နေမာအတွက် ထူးရှယ်ဖန်တီးပေးနိုင်ခဲ့သလို နောက်ပြန်ကန်ချက်နဲ့ဂိုးသွင်းပြီး သူဘာလဲဆိုတာ မက်ဆီပြသ

ပီအက်စ်ဂျီပရိသတ်တွေကတော့ မက်ဆီမှမက်ဆီ ဖြစ်ကုန်ကြပါပြီ။ အာဂျင်တီးနားကြယ်ပွင့်ဟာ ကလာမွန့်ကို ဂိုးပြတ်အနိုင်ရတဲ့ လီဂူး-၁ အဖွင့်ပွဲစဉ်မှာ ထူးရှယ်ခြေစွမ်းတွေ ထုတ်ပြသွားနိုင်ခဲ့လို့ပါ။

ပွဲချိန် ၈ မိနစ်မှာ နေမာက ပါရီကလပ်အတွက် အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ဖန်တီးပေးခဲ့သူက မက်ဆီပါ။ အာဂျင်တီးနားသား နောက်ပေါက်နဲ့ကွက်တိ ချပေးလိုက်တဲ့ မှော်ဆန်လွန်းတဲ့

ဖန်တီးမှုကို အားလုံးမင်သက်ခဲ့ကြရပါတယ်။ ဂယ်လ်တီယာရဲ့အသင်းအတွက် ဒုတိယဂိုးကိုတော့ နေမာ ခင်းပေးလိုက်တာကနေ ဟာကီမီက သွင်းယူပေးခဲ့တာပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ

သိပ်မကြာခင်မှာပဲ နောက်ထပ်တစ်ဂိုး ဖန်တီးပေးခဲ့ပြန်ပါတယ်။ အလွတ်တည်ကန်ဘောကနေ မာကွင်ဟော့စ် ခေါင်းတိုက်ဂိုးသွင်းနိုင်ဖို့ ကွက်တိတင်ပေးခဲ့တာပါ။ ပထမပိုင်းအပြီးမှာ ၃ ဂိုးပြတ်နိုင်နေတဲ့

ပီအက်စ်ဂျီဟာ ဒုတိယပိုင်းမှာ လူစားလဲမှုတွေလုပ်ခဲ့ပေမယ့် မက်ဆီ၊ နေမာအတွဲကိုတော့ မဖြုတ်ခဲ့ပါဘူး။ ဒါကြောင့် မက်ဆီရဲ့မြင်ရခဲတဲ့မှော်ဂိုးကို ပရိသတ်တွေ ရှုစားခွင့်ရခဲ့တာပါ။

ရွှေဘောလုံးဆုစံချိန်ရှင်ဟာ နေမာ ဖန်တီးပေးတာကနေ သူ့ရဲ့ဒုတိယဂိုးကို မိနစ် ၈၀ မှာ သွင်းနိုင်ခဲ့ပါတယ်။ နောက်ထပ် ၅ မိနစ်အကြာမှာတော့ ကွင်းလယ်လောက်ကနေ

ပါရီဒက်စ် လှမ်းမပေးလိုက်တဲ့ဘောလုံးကို ရင်ဘတ်နဲ့ဖမ်းထိန်းပြီး နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူသွားခဲ့တာပါ။ မက်ဆီရဲ့ဂိုးဟာ ဟက်ထရစ်ဖန်တီးပေးနိုင်ခဲ့တဲ့ နေမာရဲ့စွမ်းဆောင်မှုကိုကျော်လွန်ပြီး ဆိုရှယ်မီဒီယာထက်မှာ နာမည်ကြီးနေပါတော့တယ်။

(ZAWGYI)

ပီအက္စ္ဂ်ီပရိသတ္ေတြကေတာ့ မက္ဆီမွမက္ဆီ ျဖစ္ကုန္ၾကပါၿပီ။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ကလာမြန႔္ကို ဂိုးျပတ္အႏိုင္ရတဲ့ လီဂူး-၁ အဖြင့္ပြဲစဥ္မွာ ထူးရွယ္ေျခစြမ္းေတြ ထုတ္ျပသြားႏိုင္ခဲ့လို႔ပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ ေနမာက ပါရီကလပ္အတြက္ အဖြင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒီဂိုးကို ဖန္တီးေပးခဲ့သူက မက္ဆီပါ။ အာဂ်င္တီးနားသား ေနာက္ေပါက္နဲ႔ကြက္တိ ခ်ေပးလိုက္တဲ့ ေမွာ္ဆန္လြန္းတဲ့ဖန္တီးမႈကို

အားလုံးမင္သက္ခဲ့ၾကရပါတယ္။ ဂယ္လ္တီယာရဲ႕အသင္းအတြက္ ဒုတိယဂိုးကိုေတာ့ ေနမာ ခင္းေပးလိုက္တာကေန ဟာကီမီက သြင္းယူေပးခဲ့တာပါ။ ဘရာဇီးလ္တိုက္စစ္မႉးဟာ သိပ္မၾကာခင္မွာပဲ

ေနာက္ထပ္တစ္ဂိုး ဖန္တီးေပးခဲ့ျပန္ပါတယ္။ အလြတ္တည္ကန္ေဘာကေန မာကြင္ေဟာ့စ္ ေခါင္းတိုက္ဂိုးသြင္းႏိုင္ဖို႔ ကြက္တိတင္ေပးခဲ့တာပါ။ ပထမပိုင္းအၿပီးမွာ ၃ ဂိုးျပတ္ႏိုင္ေနတဲ့ ပီအက္စ္ဂ်ီဟာ

ဒုတိယပိုင္းမွာ လူစားလဲမႈေတြလုပ္ခဲ့ေပမယ့္ မက္ဆီ၊ ေနမာအတြဲကိုေတာ့ မျဖဳတ္ခဲ့ပါဘူး။ ဒါေၾကာင့္ မက္ဆီရဲ႕ျမင္ရခဲတဲ့ေမွာ္ဂိုးကို ပရိသတ္ေတြ ရႈစားခြင့္ရခဲ့တာပါ။ ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ဟာ

ေနမာ ဖန္တီးေပးတာကေန သူ႔ရဲ႕ဒုတိယဂိုးကို မိနစ္ ၈၀ မွာ သြင္းႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ ကြင္းလယ္ေလာက္ကေန ပါရီဒက္စ္ လွမ္းမေပးလိုက္တဲ့ေဘာလုံးကို ရင္ဘတ္နဲ႔ဖမ္းထိန္းၿပီး

ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပသြင္းယူသြားခဲ့တာပါ။ မက္ဆီရဲ႕ဂိုးဟာ ဟက္ထရစ္ဖန္တီးေပးႏိုင္ခဲ့တဲ့ ေနမာရဲ႕စြမ္းေဆာင္မႈကိုေက်ာ္လြန္ၿပီး ဆိုရွယ္မီဒီယာထက္မွာ နာမည္ႀကီးေနပါေတာ့တယ္။