နေမာကိုခေါ်ဖို့ ပီအက်စ်ဂျီကမ်းလှမ်းတာကို ဂွါဒီယိုလာ ဘာကြောင့် အကျောက်အကန် ငြင်းဆန်ခဲ့တာလဲ

နွေဈေးကွက်ပိတ်ကာနီးမှာ နေမာကိုခေါ်ယူဖို့ ပီအက်စ်ဂျီက ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဒီနွေဈေးကွက်မှာ ပရီးမီးယားလိဂ်ရောက်လာလိမ့်မယ်လို့

သတင်းတွေထွက်ခဲ့သူပါ။ အထူးသဖြင့် ချဲလ်ဆီးကို ပြောင်းရွှေ့လိမ့်မယ်လို့ ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ Marca သတင်းစာကတော့ မန်စီးတီးဟာ အသက် ၃၀ အရွယ်တိုက်စစ်မှူးကို ခေါ်ယူနိုင်မယ့်အခွင့်အရေးရပေမယ့်

ပယ်ချခဲ့တယ်လို့ ဖေါ်ပြပါတယ်။ နေမာဟာ လီဂူး-၁ ရာသီအဖွင့်မှာ ခြေစွမ်းပြနေပေမယ့် အသင်းဖော်အမ်ဘာပီနဲ့ ဆက်ဆံရေးတင်းမာမှုကြောင့် ပီအက်စ်ဂျီက ရောင်းချချင်ခဲ့တာလို့လည်း ရေးသားထားပါတယ်။

ဒါပေမဲ့ မန်စီးတီးကတော့ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့် အဝတ်လဲခန်းပြဿနာတွေနဲ့ အသင်းရဲ့လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်တဲ့သူမျိုးကို မလိုချင်ခဲ့ဘူးလို့လည်းဆိုပါတယ်။ နောက်ထပ် စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Sport ကတော့

နည်းပြဂွါဒီယိုလာက နေမာကိုခေါ်ယူဖို့ အကျောက်အကန်ငြင်းခဲ့တာလို့ ရေးသားထားပါတယ်။ သူ့ရဲ့အဝတ်လဲခန်းမှာ မကောင်းတဲ့အငွေ့အသက်တွေ လွှမ်းခြုံမှာကို စပိန်သားနည်းပြ မလိုလားဘူးလို့လည်း ဖေါ်ပြထားပါတယ်။

ပါရီကလပ်မှာ နေမာနဲ့ အမ်ဘာပီတို့ကြား တင်းမာမှုကလည်း တစ်သင်းတည်းမှာဆက်ရှိနေရင် အဆင်ပြေပါတော့မလားလို့တောင် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နည်းပြဂယ်လ်တီယာက ပြင်သစ်တိုက်စစ်မှူးဟာ

ပင်နယ်တီကန်ဖို့ ဦးစားပေး နံပါတ်တစ်လို့ အတည်ပြုပေးထားပေမယ့် နေမာက လိုက်နာခြင်းမရှိပါဘူး။ ဒါဟာ အမ်ဘာပီကို တစ်ပတ် ပေါင် ၁ သန်းတန် စာချုပ်သစ်နဲ့ အထူးအခွင့်အရေးတွေပေးခဲ့တာရဲ့အကျိုးဆက်ပဲလို့ လေ့လာသူတွေကတော့ သုံးသပ်နေကြပါတယ်။

(zawgyi)

ေႏြေဈးကြက္ပိတ္ကာနီးမွာ ေနမာကိုေခၚယူဖို႔ ပီအက္စ္ဂ်ီက ကမ္းလွမ္းခဲ့ေပမယ့္ မန္စီးတီးက ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဒီေႏြေဈးကြက္မွာ ပရီးမီးယားလိဂ္ေရာက္လာလိမ့္မယ္လို႔ သတင္းေတြထြက္ခဲ့သူပါ။

အထူးသျဖင့္ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ေရပန္းစားခဲ့ပါတယ္။ ဒါေပမဲ့ Marca သတင္းစာကေတာ့ မန္စီးတီးဟာ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးကို ေခၚယူႏိုင္မယ့္အခြင့္အေရးရေပမယ့္ ပယ္ခ်ခဲ့တယ္လို႔ ေဖၚျပပါတယ္။

ေနမာဟာ လီဂူး-၁ ရာသီအဖြင့္မွာ ေျခစြမ္းျပေနေပမယ့္ အသင္းေဖာ္အမ္ဘာပီနဲ႔ ဆက္ဆံေရးတင္းမာမႈေၾကာင့္ ပီအက္စ္ဂ်ီက ေရာင္းခ်ခ်င္ခဲ့တာလို႔လည္း ေရးသားထားပါတယ္။ ဒါေပမဲ့ မန္စီးတီးကေတာ့

အရည္အေသြးရွိတဲ့ ကစားသမားျဖစ္ေပမယ့္ အဝတ္လဲခန္းျပႆနာေတြနဲ႔ အသင္းရဲ႕လုပ္ငန္းစဥ္ကို ထိခိုက္လာႏိုင္တဲ့သူမ်ိဳးကို မလိုခ်င္ခဲ့ဘူးလို႔လည္းဆိုပါတယ္။ ေနာက္ထပ္ စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Sport ကေတာ့

နည္းျပဂြါဒီယိုလာက ေနမာကိုေခၚယူဖို႔ အေက်ာက္အကန္ျငင္းခဲ့တာလို႔ ေရးသားထားပါတယ္။ သူ႔ရဲ႕အဝတ္လဲခန္းမွာ မေကာင္းတဲ့အေငြ႕အသက္ေတြ လႊမ္းၿခဳံမွာကို စပိန္သားနည္းျပ မလိုလားဘူးလို႔လည္း

ေဖၚျပထားပါတယ္။ ပါရီကလပ္မွာ ေနမာနဲ႔ အမ္ဘာပီတို႔ၾကား တင္းမာမႈကလည္း တစ္သင္းတည္းမွာဆက္ရွိေနရင္ အဆင္ေျပပါေတာ့မလားလို႔ေတာင္ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ နည္းျပဂယ္လ္တီယာက

ျပင္သစ္တိုက္စစ္မႉးဟာ ပင္နယ္တီကန္ဖို႔ ဦးစားေပး နံပါတ္တစ္လို႔ အတည္ျပဳေပးထားေပမယ့္ ေနမာက လိုက္နာျခင္းမရွိပါဘူး။ ဒါဟာ အမ္ဘာပီကို တစ္ပတ္ ေပါင္ ၁ သန္းတန္ စာခ်ဳပ္သစ္နဲ႔ အထူးအခြင့္အေရးေတြေပးခဲ့တာရဲ႕အက်ိဳးဆက္ပဲလို႔ ေလ့လာသူေတြကေတာ့ သုံးသပ္ေနၾကပါတယ္။