နေမာထက် ရော်နယ်ဒိုကိုခေါ်နိုင်ဖို့သာ တူချယ်အာရုံစိုက်သင့်တယ်လို့ ချဲလ်ဆီးနောက်ခံလူဟောင်း တိုက်တွန်း

ပီအက်စ်ဂျီမှာ ဂဏန်းမငြိမ်ဖြစ်နေတဲ့နေမာနဲ့ ချဲလ်ဆီးတို့သတင်းကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ထိုက်သင့်တဲ့ကမ်းလှမ်းမှုရရင် ဘရာဇီးလ်ကြယ်ပွင့်ကို ပါရီကလပ်ထုတ်ရောင်းတော့မယ်လို့ သတင်းထွက်လာတဲ့နောက်

နည်းပြဟောင်းတူချယ်နဲ့ ချဲလ်ဆီးမှာပြန်ပေါင်းထုပ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။ တစ်ချို့ကလည်း တူချယ်အတွက်ဆို အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ ၂၀၁၉ တုန်းက နေမာပြောခဲ့ဖူးတာကို ပြန်လည်ဖေါ်ပြပြီး

နှပ်ကြောင်းပေးနေကြပါတယ်။ ဒါပေမဲ့ ဂျာမန်သားနည်းပြဟာ နေမာကိုလိုချင်မှာ မဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောလာသူတစ်ဦး ရှိနေပြန်ပါတယ်။ သူကတော့ ချဲလ်ဆီးနောက်ခံလူဟောင်း ဖရန့်လီဘော့ဖ်ပါ။

ချဲလ်ဆီးနဲ့နေမာတို့ရဲ့ ကောလာဟလတွေအပေါ် ESPN နဲ့ အင်တာဗျူးမှာ သူက သုံးသပ်သွားခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးဟာ ပီအက်စ်ဂျီတိုက်စစ်မှူးထက် မန်ယူကထွက်မယ်လို့သတင်းပြေးနေတဲ့ ရော်နယ်ဒိုကိုရဖို့သာကြိုးစားသင့်ကြောင်း

တိုက်တွန်းရွေးချယ်ပေးသွားခဲ့ပါတယ်။ “ ကျွန်တော်ကတော့ ရော်နယ်ဒိုကိုရွေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးဟာ အဆုံးသတ်ပိုင်း၊ ဂိုးရဖို့နဲ့ လက်တွေပိုကျဖို့ တစ်စုံတစ်ယောက်လိုအပ်နေလို့ပါပဲ။

နေမာကိစ္စက ဖြစ်လာမှာမဟုတ်ပါဘူး။ သူ့ကို တူချယ်လိုချင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပီအက်စ်ဂျီကို သူကိုင်တွယ်တုန်းက ပြဿနာတွေအများကြီးရှိခဲ့ဖူးလို့ပါ ” လို့ လီဘော့ဖ်က ပြောသွားခဲ့ပါတယ်။

၂၀၁၉ တုန်းက France Info နဲ့အင်တာဗျူးမှာ နေမာဟာ ကိုင်တွယ်ရခက်တဲ့ကစားသမားမျိုးလို့ တူချယ်ပြောခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် နေမာဟာ ပါရမီရှင်တစ်ယောက်၊ အားထားရတဲ့ကစားသမားတစ်ယောက်ဆိုတဲ့ ပုံစံမျိုးကို အမြဲတမ်းမပြဘူးလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီမွာ ဂဏန္းမၿငိမ္ျဖစ္ေနတဲ့ေနမာနဲ႔ ခ်ဲလ္ဆီးတို႔သတင္းကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ထိုက္သင့္တဲ့ကမ္းလွမ္းမႈရရင္ ဘရာဇီးလ္ၾကယ္ပြင့္ကို ပါရီကလပ္ထုတ္ေရာင္းေတာ့မယ္လို႔ သတင္းထြက္လာတဲ့ေနာက္

နည္းျပေဟာင္းတူခ်ယ္နဲ႔ ခ်ဲလ္ဆီးမွာျပန္ေပါင္းထုပ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြရွိေနတာပါ။ တစ္ခ်ိဳ႕ကလည္း တူခ်ယ္အတြက္ဆို အေကာင္းဆုံးႀကိဳးစားမယ္ဆိုတဲ့ ၂၀၁၉ တုန္းက ေနမာေျပာခဲ့ဖူးတာကို ျပန္လည္ေဖၚျပၿပီး ႏွပ္ေၾကာင္းေပးေနၾကပါတယ္။

ဒါေပမဲ့ ဂ်ာမန္သားနည္းျပဟာ ေနမာကိုလိုခ်င္မွာ မဟုတ္ဘူးလို႔ ရဲရဲဝံ့ဝံ့ထုတ္ေျပာလာသူတစ္ဦး ရွိေနျပန္ပါတယ္။ သူကေတာ့ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖရန႔္လီေဘာ့ဖ္ပါ။

ခ်ဲလ္ဆီးနဲ႔ေနမာတို႔ရဲ႕ ေကာလာဟလေတြအေပၚ ESPN နဲ႔ အင္တာဗ်ဴးမွာ သူက သုံးသပ္သြားခဲ့ပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉးထက္ မန္ယူကထြက္မယ္လို႔သတင္းေျပးေနတဲ့ ေရာ္နယ္ဒိုကိုရဖို႔သာႀကိဳးစားသင့္ေၾကာင္း တိုက္တြန္းေ႐ြးခ်ယ္ေပးသြားခဲ့ပါတယ္။

“ ကြၽန္ေတာ္ကေတာ့ ေရာ္နယ္ဒိုကိုေ႐ြးမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဲလ္ဆီးဟာ အဆုံးသတ္ပိုင္း၊ ဂိုးရဖို႔နဲ႔ လက္ေတြပိုက်ဖို႔ တစ္စုံတစ္ေယာက္လိုအပ္ေနလို႔ပါပဲ။ ေနမာကိစၥက ျဖစ္လာမွာမဟုတ္ပါဘူး။

သူ႔ကို တူခ်ယ္လိုခ်င္လိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ပီအက္စ္ဂ်ီကို သူကိုင္တြယ္တုန္းက ျပႆနာေတြအမ်ားႀကီးရွိခဲ့ဖူးလို႔ပါ ” လို႔ လီေဘာ့ဖ္က ေျပာသြားခဲ့ပါတယ္။

၂၀၁၉ တုန္းက France Info နဲ႔အင္တာဗ်ဴးမွာ ေနမာဟာ ကိုင္တြယ္ရခက္တဲ့ကစားသမားမ်ိဳးလို႔ တူခ်ယ္ေျပာခဲ့ဖူးပါတယ္။ တစ္နည္းအားျဖင့္ ေနမာဟာ ပါရမီရွင္တစ္ေယာက္၊ အားထားရတဲ့ကစားသမားတစ္ေယာက္ဆိုတဲ့ ပုံစံမ်ိဳးကို အၿမဲတမ္းမျပဘူးလို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။