နေမာက အမ်ဘာပီကို ဂရုမစိုက်တာလား .. အမ်ဘာပီက နေမာနဲ့ မတွဲချင်တာလား

ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးဗွီဒီယိုဖိုင်တစ်ခု ပေါက်ကြားလာတာကြောင့် ပရိသတ်တွေခေါင်းစားနေကြပါတယ်။ ပါရီအခြေစိုက်ကလပ်မှာ နွေရာသီအားလပ်ရက်က ပြန်ရောက်လာကြတဲ့

ကြယ်ပွင့်တွေ စုံသလောက်ဖြစ်နေပါပြီ။ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့အပါအဝင်ပေါ့။ နည်းပြနဲ့အားကစားဒါရိုက်တာ အပြောင်းအလဲလုပ်ထားတဲ့အသင်းကို ပရိသတ်တွေကလည်း

အများကြီးမျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အသင်းမှာ ဖြေရှင်းရမယ့်ပြဿနာတွေ ကျန်နေသေးတယ်ဆိုတာ ဒီဗွီဒီယိုဖိုင်ကသက်သေပြနေတယ်လို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။

ပုံမှန်လေ့ကျင့်ရေးတစ်ခုဖြစ်တဲ့ ကစားသမားနှစ်ယောက် လက်တွေချိတ်ပြီး အတွဲလိုက်ပြေးထွက်ရတဲ့ လေ့ကျင့်ခန်းမှာ အငြင်းပွားစရာဖြစ်ခဲ့တာပါ။

အမ်ဘာပီက နေမာနဲ့တွဲဖက်လေ့ကျင့်ဖို့ လက်ကမ်းလိုက်ပေမယ့် ဘရာဇီးလ်သားက ဂရုမစိုက်တဲ့ပုံစံပေါက်နေပါတယ်။ နောက်တော့ ပြင်သစ်တိုက်စစ်မှူးဟာ နည်းပြတစ်ယောက်နဲ့လေ့ကျင့်ခဲ့ပြီး

နေမာကတော့ အနားရောက်လာတဲ့ မက်ဆီလက်ကိုဆွဲပြေးခဲ့တာပါ။ ဒါကြောင့် နေမာဟာ အမ်ဘာပီကို လျစ်လျူရှုခဲ့တာဖြစ်ပြီး အသင်းသားတွေရဲ့အကွဲအပြဲသတင်းတွေကို

စောင့်ကြည့်ဖို့လိုမယ်ဆိုတဲ့မှတ်ချက်တွေ တွစ်တာမှာထွက်ပေါ်နေပါတယ်။ အသင်းနဲ့စာချုပ်သစ်အရ အထူးအခွင့်အရေးရထားတဲ့ အမ်ဘာပီဟာ နေမာကို

ရောင်းထုတ်စေချင်နေတယ်ဆိုတဲ့သတင်းကလည်း ထွက်ခဲ့ဖူးတာကြောင့် ပိုပြီးပွဲဆူခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကစပြီး မက်ဆီနဲ့နေမာတို့ရဲ့ ညီအကိုတွေလိုချစ်ကြတဲ့ ဆက်ဆံရေးကလည်း

ရှိခဲ့ဖူးတော့ တိုက်စစ်မှူး ၃ ဦးကြားမှာ အက်ကြောင်းစနေပြီလားလို့လည်း သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ အမ်ဘာပီဟာ နေမာကို လက်ကမ်းတာမဟုတ်ဘဲ နည်းပြကိုစောင့်နေတာပါလို့ ဆိုကြပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီအသင္းရဲ႕ ရာသီႀကိဳေလ့က်င့္ေရးဗြီဒီယိုဖိုင္တစ္ခု ေပါက္ၾကားလာတာေၾကာင့္ ပရိသတ္ေတြေခါင္းစားေနၾကပါတယ္။ ပါရီအေျခစိုက္ကလပ္မွာ ေႏြရာသီအားလပ္ရက္က ျပန္ေရာက္လာၾကတဲ့

ၾကယ္ပြင့္ေတြ စုံသေလာက္ျဖစ္ေနပါၿပီ။ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီတို႔အပါအဝင္ေပါ့။ နည္းျပနဲ႔အားကစားဒါ႐ိုက္တာ အေျပာင္းအလဲလုပ္ထားတဲ့အသင္းကို ပရိသတ္ေတြကလည္း အမ်ားႀကီးေမွ်ာ္လင့္ေနၾကပါတယ္။

ဒါေပမဲ့ အသင္းမွာ ေျဖရွင္းရမယ့္ျပႆနာေတြ က်န္ေနေသးတယ္ဆိုတာ ဒီဗြီဒီယိုဖိုင္ကသက္ေသျပေနတယ္လို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ ပုံမွန္ေလ့က်င့္ေရးတစ္ခုျဖစ္တဲ့ ကစားသမားႏွစ္ေယာက္

လက္ေတြခ်ိတ္ၿပီး အတြဲလိုက္ေျပးထြက္ရတဲ့ ေလ့က်င့္ခန္းမွာ အျငင္းပြားစရာျဖစ္ခဲ့တာပါ။ အမ္ဘာပီက ေနမာနဲ႔တြဲဖက္ေလ့က်င့္ဖို႔ လက္ကမ္းလိုက္ေပမယ့္ ဘရာဇီးလ္သားက ဂ႐ုမစိုက္တဲ့ပုံစံေပါက္ေနပါတယ္။

ေနာက္ေတာ့ ျပင္သစ္တိုက္စစ္မႉးဟာ နည္းျပတစ္ေယာက္နဲ႔ေလ့က်င့္ခဲ့ၿပီး ေနမာကေတာ့ အနားေရာက္လာတဲ့ မက္ဆီလက္ကိုဆြဲေျပးခဲ့တာပါ။ ဒါေၾကာင့္ ေနမာဟာ အမ္ဘာပီကို လ်စ္လ်ဴရႈခဲ့တာျဖစ္ၿပီး

အသင္းသားေတြရဲ႕အကြဲအၿပဲသတင္းေတြကို ေစာင့္ၾကည့္ဖို႔လိုမယ္ဆိုတဲ့မွတ္ခ်က္ေတြ တြစ္တာမွာထြက္ေပၚေနပါတယ္။ အသင္းနဲ႔စာခ်ဳပ္သစ္အရ အထူးအခြင့္အေရးရထားတဲ့ အမ္ဘာပီဟာ

ေနမာကို ေရာင္းထုတ္ေစခ်င္ေနတယ္ဆိုတဲ့သတင္းကလည္း ထြက္ခဲ့ဖူးတာေၾကာင့္ ပိုၿပီးပြဲဆူခဲ့ပါတယ္။ ဒါ့အျပင္ ဘာစီလိုနာကစၿပီး မက္ဆီနဲ႔ေနမာတို႔ရဲ႕ ညီအကိုေတြလိုခ်စ္ၾကတဲ့ ဆက္ဆံေရးကလည္းရွိခဲ့ဖူးေတာ့

တိုက္စစ္မႉး ၃ ဦးၾကားမွာ အက္ေၾကာင္းစေနၿပီလားလို႔လည္း သုံးသပ္ေနၾကပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ကေတာ့ အမ္ဘာပီဟာ ေနမာကို လက္ကမ္းတာမဟုတ္ဘဲ နည္းျပကိုေစာင့္ေနတာပါလို႔ ဆိုၾကပါတယ္။