နေမာနဲ့အမ်ဘာပီတွဲလုံးကနေ ပီအက်စ်ဂျီဂိုးရသွားတာကို ရာဘီယော့ ပြုံးပြုံးကြီးကြည့်နေခဲ့တဲ့ သက်သေထွက်လာ

နွေဈေးကွက်တုန်းက ရာဘီယော့ကိုခေါ်တော့မယ်ဆိုတဲ့ သတင်းကြားချိန်မှာ မန်ယူပရိသတ်တွေ အသည်းအသန်ကန့်ကွက်ခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဂျူဗင်တပ်မှာသာ ဆက်ရှိနေခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူဟာ

တကယ့်ပြဿနာမင်းသားဆိုတာ ပီအက်စ်ဂျီနဲ့ပွဲမှာ တစ်ကွက်ပြလိုက်ပြန်ပါပြီ။ ပါရီကလပ် ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ အဲဒီပွဲစဉ်မှာ နေမာနဲ့အမ်ဘာပီတို့တွဲလုံးကနေ ပီအက်စ်ဂျီအဖွင့်ဂိုးရခဲ့ပါတယ်။ ဒါကို ပြုံးပြုံးကြီးကြည့်နေတဲ့

ရာဘီယော့ရဲ့အမူအရာကို မျက်စိလျင်တဲ့ပရိသတ်တစ်ယောက်က အမိအရမှတ်တမ်းယူပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖွလိုက်တာပါ။ နေမာက ဂျူဗင်တပ်နောက်တန်းကိုကျော်ပြီး လှမ်းမပေးလိုက်တာကို ပြင်သစ်တိုက်စစ်မှူးက

မြေမကျကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ လှပသေသပ်ပြီး အဆင့်ရှိတဲ့ဂိုးတစ်ဂိုးဖြစ်ခဲ့ပေမယ့် ရာဘီယော့ရဲ့အပြုအမူကတော့ အိုးလ်လေဒီပရိသတ်တွေအတွက် လက်ခံနိုင်စရာ မဟုတ်ခဲ့ပါဘူးး။

ပြင်သစ်သားဟာ ၂၀၁၂ ကနေ ၂၀၁၉ အထိ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာကစားခဲ့ဖူးပြီး နေမာ၊ အမ်ဘာပီတို့နဲ့ အသင်းဖော်တွေဖြစ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ ပြိုင်ဘက်တွေဖြစ်နေတာကြောင့် ရင်သပ်ရှုမောစွာနဲ့ ကျေကျေနပ်နပ်ကြီး

ကြည့်နေပုံဟာ ဂျူဗင်တပ်ပရိသတ်တွေအတွက် ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။ “ မျက်လုံးတွေက အကြီးကြီးပဲ။ သူတို့က ဘယ်တော့မှ မလိမ်ဘူး။ ပြန်ထိုင်ပြီး ပျော်ပျော်နေလိုက်စမ်းပါ ” ၊ “ ဟာဟ .. လုံး၀ အံ့သြစရာပဲ ” စတဲ့မှတ်ချက်တွေ ရှိနေပါတယ်။

ရာဘီယော့ဟာ ၂၀၁၈ တုန်းက စပိန်သတင်းစာ Marca နဲ့ အင်တာဗျူးမှာ နေမာရော အမ်ဘာပီပါ ပီအက်စ်ဂျီမှာ အခွင့်ထူးခံကစားသမားတွေဖြစ်ပေမယ့် သူ့အတွက်တော့ စိတ်အနှောက်အယှက် မဖြစ်မိပါဘူးလို့ ပြောခဲ့ဖူးပါတယ်။

(zawgyi)

ေႏြေဈးကြက္တုန္းက ရာဘီေယာ့ကိုေခၚေတာ့မယ္ဆိုတဲ့ သတင္းၾကားခ်ိန္မွာ မန္ယူပရိသတ္ေတြ အသည္းအသန္ကန႔္ကြက္ခဲ့ၾကတာ မွတ္မိၾကဦးမယ္ထင္ပါတယ္။ ဂ်ဴဗင္တပ္မွာသာ ဆက္ရွိေနခဲ့တဲ့ ျပင္သစ္ကြင္းလယ္လူဟာ

တကယ့္ျပႆနာမင္းသားဆိုတာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တစ္ကြက္ျပလိုက္ျပန္ပါၿပီ။ ပါရီကလပ္ ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ အဲဒီပြဲစဥ္မွာ ေနမာနဲ႔အမ္ဘာပီတို႔တြဲလုံးကေန ပီအက္စ္ဂ်ီအဖြင့္ဂိုးရခဲ့ပါတယ္။ ဒါကို ၿပဳံးၿပဳံးႀကီးၾကည့္ေနတဲ့

ရာဘီေယာ့ရဲ႕အမူအရာကို မ်က္စိလ်င္တဲ့ပရိသတ္တစ္ေယာက္က အမိအရမွတ္တမ္းယူၿပီး ဆိုရွယ္မီဒီယာေပၚမွာ ဖြလိုက္တာပါ။ ေနမာက ဂ်ဴဗင္တပ္ေနာက္တန္းကိုေက်ာ္ၿပီး လွမ္းမေပးလိုက္တာကို ျပင္သစ္တိုက္စစ္မႉးက

ေျမမက်ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ လွပေသသပ္ၿပီး အဆင့္ရွိတဲ့ဂိုးတစ္ဂိုးျဖစ္ခဲ့ေပမယ့္ ရာဘီေယာ့ရဲ႕အျပဳအမူကေတာ့ အိုးလ္ေလဒီပရိသတ္ေတြအတြက္ လက္ခံႏိုင္စရာ မဟုတ္ခဲ့ပါဘူးး။ ျပင္သစ္သားဟာ ၂၀၁၂ ကေန ၂၀၁၉ အထိ

ပီအက္စ္ဂ်ီမွာ ၇ ႏွစ္ၾကာကစားခဲ့ဖူးၿပီး ေနမာ၊ အမ္ဘာပီတို႔နဲ႔ အသင္းေဖာ္ေတြျဖစ္ခဲ့ဖူးသူပါ။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ၿပိဳင္ဘက္ေတြျဖစ္ေနတာေၾကာင့္ ရင္သပ္ရႈေမာစြာနဲ႔ ေက်ေက်နပ္နပ္ႀကီး ၾကည့္ေနပုံဟာ

ဂ်ဴဗင္တပ္ပရိသတ္ေတြအတြက္ ေဝဖန္စရာျဖစ္ခဲ့ရပါတယ္။ “ မ်က္လုံးေတြက အႀကီးႀကီးပဲ။ သူတို႔က ဘယ္ေတာ့မွ မလိမ္ဘူး။ ျပန္ထိုင္ၿပီး ေပ်ာ္ေပ်ာ္ေနလိုက္စမ္းပါ ” ၊ “ ဟာဟ .. လုံး၀ အံ့ၾသစရာပဲ ” စတဲ့မွတ္ခ်က္ေတြ ရွိေနပါတယ္။

ရာဘီေယာ့ဟာ ၂၀၁၈ တုန္းက စပိန္သတင္းစာ Marca နဲ႔ အင္တာဗ်ဴးမွာ ေနမာေရာ အမ္ဘာပီပါ ပီအက္စ္ဂ်ီမွာ အခြင့္ထူးခံကစားသမားေတြျဖစ္ေပမယ့္ သူ႔အတြက္ေတာ့ စိတ္အေႏွာက္အယွက္ မျဖစ္မိပါဘူးလို႔ ေျပာခဲ့ဖူးပါတယ္။