်ခဲ့ပေမယ့် အာဏာပိုင်တွေက သူ့ရဲ့ဆိုရှယ်မီဒီယာဟာ ဓားပြတွေရဲ့
စောင့်ကြည့်ချင်းခံရဖွယ်ရှိတယ်လို့ တာဟစ်ချောင်ကို သတိပေးခဲ့ပါတယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာက ဇန်နဝါရီ ၁၆ ရက်နေ့ဖြစ်ပြီး
ခရစ္စမတ်နောက်ပိုင်းကတည်းက မန်ယူ ဒါမှမဟုတ် မန်စီးတီးကစားသမား
တစ်ယောက်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဓားပြတိုက်တာ ၅ ခုမြောက်ဖြစ်ခဲ့တာပါ။
အခုလအစောပိုင်းကလည်း သူ့ကလေးနှစ်ယောက်အိပ်ပျော်နေချိန် သူ့အိမ်ဟာ
ဖောက်ထွင်းခံခဲ့ရကြောင်း မန်ယူကွင်းလယ်လူပေါ့ဂ်ဘာက ဖွင့်ဟထားပါတယ်။
တာဟစ်ချောင်ရဲ့နေအိမ် ဓားပြတိုက်ခံရပြီး နောက် ၃ ရက်အကြာဖြစ်တဲ့
ဇန်နဝါရီ ၁၉ မှာလည်း မန်ယူနောက်ခံလူလင်ဒီလော့ဖ်ရဲ့နေအိမ်ဟာ ဓားပြတိုက်ခံခဲ့ရတာပါ။
အဲဒီအချိန်က သူ့အိမ်မှာ ဇနီးဖြစ်သူနဲ့အတူ ကလေးငယ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ လမှာ မန်ယူကွင်းလယ်လူလင်ဂတ်နဲ့ မန်စီးတီးနောက်ခံလူ
ကန်ဆယ်လိုတို့ရဲ့နေအိမ်တွေဟာလည်း ဓားပြတိုက်ခံခဲ့ရတာပါ။
zawgyi
ေနအိမ္မွာ လည္ပင္း ဓားနဲ႔ေထာက္ၿပီး ဓားျပတိုက္ခံရတဲ့ တာဟစ္ေခ်ာင္
မန္ယူအသင္းကစားသမားတာဟစ္ေခ်ာင္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီက
သူ႔ရဲ႕ေနအိမ္မွာ မ်က္ႏွာဖုံးဝတ္လူဆိုးေတြရဲ႕ဝင္ေရာက္ဓားျပတိုက္ျခင္းကို
ခံခဲ့ရေၾကာင္း အဂၤလန္က The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။
၂၂ ႏွစ္အ႐ြယ္ အဲဒီနယ္သာလန္ကစားသမားဟာ အခုရာသီ
ခ်န္ပီယံရွစ္ကလပ္ဘာမင္ဂမ္မွာ အငွားသြားကစားေနတာပါ။
ဒါေပမဲ့ ရာသီအေစာပိုင္းက ရခဲ့တဲ့ေပါင္ၿခံဒဏ္ရာေၾကာင့္ သူဟာ
၄ လနီးပါး အနားယူခဲ့ရပါတယ္။ ေဖာက္ထြင္းဓားျပတိုက္မႈျဖစ္ပြားခ်ိန္က
တာဟစ္ေခ်ာင္ဟာ ဂရိတ္မန္ခ်က္စတာအရပ္က သူ႔ရဲ႕ေနအိမ္မွာရွိေနခဲ့တာျဖစ္ၿပီး
ဒဏ္ရာရၿပီလို႔ ႏွစ္လခြဲအၾကာမွာပါ။ The Sun သတင္းစာရဲ႕အဆိုအရ မ်က္ႏွာဖုံး
ဝတ္ထားတဲ့လူ ၃ ေယာက္ဟာ သူအိပ္ေပ်ာ္ေနခ်ိန္ျဖစ္တဲ့ နံနက္ ၃ နာရီမွာ
အိမ္ကြင္းအတြင္းဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။
အဲဒီေနာက္ တာဟစ္ေခ်ာင္ကို လည္ပင္း ဓားနဲ႔ေထာက္ၿပီး နာရီေတြနဲ႔
လက္ဝတ္လက္စားေတြအပါအဝင္ တန္ဖိုးရွိတာမွန္သမွ် အကုန္ထုတ္ဖို႔ ေျပာခဲ့တာပါ။
ဒါ့အျပင္ ဓားျပေတြဟာ သူ႔ရဲ႕အားနည္းတဲ့လုံၿခဳံေရးကိုေတာင္ ေလွာင္ေျပာင္သြားခဲ့ကာ
အဲဒီအျဖစ္အပ်က္အတြက္ ကာယကံရွင္ကိုယ္တိုင္လည္း အေတာ္တုန္လႈပ္သြားခဲ့ပါတယ္။
ရဲေခၚခဲ့ေပမယ့္ အာဏာပိုင္ေတြက သူ႔ရဲ႕ဆိုရွယ္မီဒီယာဟာ ဓားျပေတြရဲ႕
ေစာင့္ၾကည့္ခ်င္းခံရဖြယ္ရွိတယ္လို႔ တာဟစ္ေခ်ာင္ကို သတိေပးခဲ့ပါတယ္။
အဲဒီအျဖစ္အပ်က္ ျဖစ္ပြားခဲ့တာက ဇန္နဝါရီ ၁၆ ရက္ေန႔ျဖစ္ၿပီး
ခရစၥမတ္ေနာက္ပိုင္းကတည္းက မန္ယူ ဒါမွမဟုတ္ မန္စီးတီးကစားသမား
တစ္ေယာက္ေယာက္ရဲ႕အိမ္ကို ေဖာက္ထြင္းဓားျပတိုက္တာ ၅ ခုေျမာက္ျဖစ္ခဲ့တာပါ။
အခုလအေစာပိုင္းကလည္း သူ႔ကေလးႏွစ္ေယာက္အိပ္ေပ်ာ္ေနခ်ိန္ သူ႔အိမ္ဟာ
ေဖာက္ထြင္းခံခဲ့ရေၾကာင္း မန္ယူကြင္းလယ္လူေပါ့ဂ္ဘာက ဖြင့္ဟထားပါတယ္။
တာဟစ္ေခ်ာင္ရဲ႕ေနအိမ္ ဓားျပတိုက္ခံရၿပီး ေနာက္ ၃ ရက္အၾကာျဖစ္တဲ့
ဇန္နဝါရီ ၁၉ မွာလည္း မန္ယူေနာက္ခံလူလင္ဒီေလာ့ဖ္ရဲ႕ေနအိမ္ဟာ ဓားျပတိုက္ခံခဲ့ရတာပါ။
အဲဒီအခ်ိန္က သူ႔အိမ္မွာ ဇနီးျဖစ္သူနဲ႔အတူ ကေလးငယ္ေတြလည္း ရွိေနတာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၃ လမွာ မန္ယူကြင္းလယ္လူလင္ဂတ္နဲ႔ မန္စီးတီးေနာက္ခံလူ
ကန္ဆယ္လိုတို႔ရဲ႕ေနအိမ္ေတြဟာလည္း ဓားျပတိုက္ခံခဲ့ရတာပါ။
Leave a Reply